မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / နိုင်းပြိုင်ရွာတွင် အိမ်ခုနှစ်လုံး မီးလောင်မှုဖြစ်ပွား

နိုင်းပြိုင်ရွာတွင် အိမ်ခုနှစ်လုံး မီးလောင်မှုဖြစ်ပွား

ရေးသားသူ:

မွန်ပြည်နယ်၊ မုဒုံမြို့နယ်ရှိ နိုင်းပြိုင်ရွာ၌ ဒီဇင်ဘာ ၃၀ ရက်နေ့ နံနက်စောစော ၁ နာရီမထိုးမီအချိန်ခန့် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ်ခုနှစ်အိမ် မီးလောင်ဆုံးရှုံးခဲ့ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

နိုင်ပြိုင်ရွာ ၊ရပ်ကွက်(၁၀)၊ ရွာလယ်ပိုင်း ရုပ်ရှင်ရုံးလမ်းနေ အသက် ၇၄ နှစ်အရွယ်ရှိ ဒေါ်တင်စိန်၏ မီးဖိုမှစတင်လောင်းကျွမ်းသည်ဟုယူဆပြီး ကာလတန်ဖိုး သိန်းရာကျော်ရှိသောနေအိမ် ၇ လုံးနှင့် စပါးတင်း ၂၀ဝ၀ ကျော်ရှိသော စပါးကျီ ၃ လုံးလည်းဆုံရှုံးခဲ့ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ညိုထွန်းဦးက ဆိုသည်။

နိုင်းပြိုင်ရွာ မီးလောင်မှု(MNA)
နိုင်းပြိုင်ရွာ မီးလောင်မှု(MNA)
သူက “၁၂ နာရီ ၅ မိနစ်လောက်မှာ စလောင်တယ် ၁၂ နာရီ ၁၀ မိနစ်လောက်မှာ ကျွန်တော်တို့ ရောက်လာတယ်၊ အဲဒီအချိန်မှာတော့ မီးက သိပ်မလောင်သေးဘူး၊ ဒါပေမယ့် မီးကူးတာက အရမ်းမြန်တယ်၊ ၁၅ မိနစ်လောက်ကို နောက်တစ်အိမ်ကူးသွားတာပဲ အဲဒီလိုပဲ လောင်နေလိုက်တာ တစ်နာရီအတွင်းမှာ ဒီအိမ် ၇ အိမ်လုံး မီးထဲပါသွားတာပဲ” ဟု ပြောသည်။

မီးလောင်မှုတွင် ဒေါ်တင်စိန်သည် မီးခိုးမွှန်အသက်ရှုကြပ် (မစိုးရိမ်ရ)ဖြင့် မုဒုံမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးဝါးကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

အဆိုပါမီးလောင်ရာသို့ မုဒုံမြို့၊ ကမာဝက်မြို့၊ ကျွန်းရွာ၊ ကလော့သော့၊ မြိုင်သာယာ (မော်လမြိုင်) မီးသတ်ဋ္ဌာနတို့မှ မီးသတ်ကားဆယ်စီးခန့် လာရောက်မီးငြိမ်းသတ်ပေးခဲ့ရာ သုံးနာရီခန့်အချိန်တွင် မီးငြိမ်းသွားကြောင်းသိရသည်။

“လောင်တာက အိပ်ပျော်နေတဲ့အချိန်ဆိုတော့ သတိမထားမိဘူးပေါ့၊ လောင်တာမှ အများကြီးပဲ လူတွေလည်းဝိုင်းကူမီးငြိမ်းပေးကြပါတယ်၊ ၂ နာရီလောက်မှာ မီးအရှိန်ကျသွားတယ်၊ မီးငြိမ်းသတ်နေတာတော့ မိုးလင်းတဲ့အထိပေါ့” ဟု ယင်းမီးလောင်သည့်နေအိမ်မျက်နှာချင်းဆိုင်အိမ်ရှိ ဒေါ်မငယ်က ပြောသည်။

အဆိုပါ နိုင်းပြိုင်ရွာသည် ကိုယ်ထူကိုယ်ထမီးသတ်ယာဉ် ဝယ်ယူရန် ဈေးနှုန်းညှိနှိုင်းထားပြီးဖြစ်သော်လည်း ကျေးရွာဘုရားပွဲပြီးမှသာ ငွေပေးချေဝယ်ယူမည် ဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှုး၏ ပြောကြားချက်အရ သိရသည်။

မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှစ၍ ယခု နိုဝင်ဘာလအထိစုစုပေါင်း မီးလောင်ကျွမ်းမှု ၅၆ ကြိမ်ဖြစ် ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးငွေကျပ်သိန်းနှစ်ရာကျော်ခန့်ရှိခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုအများစုမှာ မီးဖိုမီးကြွင်းမီးကျန်မှလည်းကောင်း ၊လျှပ်စစ်ပစ္စည်းကိရိယာများ အပူလွန်ကဲရာမှလည်းကောင်း အများဆုံးဖြစ်ပွားခဲ့သည်ဟု ပြည်နယ်မီးသတ်ဦးစီးမှုးရုံးမှ သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရပ်ရွာအေးချမ်းသာယာစေရေး လူမှုရေးပြဿနာများကိုဖြေရှင်းပေးသင့်

ဒီမိုကရေစီစနစ်ကို လေ့ကျင့်ပြုစုပျိုးထောင်နေသော လက်ရှိမြန်မာနိုင်ငံတွင် အရာအရာတိုင်းမှာ အစိုးရ၏ဝိုင်းဝန်းပံ့ပိုးမှုကိုသာ မှီခိုအားထားနေလို့မသင့်ပါ၊ ဒီမိုကရေစီစနစ်အရ ပုဂ္ဂလိကတာဝန်ပိုင်းမှာ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် တာဝန်သိတတ်မှုကို အလေးထားကာ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြဿနာဖြစ်လာပါက အတူတကွ …

Leave a Reply

%d bloggers like this: