spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမြောက်ပိုင်းမဟာမိတ်တိုက်ပွဲကိစ္စ အစိုးရတပ်မတော်အပေါ် မူတည်နေဟု UNFC ပြော

    မြောက်ပိုင်းမဟာမိတ်တိုက်ပွဲကိစ္စ အစိုးရတပ်မတော်အပေါ် မူတည်နေဟု UNFC ပြော

    -

    တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အပါအဝင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ (၄)ဖွဲ့နှင့် အစိုးရတပ် မတော်တို့အကြားဖြစ်ပွားနေသည့်တိုက်ပွဲများကိစ္စသည် အစိုးရတပ်မတော်အပေါ်မှာ မူတည်နေကြောင်း UNFC ဒုတိယ ဥက္ကဌ နိုင်ဟံသာက နိုဝင်ဘာ၂ ရက်နေ့တွင် မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ‘အခုဖြစ်နေတဲ့ တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်မတော်တို့ ဖြစ်နေတဲ့တိုက်ပွဲဟာ အစိုး ရတပ်မတော်ဘက်က တိုင်းရင်းသားနယ်မြေကိုကျူးကျော်ထိုးစစ်ဆင်လာတာကို ခုခံတဲ့သဘောနဲ့ စစ် ဖြစ်လာတာပါ၊ တကယ်လို့အစိုးရတပ်မတော်ဘက်က ထိုးစစ်တွေရပ်စဲမယ်ဆိုရင် ဒီလိုစစ်ပွဲဖြစ်လာ စရာအကြောင်းမရှိဘူး၊ ဒါကြောင့် ဒီငြိမ်းချမ်းရေးလမ်းစဉ်ကို ဘယ်ဘက်ကို ဦးတည်းနေလဲဆိုတာ အစိုးရတပ်မတော်အပေါ်ကသာ မူတည်နေတယ်” ဟု နိုင်ဟံသာက ပြောသည်။
    မြောက်ပိုင်းဒေသတိုက်ပွဲရပ်တန့်ရေးအတွက် တရုတ်အစိုးရစီစဉ်မှုဖြင့် ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ဒီဇင်ဘာ ၂ ရက်နေ့က အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့တွေ့ဆုံမည့်အစီအစဉ်တွင် အစိုးရဘက်က တဖွဲ့ချင်းစီသာ တွေ့ဆုံမည်ဆိုသောကြောင့် ဆွေးနွေးပွဲပျက်ခဲ့သည်ဟု သိရသည်။

    ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်စစ်အင်အားဖြည့်နေပုံ(ကုမုဒြာ)
    ရှမ်းပြည်နယ်မြောက်ပိုင်း တပ်မတော်စစ်အင်အားဖြည့်နေပုံ(ကုမုဒြာ)
    “ငြိမ်းချမ်းရေးစာပွဲဝိုင်းမှာသာ အမြန်ဆွေးနွေးနိုင်ဖို့ အစိုးရဘက်ကရော၊ ကျွန်တော်တို့ဘက်ကရော ကမ်းလှမ်းထားတာရှိပါတယ်၊ ဒီတခါတော့ ပြည်တွင်းမှာမတွေ့တော့ဘဲနဲ့ ပြည်ပမှာတွေ့ဖို့ စီစဉ်နေတယ်၊ ဒါပေမဲ့ ဘယ်နေ့တွေ့မယ်ဆိုတာ ရက်အတိအကျကတော့ အဖြေ မသိရသေးဘူး၊ ဒီစစ်ပွဲဟာ တကယ်လို့ အစိုးရတပ်မတော်က ထပ်ပြီးဒီစစ်ပွဲကိုပဲ တိုင်းရင်းသားတပ်တွေကို ဖိအားအ အလုံးအရင်းနဲ့ ပြန်တိုက်နေမယ်ဆိုရင်ပေါ့နော် ဒီငြိမ်းချမ်းရေးဆွေးနွေးရေးဖြစ်စဉ်ဟာ အများကြီးထိ ခိုက်လာ နိုင်ဖွယ်ရှိတယ်’ ဟု UNFC နိုင်ဟံသာက ဆိုသည်။

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ဗဟိုအလုပ် မှုဆောင်ကော်မတီတိုးချဲ့အစည်းအဝေးက UNFC ၏တတိယအကြိမ်ညီလာခံကို ၂၀၁၆ နှစ်ကုန်တွင် ကျင်းပရမည်ဖြစ်သော်လည်း မြောက်ပိုင်းဒေသတိုက်ပွဲအခြေအနေကြောင့် ညီလာခံကို ယာယီရွှေ့ဆိုင်းထားသည်ဟု သိရသည်။

    တဖက်တွင်လည်း နိုဝင်ဘာ ၂ ရက်နေ့တွင် ကျင်းပသည့်ပြည်သူ့လွှတ်တော်အစည်းအဝေး၌ မြောက်ပိုင်းဒေသတိုက်ပွဲနှင့်ပတ်သက်၍ အရေးကြီးအဆိုတစ်ရပ်တင်သွင်းခဲ့ရာ နိုင်ငံအချုပ်အခြာအာဏာ၊ တည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များထိခိုက်စေခြင်း၊ အပြစ်မဲ့အရပ်သားများအား အကြောင်းမဲ့သေကြေဒဏ်ရာရစေခြင်း၊ စစ်ဘက်ပစ်မှတ် မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ ယာဉ်များ ဖျက်ဆီးခြင်း၊ ပြည်သူ့တို့ရဲ့ စီးပွားဥစ္စာ ပျက်စီး စေခြင်းတို့ကြောင့် KIA၊ TNLA၊ MNDAA နဲ့ AA အဖွဲ့တို့အား အကြမ်းဖက်အဖွဲ့များအဖြစ် လွှတ်တော်မှ သတ်မှတ်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက တင်ပြဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်အများစုကန့်ကွက်မဲကြောင့် မှတ်တမ်းအဖြစ်သာထားရှိခဲ့ရခြင်း ဖြစ်သည်။

    မြန်မာပြည် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၌ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်တွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အစည်းများဖြစ်သော ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့်အဖွဲ့(MNDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြာက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ပေါင်း၍ ရှမ်းပြည်မြောက်ပိုင်းမူ ဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် အပါအဝင် အစိုးရ လုံခြုံ ရေးတပ် စခန်းများကို ဝင်ရောက်တိုက်ခိုက်ရာ တပ်မတော်နှင့် ယင်းအဖွဲ့များအကြား ယနေ့အချိန်ထိ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။

    အဆိုပါဒေသတွင် နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်ထိ အစိုးရတပ်စခန်းများ တိုက်ခိုက်ခံရမှု ၃၁ ကြိမ်၊ ချီတက်စဉ် တိုက်ခိုက်ခံရမှု အကြိမ် ၂၀၊ နယ်မြေရှင်းလင်းစဉ် တိုက်ပွဲဖြစ်ပွားမှု အကြိမ် ၅၀၊ မိုင်းဖြင့်တိုက်ခိုက်ခံရမှု ကိုးကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်သားအချို့ သေဆုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ယင်းကာလအတွင်း၌ လမ်းတံတား ဖျက်ဆီးခံရမှု ခုနစ်ကြိမ်၊ လမ်းကြောင်းပိတ်ဆို့မှု ခုနစ်ကြိမ်၊ မြို့ရွာများနှောင့်ယှက် ပစ်ခတ်ခံရမှု ခုနစ်ကြိမ်၊ မြို့ရွာများမှာ မိုင်းထောင်ဖောက်ခွဲမှု ခုနစ်ကြိမ်၊ အရပ်သားနှင့် ဝန်ထမ်းများ ဖမ်းဆီးသတ်ဖြတ်ခံရမှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသမီးသုံးဦး အပါအဝင် ၁၀ ဦး သေဆုံးကာ အမျိုးသမီး ၁၁ ဦးအပါအဝင် ၃၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အရပ်သားပိုင် ယာဉ်ခြောက်စီး ဖျက်ဆီးခံရကာ စုစုပေါင်းကျပ်သိန်း ၅၀ဝ၀ ကျော် ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်ထောင်စုလမ်းမကြီးရှိ တံတားခြောက်စင်း ဖျက်ဆီးခံရပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၇၉၀ ပျက်စီးဆုံးရှုံးခဲ့ရကာ လမ်းပန်းဆက်သွယ်မှုများ နှောင့်နှေးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်းက ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts