spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းနှင့် တွေ့ဆုံးမေးမြန်းခြင်း

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်းနှင့် တွေ့ဆုံးမေးမြန်းခြင်း

    -

    မူးယစ်ဆေးဝါးပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသူ မွန်ပြည်နယ် အမှတ်(၅) မဲဆန္ဒနယ်(သံဖြူဇရပ်မြို့နယ်) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် “ဒေါ်မြတ်သီတာထွန်း” အား သတင်းထောက် “မင်းလယီဂွန်း” တွေ့ဆုံ မေးမြန်းချက်ဖြစ်ပါသည်။

    မင်းလယီဂွန်း။ ။မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးအနာဂတ်လူငယ်တို့ရဲ့ဘဝလှပဖို့အတွက် ဆရာမအနေနဲ့ ဘယ်လိုဆောင်ရွက်ပေးနေပါသလဲ။
    ဖြေ။ ။မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ကျမတို့ နိူင်ငံမှာကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေတယ် သုံးစွဲသူတွေရောရောင်းဝယ်ဖောက်ကားတဲ့ သူတွေရောသံဖြူဇရပ်မှာလဲများတယ် သံဖြူဇရပ်ကတော့ နယ်စပ်နဲ့နီးတဲ့အတွက် ပိုပြီးတော့ ဒါတွေကိုတွေ့နေရတယ်။ ကျမကကိုယ်စားလှယ် မဖြစ်ခင်ကတည်းက ဒီဟာတွေစိတ်ဝင်စားနေခဲ့တယ် ကိုယ့်မှာသာလုပ်ခွင့်ရမယ်ဆိုရင် ဒီအပိုင်းတွေကိုဦးစားပေးပြီး လုပ်ပေးမယ်လို့ စိတ်ကူးရှိခဲ့တယ်။
    ၂၀၁၅ ရွေးကောက်ပွဲတုန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နေပြီးတော့ အမျိုးသားလွှတ်ကိုယ်စားလှယ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တယ်။ အဲမှာလဲကျမရွာတွေကိုဆင်းပြီးတော့ မဲဆွယ်စည်းရုံးတဲ့အခါမှာလူငယ်တွေအတွက်ဆိုရင် နံပါတ် ၁ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးလုပ်ပေးမယ်လို့လဲရွေးကောက်ပွဲမှာကတိတွေပေးခဲ့တယ်။

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း(Facebook)
    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြတ်သီတာထွန်း(Facebook)
    မင်းလယီဂွန်း။ ။ဟုတ်ကဲ့ပါ အခုဆရာမအနေနဲ့ကလဲ ကိုယ်စားလှယ်ဖြစ်သွားပြီးဆိုတော့ ဆရာမပေးထားတဲ့ ကတိအတိုင်းဆောင်ရွက်မှုအပိုင်းမှာရောဘယ်လိုရှိနေလဲ။
    ဖြေ။ ။အခုကိုယ်စားလှယ်တွေဖြစ်သွားပြီး လွှတ်တော်ထဲရောက်သွားအခါကျတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ လုပ်ဖို့အစီအစည်းရှိတယ်ဆိုတော့ ကံကောင်းခြင်းက ရှမ်းပြည်နယ်ကအမှတ် ၃ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကသူတို့ရှမ်းပြည်နယ်မြောက်ပိုင်း မူးယစ်ဆေးဝါးကျယ် ကျယ်ပြန့်ပြန့်ဖြစ်နေတာကို အရှိန်အဟုန်မြှင့် တိုက်ဖျက်ဖို့ဆိုပြီးတော့ ပြည်ထောင်စုလွှတ်တော်မှာ အဆိုတင်လိုက်ပြီး ကျမတို့ကကိုယ်စားလှယ်တွေကလဲ ဝိုင်းဝန်းစဉ်စားပြီးတော့ ဖြစ်နေတာက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ ဖြစ်နေတဲ့အတွက်ကြောင့် အဆိုရှင်နဲ့ဆွေးနွေးပြီးတော့ ရှမ်းပြည်နယ်မြောက်ပိ်ုင်းတခွင်ကနေပြီးတော့ မြန်မာနိုင်ငံတစ်ဝှမ်းလုံးဆိုပြီးတော့ စာသားတွေပြောင်း လိုက်တယ် ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ်လိုက်ကျတော့ အဲဒီအဆိုအောင်မြင် သွားတယ်။ အောင်မြင်သွားပြီးဆိုတော့ တာဝန်ရှိတာက ပြည်ထဲရေးဝန်ကြီးဌာနပေါ့နော် ဒါကိုမဖြစ်မနေ အရှိန်အဟုန်မြင့်တိုက်ဖျက်မယ်။

    မင်းလယီဂွန်း။ ။အခုဆိုရင် သံဖြူဇရပ်မြို့နယ်မှာမူးယစ်ဆေးစွဲလူငယ်တွေ ဆရာမတို့ ဘယ်တွေများလုပ်ပေးတာရှိပါသလဲ။
    ဖြေ။ ။အခုကျမကသံဖြူဇရပ်မှာ ဒါတွေကိုစိတ်ဝင်စားတဲ့ မိဘတွေနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပြီးတော့ ၂၀၁၆ အောက်တိုဘာလ ၃၁ ရက်နေ့စပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာပဲ မြို့နယ်မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ကျမတို့ကိုယ်စားလှယ် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂ ဦးပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အစည်းအဝေးတစ်ရက်ထိုင်လိုက်တယ် အရင်ဦးဆုံးဆေးစွဲတဲ့လူငယ်တွေကို ဆေးဖြတ်တဲ့အလုပ်တွေ လုပ်ပေးမယ်ဆိုပြီးတော့ ဆေးဖြတ်တဲ့သူတွေကရဲတပ်ဖွဲ့ဆိုရင် ကြောက်တယ် မြို့နယ်အုပ်ချုပ်ရေး အပိုင်းဆိုရင် သူတို့မဆက်ဆံရဲဘူးအဲတော့ ကြားထဲကနေပြီးတော့ ကျမအပါအဝင် ကိုယ်စားလှယ် ၂ ဦး၊ သူ တို့ယုံကြည်ပြီးအရပ်ဖက်ခေါင်းဆောင်တွေပဲဖြစ်ဖြစ် ဆက်သွယ်ရင် အဆင်ပြေမယ်လို့ထင်ပြီးကိုယ်စား လှယ် ၂ ဦးနာမည်ရယ်၊ အရပ်ဖက်အဖွဲ့အစည်းခေါင်းဆောင်ရဲ့ နာမည်တွေရယ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဖုန်းနံပါတ်ရယ် ကျမတို့ ပိုစတာတွေထောင်လိုက်တယ်။ နောက်ပြီးတော့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေတယ် အဲကနေစပြီးတော့ လုပ်လိုက်တာအခုဆိုရင် တစ်လ မပြည့်သေးပါဘူး။

    မင်းလယီဂွန်း။ ။ဟုတ်ကဲ့ပါ အခုဆရာမတို့ ဆောင်ရွက်ပြီးတဲ့ အတောအတွင်းမှာဆေးဖြတ်တဲ့လူနာတွေ ဘယ်နှယောက်လောက် ရှိနေပြီးလဲ။
    ဖြေ။ ။တစ်လတောင်မပြည့်သေးဘူးဒီအတောအတွင်းမှာဆေးဖြတ်ချင်တဲ့ ၃ ယောက် ရနေပြီ၊ အဲ ၃ ယောက်ထဲမှာ ၂ ယောက်ကတော့ တကယ့်အဓိကကျတဲ့ လူနာတွေ၊ ဆေးဝါးလောကနဲ့ အများကြီးဆက်ဆံ ရှိတယ်။ ကျမတို့ဆောင်ရွက်အတိုင်းအတာအောင်မြင်နေတယ်လို့လဲ မြင်ပါတယ်။

    မင်းလယီဂွန်း။ ။ဆေးလာဖြတ်ချင်တဲ့ လူနာတွေ ဘယ်လိုပံ့ပိုးမှုတွေပေးနေသလဲ။ နောက်ပြီးသူတို့ဘက်က ပြန်လည်ထူထောင်ရေးဆိုတဲ့ အခွင့်အရေးတွေကိုရောဆရာမတို့ အနေနဲ့ ဘယ်လိုမျိုးဆောင်ရွက်ပေး နေပါသလဲ။
    ဖြေ။ ။ဆေးဖြတ်လူနာတွေကို သူတို့ဆေးဖြတ်ချင်ဆိုလို့ရှိရင် ကျမတို့ဆီဆက်သွယ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးစီမှာ မှတ်ပုံတင်ဖို့ကိစ္စတွေဆောင်ရွက်မယ်။ အဲလူနာကငွေရေးကြေးရေး မတတ်နိူင်ဘူးဆိုရင်၊ လုံးဝသူ့မှာ မရှိဘူးဆိုရင် ကျမတို့ကနေပြီးတော့ ဒီမော်လမြိုင်မြို့ကိုလာရတဲ့ခရီးစရိတ် ပြန်ဖို့အတွက်ခရီးစရိတ် ပို့ကြိုပေးတယ်၊ ဆေးဝါးခတွေကိုလဲပေးတယ်။ ကျမတို့ လူကိုယ်တိုင်လာပို့ပေးတယ်၊ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းနဲ့ ချိတ်ဆက်ပေးတယ်။ နောက်ပြီး နှစ်ပတ်တစ်ခါ လာပြရမယ်ဆိုရင်လဲ လာပြဖို့အတွက်ကို သူတို့နဲ့ အချိတ်အဆက်မပျက်ဖို့အတွက်ကို လုပ်ပေးမှာဖြစ်ပါတယ်။
    မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ ၁၉၉၃ ခုနှစ် ဥပဒေထဲမှာဆိုရင် ပထမဦးဆုံးဆေးဖြတ်ချင်တဲ့လူနာလိုလိုလားလားနဲ့ဆေးဖြတ်ချင်ဆိုရင် နံပါတ် ၁ အဖမ်းမခံရဘူး၊ ပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှု အစိုးရကနေပြီးတော့ လုပ်ပေးရမယ့် အခွင့်အရေးတွေရှိတယ်။ နောက်ထပ် ပြန်လည်းထူထောင်ရေးအပိုင်းကျတော့ သူတို့ဆီမှာလဲအခွင့်အရေးတွေရှိတယ်၊ ဒါပေမယ့် ကျမတို့ နိုင်ငံရဲ့အခြေအနေအရ ဘတ်ဂျက်အခြေအနေအရ ထူထောင်အပိုင်းတွေကိုကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်သေးဘူး။ အဲအတွက် ကျမတို့လဲ ကြိုးစားနေပါတယ်၊ လွှတ်တော်မှာလဲ ဒီမေးခွန်းတွေကိုမေးဖို့ရှိတယ်လို့ မေးခွန်းတွေ ကြိုပြောလို့မရသေးတဲ့အတွက် နောက်မှပြောပါ့မယ်။

    မင်းလယီဂွန်း။ ။မွန်သတင်းအေဂျင်စီကို ဘာများဖြည့်စွပ်ပြီးပြောချင်ပါသလဲ။
    ဖြေ။ ။ကျမတို့ကလဲ ရှေ့ဆက်ပြီးတော့ ဆေးဖြတ်တဲ့အလုပ်တွေကိုလုပ်ပေးသွားမယ် ပညာပေးပေါ့နော် မိဘတွေကကိုယ့်သား/သမီးတွေ ဆေးသုံးရင် ပတ်ဝန်းကျင်တွေ သိသွားရင်ရှက်တယ် အဖမ်းခံရမှာကိုလဲစိုးရိမ်မှုတွေရှိနေတယ် ဒါတွေကမှားနေတယ်ဆိုတာကိုသိလာစေရန် စည်းရုံးဖို့ ဟောပြောဖို့ရှိတယ်။ နောက်ဆုံးပြောချင်တာကသတင်းဌာနအနေနဲ့ ကျမတို့ ကိုယ်စားလှယ်တွေကိုလုပ်နေတာဆိုတာထက် ပြည်သူတွေကဒါတွေကိုလုပ်ဖို့ လိုတယ်တကယ်တော့ မူးယစ်ဆေးဝါးကိစ္စကသုံးစွဲတဲ့သူတစ်ယောက်ထဲ ပြဿနာမဟုတ်ဘူးမိသားစုပတ်ဝန်းကျင် ရပ်ကွက်ရဲ့ ပြဿနာတွေလဲပါတယ် အစိုးရတွေအနေနဲ့ အလုပ်စရာတွေ အရမ်းများနေတော့ ပြည်သူတွေကလဲဒီဘက်ဝိုင်းဝန်းကူညီဖို့ လိုတယ်လိုပြောချင်ပါတယ်။
    မွန်ပြည်နယ်တွင် သီးသန့်မူးယစ်ဆေးဝါးဆေးကုသဆောင် ဆောက်လုပ်ဖို့အတွက် မြေနေရာယာထားတာရှိပြီး ဆေးရုံဆောက်လုပ်ဖို့အတွက် နေပြည်တော်ကိုသွားပြီး ကျန်းမာရေးဝန်းကြီးဌာန ပြည်ထဲရေးဝန်းကြီးဌာနနဲ့ ဆွေးနွးဖို့ အစီအစဉ်ရှိပါတယ်။

    မင်းလယီဂွန်း။ ။ ဟုတ်ကဲ့ အခုလိုဖြေကြားပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts