spot_img
Wednesday, April 24, 2024
More
    spot_img
    Homeမေးမြန်းချက်ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးချုပ်နှင့် ဆက်သွယ်မေးမြန်းချက်

    ရက္ခိုင့်တပ်မတော် AA စစ်ဦးစီးချုပ်နှင့် ဆက်သွယ်မေးမြန်းချက်

    -

    ရခိုင်ပြည်နယ် မောင်တောမြို ့နယ်အတွင်းရှိ အမှတ်(၁)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ဒေသ(၂) နယ်မြေ (၅)၊ ငါးခူရနယ်မြေရုံး တို့အား RSO လက်နက်ကိုင်အဖွဲ့ ဝင်ရောက် တိုက်ခိုက်သည့်ဖြစ်စဉ် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့ နံနက်စောစောပိုင်းက ဖြစ်ပွားခဲ့သည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော် (AA) ဥက္ကဌ/စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ကို မွန်သတင်းအေဂျင်စီ MNA အလွတ်တန်းသတင်းတောက် ချစ်မင်းထွန်း အောက်တိုဘာ ၉ ရက်နေ့ ည ၉ နာရီကျော်တွင် ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။

    MNA ။ ။ ယခု ရခိုင်မှာ (နယ်စပ်လုံခြုံရေး လက်နက်တိုက်ကို RSO က ဝင်ရောက်တိုက်ခိုက်) တိုက် ခိုက်ခံရတာ နှင့် ပတ်သက်ပြီး ဗိုလ်မှူးချုပ် အနေနဲ့ ဘယ်လို မြင်ပါသလဲ။

    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ သဘောထား အမြင်တော့ ကျွန်တော် များများ မပေးလိုပါဘူး၊ ဖြစ်နေ တဲ့ အခြေအနေပေါ်မှာဘဲ ကျွန်တော်တို့ ဘယ်လို ဆက်ပြီး ဖြစ်မလဲ။အစိုးရဘက်ကကော ဘယ်လို လုပ်ပြီးမှ ကိုင်တွယ်မှာလဲဆိုတာကို ကျွန်တော်တို့ အနီးကပ် စောင့်ကြည့်လေ့လာနေတယ်။ ဖြစ်လာတဲ့ အခြေအနေပေါ်မှာလည်း ကျွန်တော်တို့ သတိထားပြီး တုန့်ပြန်သင့်သလိုပေါ့ သတိနဲ့ ရပ်တည်ပြီးတော့ ကြည့်နေပါတယ်။

     AA စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်(ယာ) -MNA
    AA စစ်ဦးစီးချုပ်ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင်(ယာ) -MNA
    MNA ။ ။ အခုဖြစ်နေတဲ့ (ရခိုင် နယ်စပ်လုံခြုံရေး လက်နက်တိုက် တိုက်ခိုက်ခံရတဲ့) ကိစ္စက လက်ရှိ အခြေအနေထက် ဆိုးဝါးလာမယ်ဆိုရင် ဗိုလ်မှူးချုပ်တို့ အနေနဲ့ ဘယ်လိုမျိုး ရပ်တည်သွားဖို့ ရှိပါ သလဲ။

    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ အစိုးရဘက်ကလည်း သူတို့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်ကို မှန်မှန်ကန်ကန်နဲ့ လုပ်ဖို့ လို တာပေါ့လေ။ ကျွန်တော်တို့ အဓိက တွက်တာကတော့ ဘင်္ဂလီဘက်က လုပ်တာကတော့ သူတို့က (ဘင်္ဂလီ) သူတို့အနေအထားရှိတာကို သို့သော်လည်း ကျွန်တော်တို့ ရခိုင်လူမျိုးတွေဟာ ကြားမှာ ညှပ်ပြီးမှ ဒုက္ခ မရောက်ဖို့က ကျွန်တော်တို့ ပိုဂရုစိုက်ရတယ်လေ။

    အဲ့ဒီအပေါ်မှာ ဘယ်လို အဆိုးအကွဲတွေဖြစ်လာမလဲ။ဘယ်လို ပုံစံမျိုးနဲ့ဆိုရင် အဆင်ပြေနိုင်မလဲဆိုတာကို ကျွန်တော်တို့ ဂရုတစိုက်ပါဘဲ။ ကျန်တဲ့ ပြည်သူလူထုကိုလည်း စိတ်မလောဖို့ပေါ့။သွေးမကြီးဖို့ တစ်ခါ တစ်လေ ကိုယ်က အစိုးရိမ် လွန်ပြီးမှ ခံစားချက်တွေနဲ့ လုပ်လိုက်တဲ့ အပြုအမူတွေကြောင့် မှားယွင်းတာတွေ ရှိနိုင်တယ်လေ။ အဲဒါမျိုးတွေ မဖြစ်လာဖို့ ကျွန်တော်တို့ စာတွေ ဘာတွေ ထုတ်ပြန်ထားတယ်။

    MNA ။ ။ အခုဆိုရင် တချို ့တွေက ဝေဖန်နေကြတယ်ပေါ့နော်။ AA က ဘာကြောင့် ဒီလိုကိစ္စတွေမှာ လက်ရှောင်နေလဲဆိုပြီးတော့ ဝေဖန်ပြောဆိုနေတာတွေရှိနေတယ်ဗျာ။ အဲ့ဒီ အပေါ်မှာကော ဗိုလ်မှူးချုပ် အနေနဲ့ ဘယ်လိုမျိုး မက်ဆေ့စ် ပေးချင်ပါသလဲ။

    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ ဒီကိစ္စက AA ကို လက်ရှောင်နေတယ်လို့ ပြောတာက မဆီမဆိုင် ဆွဲထည့်တာပါ အဲ့ဒါက လေ။နယ်စပ်မှာက အဲ့ဒီနေရာတွေက နယ်ခြားစောင့်တပ်တွေရဲ ့ အစိုးရတပ်တွေက အဓိက လုံခြုံရေးယူထား တယ်။ သူတို့က လုံခြုံရေးနဲ့ပတ်သက်ရင် နယ်မြေအတွက်ကော လူထုအတွက်ကော တာဝန်အရှိဆုံးပါ။ ကျွန်တော်တို့ကတော့ အဲဒီ ခွင်မှာ လှုပ်ရှားနေတာ မဟုတ်ဘူး။ကျွန်တော်တို့က တခြား ခွင်ပေါ့နော်။အဲဒီမှာ လှုပ်ရှားတဲ့ ခွင်လည်းမတူဘူး။ ပြီးရင် တချို ့ကျတော့ ကုလားပြဿနာမှာ ကျွန်တော်တို့ကို ဆွဲထည့်ပြီးတော့ အဲဒီအရှုပ်ထည့်မှာ နိုင်ငံရေးအရ ဝင်္ကပါထဲ ရောက်လာအောင် ဆွဲထည့်ချင်တဲ့ လူတွေက ပြောတာများပါတယ်။
    ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ ရခိုင်လူမျိုးထဲက ပြောတာ သိပ်မရှိဘူးဗျာ။ အဲဒါတွေ အဲဒါကို ပြောလေ့ ပြောထ ရှိတာက ဒီမြန်မာ အစိုးရတပ်ကို ထောက်ခံနေတဲ့သူတွေ ပြောလေ့ ပြောထ စကားဖြစ်ပါ တယ်။

    MNA ။ ။ အခု ဖြစ်နေတဲ့ ကိစ္စတွေ ထက်ပြီး မဖြစ်လာအောင်ဆိုရင် အစိုးရဘက်က ဘယ်လို မျိုး ဖြေ ရှင်း သင့်သလဲ၊ ဘယ်လို လုံခြုံရေးတွေ ယူသင့်တယ်လို့ မြင်ပါသလဲ။

    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ ဒီကိစ္စကို အရှိန်မမြှင့်လာဖို့လို့ ပြောတာထက် ဒီကိစ္စကို ဒီအခြေအနေဖြစ်လာပြီးဆိုရင်တော့ သူတို့က( အစိုးရ) လည်း လုပ်သင့် လုပ်ထိုက်တာတော့ လုပ်ရတော့မှာဘဲ။အကုန်လုံးက ဒါကို နားလည်ပြီး သား ဖြစ်ပါတယ်။ အရှိန်ကတော့ မြှင့်ရတော့မှာဘဲလေ ဒီအခြေအနေဖြစ်လာရင်တော့ ဒီလိုမျိုး မဖြစ်အောင် ဆိုရင်တော့ ကျွန်တော်တို့ လုပ်လို့ ရတဲ့ နည်းလမ်းတွေ အများကြီးပါ။

    အခုက လက်နက်တွေကို ရာချီပြီးမှ ထားတဲ့ ဂိုဒေါင်တွေရှိတဲ့ စခန်းတွေရဲ ့လုံခြုံရေးက အစ ဒီလောက်အထိ လျော့ရဲတယ်။ သူတို့ကဘဲ (ဘင်္ဂလီ) ဒီအတိုင်း အတာအထိ ဓါး၊လှံတွေ ကိုင်ပြီးမှ ဝင်ထွက်လို့ ရနေတယ်ဆို တဲ့ကတည်းက သာမန်လုံခြုံရေး အားနည်းတယ်ဆိုတာထက် သူတို့နဲ့ဘယ်အတိုင်းအတာအထိ လက်ပွန်း တတီး ရှိနေတယ်ဆိုတဲ့ အနေအထားတွေလည်း သုံးသပ်လို့ရပါတယ်။

    ကျွန်တော်တို့ ရခိုင်ပြည်မှာ AA ကို တားဆီးဖို့ ဆိုပြီးမှ လမ်းပြတွေ ခေါ်တဲ့အခါမှာလည်း လမ်းပြတွေမှာ ဘင်္ဂလီတွေကို ခေါ်သုံးတာလည်း တွေ့တယ်။ သတင်းပေးတွေ နောက် သူတို့ စီးပွားရေး လုပ်ဖော် ကိုင်ဖက် တွေ အများကြီး ရှိနေကြတယ်။ အဲဒီ အနေအထားမှာ မယုံသင့်တဲ့လူတွေကို ယုံမိတာလည်း ဖြစ်မယ်။

    ပြီးရင် တချို ့ကိစ္စတွေမှာ ကျွန်တော်တို့ တခြားအနေအထားတွေလည်းရှိတယ်။ အခု မြန်မာနိုင်ငံမှာ ပြည် တွင်း စစ်က ငြိမ်းချမ်းရေး လုပ်နေရင်းနဲ့ အခြေအနေက ပိုဆိုးလာတယ်။အဲဒီ အနေအထားမှာ မတည်ငြိမ်မှု တွေကို နည်းလမ်းတမျိုးနဲ့ ပြဿနာ အသစ်တွေကိုများ မီးမွှေးနေသလားဆိုတဲ့ ဟာကိုလည်း ကျွန်တော်တို့ စဉ်းစား စရာ တစ်ခုအနေနဲ့ ကျွန်တော်တို့ သုံးသပ်ထားတာလည်း ရှိတယ်။

    ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တော်လှန်ရေးအဖွဲ့အစည်းတွေ အများကြီးရှိတယ်။အခုလိုမျိုး လက်နက်ရာချီပြီးမှ ဆုံးရှုံးသွားတယ်။ တုတ်၊ဓါး ကိုင်ထားတဲ့ လူတွေဆီမှာ ပါသွားတယ်ဆိုတာ သမိုင်းမှာ သိပ်မရှိဘူးပေါ့နော်။ ဒါမျိုး အင်မတန်မှ ဖြစ်ခဲတယ်။ဒါတွေ ဖြစ်လာနေတယ် ဒီအတောအတွင်းမှာ ဒါကြောင့် ဒါနိုင်ငံရေးရဲ ့ လှည့်ကွက်တွေလား ဒါစဉ်းစားစရာတွေလည်းရှိနေပါတယ်။ သာမန်အမြင်မှာတော့ မပေါ်ဘူး ပေါ့။ ဒါမဲ့ သေချာ သုံးသပ်ရင်လည်း ဖြစ်နိုင်ချေတွေလည်းရှိတယ်။

    ဘာကြောင့်လဲဆိုတော့ ဒီနှစ် ဒီလိုမျိုး ပြဿနာဖြစ်ခဲ့ပြီးဆိုရင် စစ်တပ်က အလုံးအရင်းနဲ့လိုက်ရှာရတော့မယ် ။ ပိတ်ဆို့ရေးတွေ လုပ်ရတော့မယ်။အခု သူတို့ဘက်က တုန့်ပြန်မှုတွေက ရဲတပ်ရင်း သုံးရင်းလောက် ပို့လာ တယ်။ တခြား ဒေသဆိုင်ရာ အခြေချ တပ်တွေကိုတော့ နည်းနည်းပါးပါး ပိတ်ဆို့ရေး လုပ်တာတော့ ရှိတာ ပေါ့။သို့သော် ဒီလောက်ဖြစ်နေတာကို တကယ် ဖိဖိစီးစီး ကိုင်တွယ်မယ်ဆိုရင် ဥပမာ စစ်တပ်တွေလည်း အများကြီး ပို့ပြီးမှ သေချာ နယ်စပ်တွေကို ချက်ချင်း လှုပ်ရှားရတော့မယ်၊ အဲဒီလောက်ထိ လှုပ်ရှား ရွေ့လျား မှုတွေ သိပ်ပြီးတော့ မတွေ့သေးဘူး။ဒါကြောင့် ကျွန်တော်တို့ ဆက်ပြီးမှ စောင့်ကြည့်နေတယ်။ ဒါဘာလဲဆိုတာကို။

    MNA ။ ။ အခု ပြဿနာဖြစ်ပြီးနောက် နယ်စပ်လုံခြုံရေး နဲ့ ပတ်သက်ပြီးတော့ ဗိုလ်မှူးချုပ် အနေနဲ့ ဘာများ အကြံပြု ပြောကြားလိုသလဲ။

    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ ဒါကတော့ ကျွန်တော်တို့ တချို ့ကိစ္စတွေကြတော့ အခု ပြောဖို့ စောပါသေးတယ်။ နယ်စပ် ကိစ္စကတော့ ကျွန်တော်တို့ တာဝန်ယူထားတာ မဟုတ်သေးဘူးပေါ့လေနော်။ ကျွန်တော်တို့ တာဝန်ယူတဲ့ အခါမှ ဘာလုပ်မယ်ဆိုတာကို သိပါတယ်။ သူတို့ (တပ်မတော်)တာဝန်ယူထားတဲ့အခါကျတော့ သူတို့ လုပ်ပါစေပေါ့။

    MNA ။ ။ အခု ကချင်မှာကော၊ ရှမ်းမြောက်မှာကော တိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ ဒီ ရခိုင်မှာ အခု လို တဆက်တည်း ဒီလို ပြဿနာပေါ်ပေါက်လာတယ်ဆိုတာက သဘောရိုးဖြစ်နိုင်လား။ တခြား နိုင်ငံရေး လှည့်ကွက်အနေနဲ့ အသုံးပြုတာလား။ ဗိုလ်မှူးချုပ် အနေနဲ့ကော ဘယ်လို မြင်ပါသလဲ။

    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ စောစောက ပြောသလိုဘဲ ဖြစ်နိုင်ချေက နှစ်ခု ရှိတယ်။အဲ့ ဘင်္ဂလီတွေက ရုပ်တရပ် ထပြီးမှ လုပ်တာက တိုက်ဆိုင်မှုလည်းဖြစ်နိုင်တယ်ပေါ့လေ။ရှမ်းမြောက်က လှုပ်ရှားမှုနဲ့ သို့သော် ဒုတိယ ဖြစ်နိုင်ချေ တစ်ခုကတော့ စောစောပြောသလိုဘဲ နိုင်ငံရေး၊စစ်ရေး မတည်ငြိမ်မှုတွေကို ဖန်တီးတာပေါ့လေ။

    အဲ့ဒီ အတည်ငြိမ်မှုတွေက တဆင့် နိုင်ငံရေး သြဇာ အာဏာ တည်ဆောက်လိုတဲ့ လူတချို ့ကများ နောက်ကွယ်ကနေ မသန့်ရှင်းတဲ့ နိုင်ငံရေး ကစားကွက်တွေလားဆိုတာလည်း ပြောရခက်နေတယ်။ ဒါကြောင့် အခုလိုမျိုး အခြေအနေမျိုးကို ဘယ်လို တုန့်ပြန်မှုမျိုးလုပ်လဲ။ဘယ်လို ဆက်ဖြစ်မလည်းဆိုတာကို ဖြစ်ပေါ်လာတဲ့အနေထားပေါ် ကြည့်ပြီးမှပြောလို့ရမယ်ပေါ့နော်။

    MNA ။ ။ ဟုတ်ကဲ့ အခု ကျွန်တော်မေးတာနဲ့ပတ်သက်ပြီး နောက်ဆုံးပေါ့ ဗိုလ်မှူးချုပ် အနေနဲ့ ဘာများ ဖြည့်စွက် ပြောလိုပါသေးလဲ ခင်ဗျာ။
    ဗိုလ်မှူးချုပ် ထွန်းမြတ်နိုင် ။ ။ ကျွန်တော်ကတော့ ကျွန်တော်တို့ ရခိုင်လူထုပေါ့ အစိုးရိမ်မလွန်ကြဖို့ ခံစားချက်တွေ ဦးစား ပေးပြီးမှ နိုင်ငံရေး လှည့်ကွက်ထဲမှာ ကြားညှပ်တဲ့ သားကောင်မဖြစ်ဖို့အတွက် အထူး သတိထားဖို့လိုတယ်လို့ ကျွန်တော်မှာချင်ပါတယ်။ကျွန်တော်တို့ ရက္ခိုင့်တပ်မတော် အနေနဲ့လည်း အရင်ကဆိုရင် ကျွန်တော်တို့ အဝေးကြီးမှာနေခဲ့တယ်။ ကျွန်တော်တို့ ရခိုင်လူမျိုးတွေကိုပါ ဆွဲထည့်ပြီးတော့မှ အရမ်း ထိခိုက်အောင် လုပ်မယ်ဆိုရင် ကျွန်တော်တို့လည်း တက်နိုင်တဲ့ ဘက်က ကာကွယ်ဖို့ ကြိုးစားရမှာပါဘဲ။ အဲ့လို ပြောချင်ပါ တယ်။

    MNA-အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts