spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် လက်နက်နှင့်ရွှေထည်ပစ္စည်း ငွေသားအမြောက်အများပါဖမ်းဆီးမိ

    ဘုရားသုံးဆူမြို့တွင် လက်နက်နှင့်ရွှေထည်ပစ္စည်း ငွေသားအမြောက်အများပါဖမ်းဆီးမိ

    -

    ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် သြဂုတ် ၁၈ ရက်နေ့ နံနက်စောစောပိုင်း၌ နယ်မြေခံတပ်ရင်းနှင့် ရဲတပ်ဖွဲ့တို့က မူးယစ်ဆေးဝါးရောင်းဝယ်သည့်ကျောစောသတင်းရှိသူ ၂ ဦးနေအိမ်အား ဝင်ရောက်ရှာဖွေရာ လက်နက်နှင့်အတူ တရားမဝင်ယူဆရသော ရွှေထည်နှင့် ငွေသားအမြောက်အများပါ ဖမ်းဆီးရမိသည်ဟု သိရသည်။

    ဘုရားသုံးဆူမြို့၊ အမှတ် ၂ ရပ်ကွက်၊ ဥဒေါင်းကန် ၈ လမ်းရှိ အောင်ခိုင်ဦး (ခ) ကတုံး (၃၉နှစ်) နေအိမ်အား နံနက် ၆ နာရီ အချိန်ခန့်တွင် ဝင်ရောက်ရှာဖွေရာ အဆိုပါနေအိမ်အတွင်းမှ ရိုင်ဖယ်သေနတ် ၁ လက်၊ ၉ မမပစ္စတို ၁ လက်၊ ပွိုင့် ၂၂ စနိုက်ပါတပ် ၁ လက်၊ M-16 ကျည် (၇၀ဝ) တောင့်၊ M-67 လက်ပစ်ဗုံး ၁ လုံး၊ ထိုင်းဘတ်ငွေ ၁၂,၂၈၄,ဝ၀ဝိ/-(တစ်ရာ့နှစ်ဆယ့်နှစ်သိန်းရှစ်သောင်းလေးထောင်ဘတ်)၊ မြန်မာငွေစက္ကူ ၅,၇၇၅,ဝ၀ဝိ/- (ငါးဆယ်ခုနှစ်သိန်း ခုနှစ်သောင်းငါးထောင်ကျပ်)၊ အရွယ်အစားအမျိုးမျိုးရှိ ရွှေတုံး (၁၁၃) တုံးနှင့် ရွှေထည်ပစ္စည်း အမျိုးအစားမျိုးစုံပါ (၄၅၃၄)ဂရမ် (ရွှေအရည်အသွေး ၉၆.၅%ရှိ အလေးချိန် ၁၅.၃၆၆ ပိဿာ) စုစုပေါင်းကာလတန်းဖိုးကျပ် (၁၅၇၈၉၆၃၀ဝ၀ိ/-) (ကျပ်သန်းတစ်ထောင်ငါးရာခုနှစ်ဆယ်ရှစ်သန်းကိုးသိန်းခြောင်းသောင်းသုံးထောင်)ကျပ် တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook စာမျက်နှာတွင် သတင်းဖော်ပြထားသည်။

    အောင်ခိုင်ဦး (ခ) ကတုံး(ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook)
    အောင်ခိုင်ဦး (ခ) ကတုံး(ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook)
    မျိုးနိုင်ဦး(ခ)ပြာလောင် (ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook)
    မျိုးနိုင်ဦး(ခ)ပြာလောင် (ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook)

    တဆက်တည်းတွင်ပင် ဘုရားသုံးဆူမြို့၊ အမှတ် (၄)ရပ်ကွက်၊ ကရင်စုကွက်သစ်နေ မျိုးနိုင်ဦး(ခ)ပြာလောင် (ခ )စောက်ရမ်း(၃၂-နှစ်)၏ မွှေးမွှေးသစ်စက်အတွင်းရှိ နေအိမ်တွင် နံနက် (၈)နာရီ (၄၅)မိနစ်အချိန်တွင် ဆက်လက်ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ပွိုင့် ၂၂ သေနတ် ၁ လက်၊ M ၁၆ ပြောင်းတို ၁ လက်၊ ၉ မမပစ္စတို ၁ လက်၊ ဂတ်စ်ပစ္စတို သေနတ် ၁ လက်၊ ကိုးလုံးကျည်ပြောင်းချော ၁ လက်၊ ဒေသန္တရ လုပ်သေနတ် ၁ လက်၊ တူမီး ၁ လက်၊ M-26 လက်ပစ်ဗုံး ၁ လုံးအား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိသည်ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့ Facebook သတင်းတွင် ဆက်လက်ဖော်ပြထားသည်။

    “အခု ဖမ်းဆီးမိတဲ့ သဇင်ဦး တည်းခိုခန်းပိုင်ရှင် ဂတုံးရော ငြိမ်းချမ်းရေး PC ဗိုလ်လက်ကိုင်တပည့် ပြာလောင်ပါ မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ကျောစောသတင်းရှိနေတာတော့ အမှန်ပဲ၊ အခုလည်း မူးယစ်ဆေးဝါးတွေကို မမိပါဘူး” ဟု အမည်မဖော်လို ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။

    လက်နက်ခဲယမ်းများအားလက်ဝယ်ထားရှိသူ အောင်ခိုင်ဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ)၁၄/၂၀၁၆ ဖြင့်၄င်း၊ မျိုးနိုင်ဦးအား ဘုရားသုံးဆူနယ်မြေရဲစခန်း (ပ) ၁၅/၂၀၁၆ ဖြင့်၄င်း လက်နက် (ယာယီ)ဥပဒေပုဒ်မ ၁၉-စဖြင့် အမှုဖွင့် အရေးယူထားရပြီး သြဂုတ် ၁၉ ရက်နေ့တွင် ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်းသို့ လွှဲပြောင်းပေးလိုက်ပြီဟု သိရသည်။

    အလားတူ ပြီးခဲ့သည် သြဂုတ် ၁၃ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့အနီး ရွာသစ်ကျေးရွာနေ နိုင်ဝင်းအောင်နှင့်ဇနီး မရွှေမိ နေအိမ်တွင် အိုက်စ် ၄၂ ဒသမ ၃ ဂရမ်၊ M 16 သေနတ် ၃ လက်၊ SEA HAWK ပွိုင့် ၄၅ ပစ္စတိုသေနတ်တစ်လက်၊ ပွိုင့် ၃၂ ပစ္စတိုသေနတ်တစ်လက်၊ M-16 ကျည် ၅ ထောင် တောင့်ကျော်နှင့် လက်ပစ်ဗုံးတစ်လုံးတို့ကို ဘုရားသုံးဆူ နယ်မြေခံတပ်နှင့် ရဲတပ်ဖွဲ့တို့ ရှာဖွေဖမ်းဆီးရမိသည့်သတင်းကို ဖော်ပြခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts