spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းပြည်ထောင်စုမှခွဲထွက်ရေးကို မည်သည့်တိုင်းရင်းသားမှတောင်းဆိုခြင်းမရှိဟု နိုင်ဟံသာပြော

    ပြည်ထောင်စုမှခွဲထွက်ရေးကို မည်သည့်တိုင်းရင်းသားမှတောင်းဆိုခြင်းမရှိဟု နိုင်ဟံသာပြော

    -

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုမှခွဲထွက်ရေးကို မည်သူမှတောင်းဆိုခြင်းမရှိဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC ဒုဥက္ကဌ နိုင်ဟံသာက မိုင်ဂျာယန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    KIO ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ်၊ မိုင်ဂျာယန်မြို့၌ ကျင်းပလျက်ရှိသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ဒုတိယနေ့(ဇူလိုင် ၂၇ ) တွင် နိုင်ဟံသာက ထိုသို့ပြောကြားလိုက်ခြင်း ဖြစ်သည်။

     နိုင်ဟံသာက သတင်းထောက်များအား ပြောကြားနေစဉ်(MNA)
    နိုင်ဟံသာက သတင်းထောက်များအား ပြောကြားနေစဉ်(MNA)
    သူက “ကျနော်တို့ တိုင်းရင်းသားတွေအားလုံးတောင်းဆိုနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုပုံစံမျိုးနဲ့ ဖွဲ့စည်းမလဲဆိုတာ ၂၁ ပင်လုံညီလာခံမှာ တင်ပြသွားမယ်၊ တချို့အရာတွေကို ဆွေးနွေးနေရတုန်းပါပဲ၊ ဖက်ဒရယ်နဲ့ပတ်သက်ပြီးတော့ တပ်မတော်က အရင်က တော်တော်လေးကို ဆန့်ကျင်ခဲ့တယ်။ ကျွန်တော်တို့ ဒီ NCCT အနေနဲ့ ဆွေးနွေးတုန်းက လည်း တပ်မတော်က ဆန့်ကျင် ခဲ့တယ်။ ဒါပေမယ့် အခုတော့ မဟုတ်တော့ပါဘူး။ တပ်မတော်ကလည်းဖက်ဒရယ်မူကို လက်ခံတယ် တစ် ပိုင်းပေါ့နော်။ တစ်ဖက်က တပ်မ တော်ဘက်က စိုးရိမ်နေတဲ့အပိုင်း ကတော့ ခွဲထွက်ရေးပေါ့နော်။ အမှန်က ကျွန်တော်တို့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အားလုံး အနေနဲ့ရော၊ ဒီတိုင်းရင်းသားနိုင်ငံ ရေးပါတီတွေကရော ခွဲထွက်ရေး ကို ဘယ်အဖွဲ့ကမှ တောင်းဆိုတာမရှိပါဘူး” ဟု ပြောသည်။

    တိုင်းရင်းသားများ အဓိက တောင်းဆိုနေသည်မှာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတွင် ဒီမိုကရေစီအခွင့်အရေး၊ အမျိုးသားတန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရေး စသည့်အခြေခံများဖြင့် တည်ဆောက်ထားသော ပြည်ထောင်စုပင်ဖြစ်သည်ဟု သူက ဆိုသည်။

    “ကနေ့အနေအထားမှာ အဖွဲ့အစည်းတစ်ခုက ခွဲထွက်လိုက်ရင် ဒါက အန္တရာယ်ဆိုတာ တော်တော်လည်း များပါတယ်။ ဘယ်သူမှ ခွဲထွက်ချင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ပေါ့လေ သူတို့အဓိက လိုလားတဲ့၊ သူတို့ အမျိုးသားရေးဆိုင်ရာ ရ သင့်ရထိုက်တဲ့အခွင့်အရေး၊ တစ် ဖက်က ပြောမယ်ဆိုရင် အမျိုး သားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိတဲ့ အနေအထားဆို ရင် ဘယ်အဖွဲ့ကမှ ခွဲထွက်မယ် မဟုတ်ပါဘူး။ ဒါကတော့ ကျွန် တော်တို့ အာမခံရဲပါတယ်လို့ ပြောချင်ပါတယ်’’ဟု နိုင်ဟံသာက ဆက်ပြောသည်။

    ဇူလိုင် ၂၆ မှ ၂၉ အထိ လေးရက်ကြာကျင်းပနေဆဲဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီအစည်းအဝေးရည်ရွယ်ချက်မှာ ၂၁ ရာစု ပင်လုံညီလာခံကျင်းပရေးအတွက် အကြိုညှိနှိုင်းရေးနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ နိုင်ငံရေးဘုံသဘာထား ရပ်တည်ချက် ရယူရေးအတွက်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

    အစည်းအဝေးတွင် ၁-ပင်လုံလက်စွဲစာတမ်း ဆွေးနွေးအတည်ပြုခြင်း၊ ၂-ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေများအတွက် အခြေခံမူများ၊ ၃-လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ အခြေခံမူများနှင့် ၄-နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်ပြင်ဆင်ရေး စသည် အချက် ၄ ချက်ကို ဆွေးနွေးကြသည်ကို တွေ့ရှိရသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့များနှင့် မရေးထိုးရသေးသည့် အဖွဲ့များနှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၇ ဖွဲ့မှ ကိုယ်စားလှယ်များ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA ၊ တိုင်းရင်သားညီနောင်ပါတီများ ဖက်ဒရေးရှင်း NBF၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ကိုယ်စားလှယ်များ၊ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးကိုယ်စားလှယ်တို့ အပါအဝင် စုစုပေါင်း ၂၀ဝ ကျော် တက်ရောက်လျက်ရှိသည်။

    သို့ရာတွင် မိုင်ဂျာယန်အစည်းအဝေးသို့ လက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့အနက် “ဝ” လက်နက်ကိုင်အဖွဲ့ UWSP/UWSA၊ ပလေင်(တအာင်း)လက်နက်ကိုင်အဖွဲ့TNLA ၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့ MNDAA နှင့် နာဂဆိုရှယ်လစ်ကောင်စီ NSCN-K တို့ တက်ရောက်ခြင်း မရှိပေ။

    မြန်မာအရပ်သား အစိုးရတက်လာပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်ရေးအတွက် ဆွေးနွေးလျက်ရှိရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ညီလာခံကို ၂၀၁၄ ခုနှစ်မှစတင်၍ KIO ထိန်းချုပ်နယ်မြေ လိုင်ဇာမြို့တွင် ၂ ကြိမ်၊ KNU ထိန်းချုပ်နယ်မြေ လော်ခီးလာတွင် တစ်ကြိမ်နှင့် UWSP ထိန်းချုပ်ရာ ပန်ဆန်းမြို့တွင်တစ်ကြိမ် ကျင်းပခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts