spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မိုင်ဂျာယန်သို့သွားရေး ကူညီပေးနေဟု ငြိမ်းချမ်းရေးကော်မရှင်ဆို

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မိုင်ဂျာယန်သို့သွားရေး ကူညီပေးနေဟု ငြိမ်းချမ်းရေးကော်မရှင်ဆို

    -

    တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီအစည်းအဝေး ကျင်းပမည်ဖြစ်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မိုင်ဂျာယန်သို့ သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို ကူညီပေးနေသည်ဟု ငြိမ်းချမ်းရေးကော်မရှင် မှ ၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့က ထုတ်ပြန် ကြေညာသည်။

    အဆိုပါ ထုတ်ပြန် ကြေညာချက်တွင် ၂၀၁၆ ခုနှစ်၊ဇူလိုင် ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကချင်ပြည်နယ်၊ မိုင်ဂျာယန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံညီအစည်းအဝေးတစ်ရပ် ကျင်းပ ပြုလုပ်ရန် ရှိကြောင်း သိရှိရပါသည်ဟု ဖော်ပြပါရှိသည်။

     ငြိမ်းချမ်းရေးကော်မရှင်ထုတ်ပြန် ကြေညာချက်(Copy)
    ငြိမ်းချမ်းရေးကော်မရှင်ထုတ်ပြန် ကြေညာချက်(Copy)
    “သူတို့လည်း ငြိမ်းချမ်းရေးလိုချင်တာပဲလေ ဒါတော့ ပေးရမှာပေါ့ လက်ရှိ ကျွန်တော်တို့ကိုလည်း ထိုက်သင့် တဲ့ အကူအညီတွေတော့ ပေးနေတာရှိပါတယ်။ သူတို့ဘက်က(အစိုးရ) ကျွန်တော်တို့ တိုင်းရင်းသား လက်နက်ကိုင်တွေလည်း အခု မိုင်ဂျာယန်ကို သွားနေကြပါပြီး”ဟု မိုင်ဂျာယန်တွင် ကျင်းပမည့် တိုင်းရင်း သား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး ကျင်းပရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာနိုင်ရွှေသိန်းက ဆိုသည်။

    ထို့ပြင် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မိုင်ဂျာယန်သို့ သွားလာရေးအစီအစဉ်များ အဆင်ပြေချောမွေ့စေရန်အတွက် လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများကို အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနထံတင်ပြ၍ ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိပါသည်ဟု ထည့်သွင်း ဖော်ပြထားသည်။

    တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ယနေ့(၂၄ ရက်)တွင် မြစ်ကြီးနားမှ မိုင်ဂျာယန်သို့ ထွက်ခွာ သွားကြပြီး ဖြစ်ပြီး အဆိုပါ မျက်နှာစုံညီ အစည်းအဝေးသို့ NCA လက်မှတ်ရေးထိုးထားသည့် လက်နက် ကိုင် ၈ ဖွဲ့ အပါအဝင် လက်မှတ်မရေးထိုးရသေးသည့် လက်နက်ကိုင် ၁၃ ဖွဲ့ စုစုပေါင်း ၂၁ ဖွဲ့ ကို ဖိတ်ကြားထား ကြောင်း မျက်နှာစုံညီအစည်းအဝေး ကျင်းပရေးကော်မတီထံမှ သိရသည်။

    ယင်းထုတ်ပြန်ချက်ထဲတွင် မကြာမီ ကျင်းပတော့ မည့် ပြည်ထောင်စု ငြိမ်းချမး်ရေးညီလာခံ- ၂၁ ရာစု ပင်လုံတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရေးကို မျှော်ရည်၍ ငြိမး်ချမ်းရေးကော်မရှင်သည် အကြိုပြင်ဆင်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးဆွေးနွေးမှု မူဘောင် ပြန်လည်သုံးသပ်ရေး လုပ်ငန်းစဉ်၌ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများသာမက လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းများ ပါဝင်နိုင်ရေးအတွက်လည်း ဖိတ်ကြားထားပြီး ဖြစ်ပါသည်ဟုလည်း ဖော်ပြပါရှိသည်။

    ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA တွင် အဓိပ္ပာယ်ဖွင့်ဆိုရန် လိုအပ်နေသေးသည့် အချက်များကိုလည်း ဆွေးနွေးညှိနှိုင်းရန် ဆောင်ရွက်လျက်ရှိပါကြောင်း ငြိမ်းချမ်းရေး ကော်မရှင် မှ ဆိုသည်။

    သို့ပါ၍ မိုင်ဂျာယန် မျက်နှာစုံညီအစည်းအဝေးတွင် ပြည်ထောင်စု ငြိမ်းချမး်ရေးညီလာခံ – ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးလုပ်ငန်းများတွင် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ထပ်တိုးပါဝင်နိုင်ရေးကို အောင်မြင်စွာ ဆွေးနွေးညှိနှိုင်းနိုင်ပြီး NCA ကို အခြေခံ၍ ပေါ်ပေါက်လာသည့် ပြည်ထောင်စုငြိမ်းချမး်ရေးညီလာခံ – ၂၁ ရာစု ပင်လုံသို့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး စုံညီစွာတက်ရောက်နိုင်စေမည့် ရလာဒ်ကောင်းများ ဆောင်ကြဉ်းနိုင်မည်ဟု မျှော် လင့်ပါကြောင်း ငြိမ်းချမ်းရေးကော်မရှင်က ထုန်ပြန် ကြေညာထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts