spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းတိုင်းရင်းသားများအနေဖြင့် တောင်းဆိုစရာမရှိတော့သလို ပေးစရာလည်းမရှိဟု DPN ခေါင်းဆောင်ပြော

    တိုင်းရင်းသားများအနေဖြင့် တောင်းဆိုစရာမရှိတော့သလို ပေးစရာလည်းမရှိဟု DPN ခေါင်းဆောင်ပြော

    -

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန်အတွက် မိမိတို့ဘက်မှမည်သည်ကို လိုချင်သည်ဆိုခြင်းထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည်ဆိုသည့်အပေါ် ညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းပြောဆိုထားခြင်းနှင့်ပတ်သက်ပြီး တိုင်းရင်းသားများ အနေ ဖြင့် တောင်းဆိုစရာမရှိသလို ပေးစရာလည်းမရှိတော့ဟု UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ ့ DPN ခေါင်းဆောင် ခူဦးရယ်က ရန်ကုန်မြို့တွင်ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် UNFC ခေါင်းဆောင်များ ရန်ကုန်မြို ့ရှိ NRPC ရုံးတွင် တွေ့ဆုံခဲ့မှုနှင့်ပတ်သက်ပြီး ဇူလိုင် ၁၈ ရက်က Chatrium Hotel ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ခူဦးရယ်က ထိုသို ့ပြောကြားလိုက်ခြင်း ဖြစ်သည်။

    DPN ခေါင်းဆောင် ခူဦးရယ်က ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားစဉ်(MNA)
    DPN ခေါင်းဆောင် ခူဦးရယ်က ရန်ကုန်မြို့သတင်းစာရှင်းလင်းပွဲ၌ ပြောကြားစဉ်(MNA)

    “ကျနော်တို ့ တိုင်းရင်းသား ဒေသတွေမှာရှိတဲ့ တွင်းထွက်ပစ္စည်းတွေ ဒေသထွက် သစ်တွေ အကုန် ဘာမှမရှိတော့ဘူး လာကြည့်လိုက်ပါ၊ ဒေါ်အောင်ဆန်းစုကြည် ပြောထားတယ်၊ ကိုယ်ဘာတောင်း ရမလည်းဆိုတာထက် ကိုယ်ဘာပေးနိုင်မလည်ဆိုတာကို စဉ်းစားပါ၊ ဒါက ကျနော် မေးခွန်းထုတ်ချင်ခဲ့တာ ဒါပေမဲ့ ဒီစကားနဲ ့ ပတ်သက်ပြီး အချေအတင်တွေ ဖြစ်လာမှာကို မလိုလားဘူး။ ဒါနဲ့ပတ်သက်ပြီး ကျနော်တို ့ ဒေါ်အောင်ဆန်းစုကြည်ကို မမေးခဲ့ဘူး၊ သူက ပြောခဲ့သေးတယ်၊ ခင်ဗျားတို ့ တောင်းချင်သလောက်တောင်း၊ ရာခိုင်နှုန်း အပြည့်ပေးနိုင်ဖို ့ အာမ မခံဘူး၊ ကျနော်တို ့မှာ တောင်းစရာလည်းမရှိတော့သလို ပေးစရာလည်း မရှိတော့ဘူး၊ ကျနော်တို ့ဆီက ဘာတွေလိုချင် သေးလဲ၊ ဘာတွေထပ်ပေးရအုံးမလဲ”ဟု ခူဦးရယ်က ဆိုသည်။

    ထို့အပြင် ၂၁ ရာစု ပင်လုံညီလာခံတွင် ဆွေးနွေးမည့်နိုင်ငံရေးမူဘောင်ရေးဆွဲရာ၌ အားလုံးတန်းတူမပါဝင်နိုင်ပါက ကျင်းပမည့် ၂၁ရာစုပင်လုံညီလာခံ အောင်မြင်ရန် ခက်ခဲလိမ့်မည်ဟု သူကဆက်ပြောသည်။

    သူက “အားလုံးက လက်ခံသဘောတူထားတဲ့ Framework ဖြစ်မလာဘူးဆိုရင် ညီလာခံကို ကျင်းပတဲ့အခါမှာ ကျနော်တို့ကိုယ်စားလှယ် အနေအထားနဲ့ပတ်သက်လို့ ကျနော်တို့ ညှိနှိုင်းဆွေးနွေးအဖြေရှာတဲ့အခါမှာ အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်တယ်။ အဲဒီကိစ္စကိုလည်း မနေ့က ကျနော်တို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့တဲ့အခါမှာလည်း အဲဒီစိုးရိမ်မှုကိုလည်း ကျနော်တို့ ထည့်သွင်းတင်ပြပါတယ်။ အဖွဲ့တွေအားလုံးပုံစံတခုထဲအောက်မှာ အတူတကွသွားနိုင်ဖို့ကြိုးစားပေမယ့်လို့ တကယ်လို့ မတူကွဲပြားတဲ့အနေအထားနဲ့ ကျနော်တို့သွားရမယ်ဆိုရင်တော့ ဒါဖြစ်ပေါ်လာမယ့်အခြေအနေပေါ်မှာပဲ ကျနော်တို့ စောင့်ကြည့်ရမယ့်သဘောဖြစ်ပါတယ်” ဟု ဆိုသည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၊ NMSP ဥက္ကဌ နိုင်ထောမွန်၊ KNPP ဥက္ကဌ ခွန်းအေဘယ်တွိဒ်၊ SSPP/SSA နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင် တို ့အပါအဝင် DPN အဖွဲ ့ခေါင်း ဆောင် ခူဦးရယ် နှင့် အဖွဲ ့ဝင် ၈ ဦး တို ့ဖြင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ဇူလိုင် ၁၇ ရက်နေ့တွင် ရန်ကုန်မြို့၌ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ဖြစ်သည်။

    အဆိုပါ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး UNFC ထုတ်ပြန်ကြေညာချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အစပျိုးခဲ့သော တိုင်းသူပြည်သားများမှ အလွန်မျှော်လင့်နေကြသည့် ၂၁ ရာစုပင်လုံညီလာခံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောငေ် သော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပူးပေါင်း ပါဝင်နိုင်သော ငြိမ်းချမ်းရေးဖြစ်စဉ်ဖြစ်ရေးအတွက် လက်တွေ ့စဉ်းစားချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။

    အလားတူ နိုင်ငံတော်အတိုင်ပင်ခံရုံးမှလည်း ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အစိုးရဘက်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ UNFC ခေါင်းဆောင်များ ရင်းနှီးသော မိသားစုဝင်များအဖြစ် တွေ ဆုံဆွေးနွေးခဲ့ ကြသည်ဟု ထုတ်ပြန် ကြေညာထားသည်။

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည်သည် ၂၀၁၆ ခုနှစ် မေ ၁၆ ရက်က ကျင်းပခဲ့သော အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ဖွဲ ့စည်းရေး နှင့် ၂၁ ရာစု ပင်လုံညီလာခံ အကြိုပြင်ဆင်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အဓိကအချက်မှာ ပါဝင်သူအားလုံးအနေဖြင့် မိမိတို့ မည်သည်ကို လိုချင်သည် ဟူသော တောင်းဆိုမှုထက် မိမိတို့ဘက်က မည်သည်ကို ပေးနိုင်သည် ဟူသော ကမ်းလှမ်းချက်ကို အခြေခံ၍ ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းရာတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် NCA ကို အခြေခံ၍ ပြောင်းလွယ်ပြင်လွယ် ဆွေးနွေးကြရန် ဖြစ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ပြန်လည်သုံးသပ်၍ ဆွေးနွေးပွဲအာဂျင်ဒါများ ပြန်လည်သတ်မှတ်ပေးရန် အရေးကြီးကြောင်း စသည့်အချက်များကို ထည့်သွင်း ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts