မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ရေးမြို့နယ်၊ ချောင်းတောင်-ကလော့ကြီးလမ်းကို ခွင့်ပြုရန်ပုံငွေရရှိပါက တင်ဒါစနစ်ဖြင့်လုပ်ဆောင်မည်

ရေးမြို့နယ်၊ ချောင်းတောင်-ကလော့ကြီးလမ်းကို ခွင့်ပြုရန်ပုံငွေရရှိပါက တင်ဒါစနစ်ဖြင့်လုပ်ဆောင်မည်

ရေးသားသူ: >

မွန်ပြည်နယ် ရေးမြို့နယ် ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြား ဆက်သွယ်ထားသည့်လမ်းကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုမှုရန်ပုံငွေရရှိပါက တင်ဒါစနစ်ဖြင့်ခေါ်ယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အစည်းအဝေး၌ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ပြောကြားသည်။

13537572_465988060192382_5274726337664475914_n

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဖြစ်သူ ဦးရွှေမြင့်က “(၂၀၁၇-၂၀၁၈)ဘဏ္ဍာရေးနှစ်အတွင်း ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြားရှိ (၃)မိုင်ခန့် ကတ္တရာလမ်း ရရှိရေး တင်ပြထားပြီးဖြစ်ပါကြောင်းနှင့် ခွင့်ပြုမှုရန်ပုံငွေရရှိပါက တင်ဒါခေါ်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း” ဟု ဖြေကြားခဲ့သည်။

ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင် မေးမြန်းထားသည့် ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြား ကတ္တရာလမ်းခင်းပေးသည့်မေးခွန်အပေါ် သက်ဆိုင်ရာဝန်ကြီးခွင့်ပန်ကြားသည့်အတွက် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်က အဆိုပါ သက်ဆိုင်ရာဝန်ကြီးကိုယ်စား ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

ရေးမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်က “ အဲဒီလမ်းက (၃)မိုင်မဟုတ်ဘူး (၄)မိုင် လမ်းတိုပေါ့၊ မိုးတွင်းဆို ကားလည်းသွားလို့မရဘူး၊ လူတောင်သွားလို့မရတော့ဘူး တော်တော်ကိုဆိုးနေပြီး” ဟု ပြောသည်။

အဆိုပါ ချောင်းတောင်ကျေးရွာနှင့် ကလော့ကြီးကျေးရွာကြား ဆက်သွယ်ထားသောလမ်းကို ကတ္တရာလမ်းခင်းပေးရန် အစီစဉ်ရှိမရှိသိလိုသည်ဟု လွှတ်တော်၌ မေးမြန်းခဲ့သည့်အတွက် သက်ဆိုင်ရာဝန်ကြီးကိုယ်စား ဦးရွှေမြင့်က အထက်ပါအတိုင်း ဖြေကြားပေးခဲ့သည်။

ယခင်အစိုးရလက်ထက်၌ ရေးဆွဲခဲ့သော (၂၀၁၆-၁၇)နှစ်ဘတ်ဂျက်အတိုင်း ယခုအစိုးရသစ် ဆက်လက်လုပ်ဆောင်နေရပြီး (၂၀၁၇) ဧပြီလ(၁) ရက်မှစပြီးနောက်ပိုင်း လက်ရှိအစိုးရဘတ်ဂျတ်နှင့် ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် (၂၀၁၇-၁၈)ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုမှုရန်ပုံငွေရရှိပါက ဆက်လက်လုပ်ဆောင်သွားဖြစ်ကြောင်း သိရသည်။

ကျင်းပဆဲဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို ဇွန်လ ၂၇ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး ထို့အစည်းအဝေးတွင် အဆို ၄ ခုနှင့် မေးခွန်းပေါင်း ၂၀ ကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသွားမည်ဖြစ်ကြောင်း၊ လွှတ်တော်အစည်းအဝေး ၄ ရက်ခန့်ပြုလုပ်မည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ရုံးမှ သတင်းရရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျိုက်ထိုမြို့နယ်တွင်ရေဘေးသင့်ဦးရေ သုံးထောင်နီးပါးရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၃၀ဝဝ ဦးနီးပါးခန့်ရှိနေပြီး စားနပ်ရိက္ခာများနှင့် အိမ်ဆောက်ပစ္စည်းများအတွက်ငွေကြေးတို့ကို ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနက ထောက်ပံ့ပေးထားကြောင်း သိရသည်။ Related

Leave a Reply

%d bloggers like this: