မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ကော့ကရိတ်မြို့နယ်အတွင်း လက်ပစ်ဗုံးပေါက်ကွဲ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ကော့ကရိတ်မြို့နယ်အတွင်း လက်ပစ်ဗုံးပေါက်ကွဲ ၃ ဦးသေ၊ ၂ ဦးဒဏ်ရာရ

ရေးသားသူ: >

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းတိုက်နယ်၊ ပိုင်ရပ်ကျေးရွာအုပ်စု ကွင်းကလောင်ကျေးရွာ (ပက်ကလောင်) တွင် မေလ ၂၂ ရက်နေ့ ညနေ ၈ နာရီအချိန်ဝန်းကျင်က လက်ပစ်ဗုံးပေါက်ကွဲ၍ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့သည်ဟု ကော့ဘိန်းနယ်မြေရဲစခန်းမှ သိရသည်။

IMG_7999

ကော့ဘိန်းနယ်မြေရဲစခန်းမှ ရဲအုပ်ဇော်လင်း က “ဗုံးက ဘယ်လိုကွဲသွားတာကို ကျနော်တို့ ဆက်လက်စုံ စမ်းဆဲပါ။ ဖြစ်ပုံက ဗုံးက မီးဖိုချောင်မှာကွဲတာ။ အထဲမှာ ရှိတဲ့လူ သုံးယောက်လုံးကလဲ သေသွားတယ်ဆိုတော့ မျက်မြင်သက်သေ မကျန်ခဲ့ဘူး။ ဗုံးကတော့ ကိုကျော်ထွေးဗုံးပါ” ဟု ဆိုသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် ဒဏ်ရာရရှိသူ မခိုင်နှင်းဝေဆိုသူအမျိုသမီးသည် ဒူးခေါင်းတွင် ဗုံးအစ ၃ ခု ထိမိထား၍ ကော့ဘိန်းတိုက်နယ်ဆေးရုံးတွင်ဆေးကုသလျှက်ရှိကြောင်း၊ ဦးစောလှကြည်သည် ဗုံးအစအန ထိမှန်ဒဏ်ရာများပြားသဖြင့် မေ ၂၃၊ နံနက် ၁၁ နာရီက ကော့ဘိန်းတိုက်နယ်ဆေးရုံမှ မော်လမြိုင်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲအုပ် ဇော်လင်း က ဆက်ပြောသည်။

မခိုင်နှင်းဝေက “ကျမက ဒဏ်ရာနည်းနည်းပဲဆိုတော့ ဒီ(ကော့ဘိန်း)ဆေးရုံမှာပဲဆက်ကုဖြစ်တာပါ။ ကိုကျော်ထွေး အမျိုးသမီး မီးဖွားနေလို့ သွားကူရင် ဗုံးပေါက်ကွဲသည့် အထဲမှာ ထိမှန်သွားတာ” ဟု ဆိုသည်။

ဗုံးပေါက်ကွဲရာတွင်သေဆုံးသူ ကိုကျော်ထွေးအပါအဝင် ကိုကျော်ခန့်သည် အစ်ကိုယ် တော်စပ်ပြီး၊ ဒေါ်မအေးသည် ၄င်း၏ယောက္ခမဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ဦးစောလှကြည်သည်လည်း ကိုကျော်ထွေး၏ ယောက္ခမ ဖြစ်ကြောင်း ကော့ဘိန်းနယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။

ဒဏ်ရာရသူ ထွက်ဆိုချက်အရ “ကိုကျော်ထွေးက လက်ပစ်ဗုံးကို ခါးမှာချိတ်ပြီးတော့ သူအမျိုးသမီးဆီ သွားတယ်။ သူ့အမျိုးသမီးနဲ့ စကားများပြီးပြန်ထွက်လာမှာ မီးဖိုချောင်ထဲကိုဝင်သွားတယ်။ အဲမှာပဲ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်” ရဲအုပ်ဇော်လင်း ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုကျော်ထွေးသည် မည့်သည့်လက်နက်ကိုင်အဖွဲ့အစည်းဝင်ဖြစ်ကြောင်း စုံစမ်းလျှက်ရှိပြီး ကော့ဘိန်းတိုယ်မြေရဲစခန်းမှ သေမှုသေခင်းအဖြစ် ဆက်လက်အရေးယူဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ ကိုကျော်ထွေး ဆိုသူသည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ရင်း BGF ၁၀၂၁ မှ တပ်သားအဆင့်ရှိသူ တစ်ဦးဖြစ်ကြောင်း၊ ဇနီးသည်မီးဖွားသဖြင့်အိမ်ပြန်လာစဉ် ယင်ကဲ့သို့အခင်းဖြစ်ပွားခဲ့ကြောင်း မွန်သတင်းအေဂျင်စီက စုံစမ်းသိရှိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

တာဝန်ရပ်လိုက်သည့်ရေးမြို့နယ်ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦးနေရာ အသစ်ပြန်ရွေးမည်

ပြီးခဲ့သည့် အောက်တိုဘာလကုန်တွင် တာဝန်မှရပ်စဲလိုက်သည့် ရေးမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး (၄) ဦး နေရာတွင် အုပ်ချုပ်ရေးမှူးအသစ်ကို တစ်လအတွင်း ပြန်လည်ရွေးချယ်သွားမည်ဟု ရေးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးမှ သိရသည်။ …

Leave a Reply

%d bloggers like this: