မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ၄ လအတွင်း ရေးမြို့နယ်လူသတ်မှု (၄) မှုအနက် ပင်လယ်ပြင်၌ (၃) မှုဖြစ်ပွားခဲ့

၄ လအတွင်း ရေးမြို့နယ်လူသတ်မှု (၄) မှုအနက် ပင်လယ်ပြင်၌ (၃) မှုဖြစ်ပွားခဲ့

ရေးသားသူ: >

၂၀၁၆ ခု

အဘော်ကျးတန်း တံငါသည်တန်းလျား(MNA)
အဘော်ကျးတန်း တံငါသည်တန်းလျား(MNA)
နှစ် ဇန်နဝါရီလမှ ဧပြီလအထိ မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် လူသတ်မှု (၄) ခုဖြစ်ပွားခဲ့ရာ အဘော်ကျားတန်းရွာ ပင်လယ်ပြင်၌ လူသတ်မှု (၃) ခု ဖြစ်ပွားသည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှ သိရသည်။

ရေးမြို့နယ်၊ မြို့နယ်ရဲမှုးမြင့်သော် က “ဒီပင်လယ်ပြင်မှာ လူသတ်မှု ၃ ခုတောင်ဖြစ်ပွားတယ်။ အချင်းချင်းရန်ဖြစ် တယ်။ တချို့က အချင်ချင် စကားများရာက နားလည်မှုလွဲမှားပြီးတော့ ထိုးကြိတ်တယ်။ ရေထဲပစ်ချတယ်။ ဒါအပြင် ဒီမှာက သက်ငယ်သားမယားကျင့်မှုလည်း တစ်ခုဖြစ်ပွားခဲ့တယ်” ဟု ဆိုသည်။

၂၀၁၆ ဇန်နဝါရီလကနေ ယခုလအထိ ရေးမြို့နယ်တွင် သေမှုသေခင်း ၁၆ ခုဖြစ်ပွားခဲ့ရာ တစ်လ ၄ မှုနှုန်း ဖြစ်ပွားကြောင်း၊ အဆိုပါသေဆုံးမှုတွင် ဖောင်လုပ်သားများသာ ဖြစ်များပြီး ပင်လယ်ပြင်တွင် သေဆုံးမှု၊ ဆေးရုံမရောက်မီ လမ်းတွင်သေဆုံးမှု၊ အစာရေစာငတ်ပြတ်် သေဆုံးမှု နှင့် အခြားနည်းဖြင့် သေဆုံးမှုများ ရှိခဲ့ကြောင်း ရဲမှုးမြင့်သော်က ဆိုသည်။

တံငါအလုပ်လုပ်ကိုင်ကြသည့် ငါးဖမ်းဖောင်လုပ်သားများသည် ပင်လယ်ပြင်တွင် ရက်ပေါင်း ကြာမြင့်စွာနေထိုင်လုပ်ကိုင်ကြရသောကြောင့် အချို့လုပ်သားများ ကျန်မားရေးဆိုးဝါးစွာခံစားခဲ့ရသည်ဟု သိရသည်။

တံငါလုပ်ငန်းရှင်များအနေဖြင့် အသက် ၆၀ ကျော်သူများအားအန္တရာယ်ရှိသော ပင်လယ်ပြင်သို့ မစေလွှတ်သင့်ကြောင်း၊ အသက်ကြီးရင့်သူများအား ပင်လယ်ပြင်သို့ လွှတ်သောကြောင့် သေဆုံးပါက သေမှုသေခင်းနှင့် အမှုဖွင့်ရမည်ဖြစ်ကြောင်း၊ ယင်းသို့သေမှုသေခင်း ဖြစ်ပေါ်ပါက လုပ်ငန်းရှင်များအနေဖြင့် အလုပ်ရှုပ်မည်ဖြစ်သကဲ့သို့ ရဲတပ်ဖွဲ့အနေဖြင့် မှုခင်းတိုးပွားလာကြောင်း၊ မှုခင်းဖြစ်ပေါ်မှုကျဆင်းစေရန် လုပ်ငန်းရှင်များ ပူးပေါင်ပါဝင်စေလိုကြောင်း ရဲမှူး မြင့်သော်က ဆက်ပြောသည်။

အဘော်ကျားတန်း ရေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးမြင့်သန်း က “ကျနော်တို့မှာက ဒီပင်လယ် ပြင်မှာ သေဆုံးတာရှိပါတယ်။ ရွာရောက်ပြီးသေဆုံးတာလည်းရှိတယ်။ ဖြစ်ပွားသွားတဲ့ လူသတ်မှုကတော့ ဘယ်မှာ ဖြစ်ပွားခဲ့တာ ကိုတော့ မသိရဘူး” ဟု ဆိုသည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ဧပြီလထိ ၄ အတွင်း အမှုပေါင်း ၉၈ ခု ဖြစ်ပွားပြီး ၎င်းအမှုထဲတွင် အမှုကြီး ၁၀ မျိုးမှ လူသတ်မှု ၄ ခု၊ သေမှုသေခင်း ၁၆ မှု၊ လုယက်မှု ၁ မှုနှင့် မုဒိန်းမှု ၂ မှုဖြစ်ပွားခဲ့ပြီး အခြားအမှု ၃၄ ခုနှင့် ကြိုတင်ကာကွယ်မှု ၄၁ ခုဖြစ်ပွားခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

၂၀၁၅ ရဲမှတ်တမ်း မှုခင်းစာရင်းအရ ရေးမြို့နယ်ရှိ ရေးမြို့မရဲစခန်းအပိုင်နယ်မြေအတွင်း မှုခင်း ၂၂၅ မှု၊ လမိုင်း ၄၄ မှုနှင့် ခေါဇာ ၃၃ မှု စုစုပေါင်း မှုခင်းကြီးငယ် ၃၃၂ မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: