spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းချက်(အပိုင်း ၂)

    SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းချက်(အပိုင်း ၂)

    -

    ၂၁ ရာစုပင်လုံ ညီလာခံကျင်းပလိုသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ခြင်းရှိ/မရှိ၊ တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်ကြား မည်ကဲ့သို့ သဘောတူညီမှုရယူနိုင်မည် စသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်းဦးနှင့် မွန်သတင်းအေဂျင်စီ သတင်းထောက်ချစ်မင်းထွန်း မေးမြန်းချက် နောက်ဆုံးပိုင်း(အပိုင်း ၂) ဖြစ်ပါသည်။

    SNLD ဥက္ကဌ ဦးခွန်ထွန်းဦး(SNLD Facebok)
    SNLD ဥက္ကဌ ဦးခွန်ထွန်းဦး(SNLD Facebok)

    မေး ။ ။ အန်ကယ် ခုဏက ပြောသွားသလိုပေါ့နော် တိုင်းရင်းသားတွေဘက်က ဘာလိုချင်တယ်ဆိုတာ အစိုးရလည်း သိတယ်၊ တပ်လည်း သိတယ်ပေါ့နော်၊ အဲတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ တိုင်းရင်းသားတွေ ရဲ့ တောင်းဆိုမှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ရဲ့ မူဝါဒ အပြင်ဘက်ကနေ လွတ်လွတ်လပ်လပ် ဆွေးနွေးညှိနိှုင်းနိုင်လိမ့်မယ်လို့ ထင်ပါသလား။

    ဖြေ ။ ။ ဆွေးနွေးတော့ ဆွေးနွေးနိုင်မယ်လေ။ ဒါပေမဲ့ တပ်ရဲ ့ မီးစိမ်းပြမှု မရဘဲနဲ့တော့ ဒီငြိမ်းချမ်းရေး က ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အခု ဒီမှာပြောနေပေမဲ့ ဟိုမှာ သွားတိုက်ရင် တိုက်နေမယ်။ အဲလို ဖြစ်နေတာကို အခုက အခုပြောရရင် မနေ့ တစ်နေ့ကဘဲ ပေါ်တာဆွဲတယ်၊ ချောဆွဲတယ်ဆိုတော့ နယ်လုံ ဝန်ကြီးက ခေါ်စစ်တယ်။ နှစ်ရက် အတွင်းပြဆိုတော့ ဟိုလူတွေက နှစ်ရက်အတွင်းတောင်မဟုတ်ဘူး ချက် ချင်း ပေးလိုက်တာဘဲ။

    တပ်က ဒီလူတွေကို ဒုက္ခပေးမှာမှ မဟုတ်တာ၊ ဟိုရွာသွားပြီးတော့ ခေါ်ပြီးတော့ ထည့်ထားမှာ၊ အဲဒါ တပ်ရဲ့ လုပ်နေကြအတိုင်းဘဲ။ ဒါကြောင့် ကျွန်တော် ခဏခဏပြောတာက ဆုံးဖြတ်ချက် အာဏာကတော့ တပ်မှာဘဲ ရှိတယ်။ တခြားသူမှာတော့ မရှိနိုင်ဘူး။ အခု ဦးရွှေမန်းကလည်း ဖြစ်လာပြီးဆိုတော့ ကျွန်တော်ထင်တယ်။ အလားအလာ ကောင်းရင်တော့ တစ်မျိုးပေါ့ဗျာ။

    သူ (ဒေါ်အောင်ဆန်းစုကြည်) နဲ့့ပဲ မပြီးဘူးဗျာ။ မပြီးနိုင်ဘူး တပ်က ပါကို ပါရမယ်။ တောင်းထားတာက ဖယ်ဒရယ် တပ်မတော်လို့ တောင်းတယ်။ ဒီဘက်ကလည်း ဖယ်ဒရယ်တပ်မတော်မှာ တိုင်းရင်းသားတွေပါရမယ်။ သူတို့(တပ်)ကလည်း ဒီ တိုင်းရင်းသားတွေကို ငါတို့က စစ်ပညာသင်ပေးပြီး ပါတာတော့ ဟုတ်ပြီး တစ်နေ့ ငါတို့ကို ကြဉ်သွားလို့ရှိရင် ဒီပညာနဲ့ဘဲ ငါတို့ကို ပြန်ဆော်မယ်။ ဟိုလူတွေ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကလည်း မသွားလို့ကို မရဘူး။ ပေးရမယ် ခင်ဗျာတို့ တစ်နေ့ကျရင် ယိုးဒယားလိုမျိုး ခဏခဏ သိမ်းနေမှာ အာဏာ၊ ခင်ဗျာတို့ ဗမာ တပ်မတော်က တစ်ခုတည်း ထားပြီးတော့ အာဏာ သိမ်းတာတော့ မဖြစ်စေချင်ဘူး။

    ဒါကြောင့် ပြည်နယ်ကလာတဲ့ တိုင်းရင်းသားတပ်မတော်တွေကိုတော့ ထည့်ထားသင့်တယ်။ အဲလိုမျိုးနဲ့ သူတို့ ပြောကြတယ်။နှစ်ဦး နှစ်ဖက် အမြင်ကတော့ မတူကြဘူး မယုံကြည်သေးကြလို့ပေါ့ အဓိကတော့။

    မေး ။ ။ နိုင်ငံတကာမှတော့ ပြည်တွင်း လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး သဘောတူညီမှုတွေဟာ မကြာခဏ ပြန်ပြီး ပြယ်ပျက်သွားတဲ့ သာဓက အများကြီးရှိနေပါတယ်။ မကြာခင် ပြုလုပ်တော့မယ့် ၂၁ ရာစု ပင်လုံ ညီလာခံမှာ မှျော်မှန်းထားတဲ့ သဘောတူညီမှုမျိုးရရှိခဲ့မယ်ဆိုရင် ငြိမ်းချမ်း ရေးကို ခိုင်မာတည်တံ့အောင် ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အရေးကြီးဆုံးအရာက ဘာလို့ ထင်ပါသလဲ။

    ဖြေ ။ ။ ဘာလို့ထင်လဲဆိုတာကတော့ အားလုံးပါဝင်နိုင်ဖို့က အရေးကြီးတယ်။ အားလုံးဆိုတာကတော့ ပထမကတော့ သုံးခုပေါ့နော်။ အစိုးရ၊ တပ်၊ လက်နက်ကိုင်အဖွဲ့ပေါ့နော်။ သူတို့က ညှိလို့ရတယ်ဆိုရင် လွှတ် တော် ပြင်ပက ကျွန်တော်တို့တတွေ၊ CSO တွေ၊ တတ်သိနားလည်ထားတဲ့သူတွေက ပြန်ပြီးတော့ ဒါကို လေ့လာ ပြီးတော့ မူတစ်ခု အနေနဲ့ဆွဲပေးလိုက်ရင်တော့ မဆိုးပါဘူး။

    ကျွန်တော်တို့ UNA ကလည်း အခု စိုင်းကျော်ညွန့်ကို ထည့်ထားတယ်။ အခုထိ အတွင်းရေးမှူး အဖွဲ့မှာ ပါတယ်။ အဲတော့ ဒီဟာက တပ်ကလည်း သူတို့ ပြောချင်တဲ့ စိတ်ရှိမယ်။ လုပ်ချင်တဲ့ စိတ်ရှိမယ် သူကလည်း အိုကေမယ်ဆိုရင်တော့ ဒီဘက် (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကလည်း သူတို့ ရချင်တာ ရမယ်ဆို ရင်တော့ ဒါပြေလည်နိုင်မယ့် အလားအလာ ရှိမယ်လို့ ကျွန်တော်မြင်တယ်။

    မေး ။ ။ အရင် အစိုးရလက်ထက်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ငြိမ်းချမ်းရေး သဘောတူညီ ချက်ရမှ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်မယ်ဆိုတဲ့သဘော အသံတွေ ထွက်ခဲ့ပါတယ်။ မကြာခင် ပြု လုပ်မယ့် ၂၁ ရာစုံ ပင်လုံညီလာခံက ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ တစ်ကယ်ပဲ အထောက်အကူဖြစ် နိုင်မယ်လို့ ထင်ပါသလား။

    ဖြေ ။ ။ အဲဒါအပေါ် မူတည်တာပေါ့လေ။ အခုဟာက လုပ်စရာတွေရှိတဲ့အတွက်ကြောင့် ဒါကို ပြင်ပေးပါလို့ တောင်းဆိုတာပေါ့လေ။ ဒါလည်း ဒီလို တောင်းခြင်းက ခဏခဏ ပျက်နေတဲ့အတွက်ကြောင့် တောင်းရမ်းရတာ ဖြစ်တယ်။ ဒီအခြေခံဥပဒေကြီးကို မပြင်ဘဲနဲ့က ဒီတိုင်းသွားလို့ရှိရင်လည်း ဟိုလူတွေ (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကလည်း လက်ခံမှာ မဟုတ်ဘူး။ သူတို့ရချင်နေတဲ့ ဟာတွေ အကုန်လုံး ဒီ အခြေခံဥပဒေနဲ့ဆက်နွယ်နေတယ်။

    မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တစ်ကယ်တမ်း အနီးကပ် တွေ့ဆုံနေရတာက မြန်မာတပ်မတော်ဆိုတော့ ၂၁ ရာစု ပင်လုံ အထမြောက်ဖို့ ခရာကျတဲ့သူက စစ်ဦးစီးချုပ် မင်းအောင်လိှုင် ဖြစ်မလား၊ ဒေါ်အောင်ဆန်းစုကြည် ဖြစ်မလား။

    ဖြေ ။ ။ ဒါကတော့ NLD ကတော့ ရွေးကောက်ပွဲအရတော့ တရားဝင် အစိုးရဖြစ်နေပြီဘဲ။ ကာကွယ်ရေး ဦးစီးချုပ်လည်း သူအောက်မှာ ရှိရမှာဘဲလေ။ သူတို့ လက်ခံလို့ဘဲ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေကို ဒုသမ္မတရွေးလိုက်ပြီးဘဲ၊ သူလည်း နောက်တစ်ယောက်ရွေးလိုက်ပြီးဘဲ။ သူကတော့(NLD) အစိုးရဖြစ်မယ်။ဒါပေမဲ့ အားလုံးကို လွှမ်းခြုံတဲ့ အခြေအနေမျိုးတော့ မရှိဘူး။ တဖြေးဖြေး ကြိုးစားမယ်။

    ဒါပေမဲ့ ခုဏက ကျွန်တော်ပြောသလို့ သူ(ဒေါ်အောင်ဆန်းစုကြည်) ရပ်တည်နေတာ လွှတ်တော် နှစ်ရပ်စလုံးက ရပ်တည်နေတော့။ သူ(ဒေါ်အောင်ဆန်းစုကြည်) ဖြစ်မှာပါ။ ဒါပေမဲ့ တပ်ရဲ့သဘောထားကို မသိရတဲ့အခါကျတော့ ကျွန်တော်တို့ စိုးရိမ်တာက တပ်က ပြန်သိမ်းလိုက်ရင်ကော ဘယ်လိုလုပ် မလဲ။ A Plan၊ B Plan၊ C Plan၊ တော့ ရှိသင့်တယ်။ ကျွန်တော်တို့ပြောတဲ့ နေရာမှာပေါ့လေ။

    အဲဒါကလည်း မဖြစ်ဘူးလို့ မပြောနိုင်ဘူး ။ ဟိုလူတွေကလည်း ကျွန်တော်ပြောပြီးသာဘဲ ဒီဟာက လက်နက်ကိုင် အတက်အဆင်းက အမြဲတမ်းရှိနေတယ်။ တရုတ်က မှတ်ပုံတင် ထုတ်ပေးတယ်။ ကဲဒါကို ဘယ်လို လုပ်မလဲ။ ပန်ဆေးကျော်မြင့်ကလည်း တရုတ်တွေခေါ်လာပြီးတော့ မှတ်ပုံတင်ပေးခိုင်းမယ့် ဟာမျိုးတွေရှိနေတယ်။

    မေး ။ ။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ ဒေါ်အောင်ဆန်းစု ကြည် နဲ့ တပ်ချုပ်ကြီး မင်းအောင်လိှုင်တို့ကြားမှာ အမြင်သဘောထားကွဲလွဲမှုရှိနိုင်မယ်လို့ ထင်ပါသလား၊ အမြင်သဘောထားကွဲလွဲမှုတွေရှိခဲ့မယ်ဆိုရင်ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုကို ထိခိုက်မှုရှိလာနိုင်မလား။

    ဖြေ ။ ။ သူတို့ နှစ်ဦးက အပေးအယူ မညီမှျရင် ဘာလို့ ငြိမ်းချမ်းရေးလာပြောတော့မှာလဲ ကျွန်တော် ပြောသလို ဒီမှာ ငြိမ်းချမ်းရေးလာပြောမယ် ဟိုဘက်မှာ တိုက်နေမယ်။ အဲလို မဖြစ်အောင် ဒါကတော့ ရှင်းရှင်း ပြောရရင် အစိုးရက အားလုံးလွှမ်းမိုးနိုင်တဲ့ အခြေအနေဖြစ်အောင် တည်ဆောက်နိုင်မှရမယ်။ ဒီမှာ တည်ဆောက်ပြီးတော့ ကဲခင်ဗျားဘဲပြောတော့ ကျွန်တော်တို့လည်း ဝင်ပြောပေးမယ်။ သူကလည်း အိုကေ လာမယ်ဆိုရင်တော့ ဒီစားပွဲဝိုင်းမှာ လာထိုင်ပြီးတော့ ပြောမယ်ဆိုရင်တော့ ကောင်းတာပေါ့။

    မရသေးရင်လည်း တတ်သိ နားလည်တဲ့သူတွေ အပြင်မှာလည်း အပြင်ဘက်ကနေ အခြေခံဥပဒေကို ပြင်မယ့် ဟာတွေရှိတယ်။ အဖွဲ့အစည်းတွေလည်းရှိတယ်။ CSO တွေလည်း ရှိတယ်။ ဒေါ်စုက ဘယ်လို လဲဆိုတော့ ရွှေဂုံတိုင်ကြေညာချက်ကိုလည်း သူမှာ လုံးလုံးလျားလျား Authority မရှိဘူးဆိုတာလည်း သိနေပြီးသားဘဲ။ ကျွန်တော်က အဲလိုဖြစ်မှာစိုးလို့ပါ ဒီလူတွေ(တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) ကို ခေါ် လာတယ်။ ခေါ်လာပြီးတော့ ပြောကြဆိုကြတဲ့အခါမှာ ဟုတ်ကဲ့လို့ ပြောပြီးတော့ပြန်သွားတဲ့အခါမှာ မဟုတ်ဘူးဖြစ်နေရင် ပိုဆိုးတာပေါ့။ မဖြစ်လောက် နိုင်ဘူးဆိုတဲ့ Idea ပါသွားရင်တော့ တစ်မျိုးပေါ့။

    နည်းနည်း ဝေးဝေးရှောင်နေမယ် ဒီက(တပ်)ထွက်တိုက်ရင်လည်း ခံတိုက်မှာဘဲ၊ အဲလိုတော့ ရှိမှာဘဲ။ ဒီဟာက လည်း ဒီတော်လှန်ရေးကလည်း ပြောရရင်တော့ လူထုက ထောက်ပံ့နေလို့ လူထုက ကူညီနေလို့ မြဲနေတာ။ လူထုကလည်း သူကို လုပ်မယ့်သူက အနီးအနားမှာ သူကာကွယ်ပေးနေတဲ့လူက အဝေးနားမှာ အဲတော့ ဒီလုပ်မယ့်သူကိုဘဲ ဂရုစိုက်ရတော့မှာပေါ့။

    ကျွန်တော်သိရသလောက်ဆိုရင် ဦးသိန်းစိန် ခေတ်မှာ ပြည်သူ့စစ်တွေက အဖွဲ့ပေါင်း ၇၀ လောက်ရှိတယ်။ မြို့မှာဆိုရင် ၃၀ ၊ကျေးရွာမှာ ဘယ်လောက်၊ နောက်ပြီးတော့ သူတို့ သီးခြားဖြစ်တဲ့ ရှမ်းအဖွဲ့ နှစ်ဖွဲ့တောင်မှ နားရိိုင်းတို့ ကော့အိုင်းတို့ရှိသေးတယ်။ တောင်ဘက် နမ့်ဆန်နားမှာ အဲအဖွဲ့ကတော့ ၄၀ဝ၊ ၅၀ဝ၊ ၆၀ဝ လောက် ရှိနေတယ်။ အဲဒီအဖွဲ့တွေက ဒီဘက်က ထွက်တဲ့ဟာတွေအပေါ်မှာ အခွန်ကောက်စားတာဘဲ။

    ဒီဟာဘဲလေ(ဘိန်း)၊သူကလည်း(လက်နက်ကိုင်အဖွဲ့များ) သိတာဘဲ၊ ဒီဟာက(ဘိန်း) ကိုဘဲ စိုက်စရာရှိတယ်။ အခြားဘာမှ စိုက်စရာမရှိဘူး။ ဒီဟာဘဲ စိုက်စရာရှိတယ်။ကဲ စားကွာ မင်းတဝက်စား ၊ ငါတဝက်စားဆိုပြီး စိုက်တယ်။ ပို့တာကတော့ သူတို့အလုပ်ပေါ့၊ လယ်သမားကတော့ သူ့မိသားစု ဝမ်းစာရေး အတွက်ကတော့ လုပ်ရမှာဘဲ။ ဆန်ကျတော့လည်း ကောင်းကောင်းမွန်မွန်မစိုက်နိုင် ဒီဟာက(ဘိန်း) ကမ္ဘာက လက်မခံထားတဲ့အရာဆိုတော့ ရှင်းရှင်းပြောရရင် ဒါကို စိုက်လာတာ ကြာလှပြီး တားလို့ မရဘူးလေ။

    အဲတော့ ဒီဟာပေါ်မှာလည်း မီှတည်ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက ရပ်တည်နေတာဘဲ၊ ဒီဟာ ရောင်း ပြီးမှ သူတို့ဆီမှာရှိတဲ့ တပ်သားတွေကို ကျွေးရမယ် ထိန်းထားရမယ် လက်နက်ဝယ်မယ်၊ ယူနီဖောင်းတပ်ဆင် မယ်၊ အများကြီးဘဲ လုပ်စရာတွေက ဆိုတာက ဒါကလည်း ရှမ်းပြည်ကနေ မကင်းနိုင်ဘူးလေ၊ ဒီသံလွင်မြစ် ကြောင်းကတော့ Dam တွေ ဘာတွေ ဆောက်ပြီးတော့ လုပ်လို့ရသေးတယ်။ မဲခေါင်မြစ်ကတော့ အတားအဆီး မရှိဘဲ သင်္ဘောလာတိုင်း လဲလှယ်လို့ရနေတာဘဲ အဲတော့ ဘယ်လိုမှ မရနိုင်ဘူးလေ။

    ဟိုနိုင်ငံတကာ ရေပိုင်နက်ထဲမှာ သွားပြီးတော့ အပြောင်းအလဲတွေလုပ်ကြလို့ရတယ်လေ။ ဒါကြောင့် ဦးသိန်းစိန် လက်ထက်မှာ ဒါတွေက(မူးယစ်ဆေးဝါး) ဒုတိယအဆင့် ပြန်ရောက်လာတာပေါ့။

    မေး။ ။ ဟုတ်ကဲ့အခုလို စိတ်ရှည်လက်ရှည် ဖြေကြားပေးတဲ့အတွက် မွန်သတင်းအေဂျင်စီက အထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျား။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts