spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းသက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ မီးရှို့ဖျက်ဆီး

    သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ မီးရှို့ဖျက်ဆီး

    -

    မော်လမြိုင်မြို့နယ်ဈေးဆိုင်များမှ သိမ်းဆီးရမိသော သက်တမ်းလွန်ခွင့်ပြုချက်မဲ့ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို မေလ (၅) ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းသုဿန်၌ မီးရှို့ဖျက်ဆီးခဲ့သည်။

    အမျိုးအမည် (၈၁) မျိုးပါဝင်သော တရားမဝင်ဆေးဝါး ၄၉,ဝ၀ဝ ကျပ်၊ သက်တမ်းလွန် ဆေးဝါး ၂၆,ဝ၂,၁၈၀ ကျပ်၊ စပ်ဆေး ၁၇၀ဝ ကျပ်၊ အလှကုန်နှင့် လူသုံးကုန် ၁၁၈,၆၆,၈၈၀ ကျပ်နှင့် ၂၈၇,၅၅,၂၀၅ ကျပ် စုစုပေါင်းကျပ်သိန်း ၄၀ဝ ကျော်တန်းဖိုးရှိသည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

    -သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ(MNA)
    -သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များ(MNA)

    မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးနိုင် က “ဒီနေ့ကျနော်တို့ မီးရှို့ဖျက်ဆီးတာဟာ မော်လမြိုင်မြို့နယ်မှာရှိတဲ့ ဈေးတွေ၊ ဈေးပြင်ပတွေမှာရှိတဲ့ကုန်စုံဆိုင်တွေ စတိုးဆိုင်တွေမှာ ဈေးကွက်ထောက်လှန်းစစ်ဆေးတဲ့အခါက သိမ်းဆီးရမိတာပါ။ အလှ ကုန်တွေနဲ့ တာမြစ်ဆေးဝါးတွေ များတယ်” ဟု ဆိုသည်။

    ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ မှ ၂၀၁၆ ခုနှစ် မတ်လ ၂၉ ရက်နေ့အထိ မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် မွန်ပြည်နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ဖမ်းဆီးရမိသော ပစ္စည်းများဖြစ်သည်ဟု မွန်ပြည်နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာနမှ သိရသည်။

    သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များမီးရှို့ရန်ပြင်ဆင်နေပုံ(MNA)
    သက်တမ်းလွန်ခွင့်ပြုချက်မဲ့ ဆေးဝါးနှင့်စားသုံးကုန်များမီးရှို့ရန်ပြင်ဆင်နေပုံ(MNA)

    မွန်ပြည်နယ်တွင် စားသုံးကုန်ပစ္စည်းအပါအဝင် အလှကုန်၊ တာမြစ်ဆေးဝါးများနှင့် ပတ်သက်သော အသိပညာပေးရှင်းလင်းသွားမည်ဖြစ်ရာ ဈေးဆိုင်ရောင်းသူအပါအဝင် ပြည်သူလူထု အားလုံး ပူးပေါင်းပါဝင်တက်ရောက်စေလိုသည်ဟု ဒေါက်တာစိုးနိုင်က ဆက်ပြောသည်။

    မွန်ပြည်နယ် စားသုံးသူကာကွယ်ရေးဦးစီးဌာန တာဝန်ခံ ဦးအောင်ကျော်မိုးက “စားသုံးသူတွေ ဘေးအန္တရာယ် ကင်းရှင်းရေး၊ စိတ်ကျေနပ်မှုရရှိစေရေးအတွက် ဆိုပြီး ဈေးကွက်အတွင်းရှိ အစားသောက် တွေကို FDA နဲ့ ပူးပေါင်းပြီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးရတာဖြစ်တယ်” ဟု ဆိုသည်။

    အဆိုပါစားသုံးမသင့် ကုန်ပစ္စည်းများကို ဈေးဆိုင်များအတွင်းသို့ မကြာခဏ ဝင်ရောက်ရှာဖွေကြောင်း၊ ဈေးရောင်းသူများ ဆုံးရှုံးနစ်နာမှုမရှိစေရန် လက်ကမ်းကြော်ငြာများဖြင့် အသိပေးခဲ့ကြောင်း၊ ယခုအချိန်တွင် ပညာပေးကာလဖြစ်ပြီး နောက်နောင်တွင် အရေးယူမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ဦးအောင်ကျော်မိုးက ဆက်ပြောသည်။

    အလားတူ လွန်ခဲ့သော ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့တွင်လည်း မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ မွန်ပြည်နယ် စားသုံးသူကာကွယ်ရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး သိမ်းဆည်းရမိ သော သက်တမ်းလွန် လူသုံးကုန်ပစ္စည်များနှင့် ခွင့်ပြုချက်မဲ့ဆေးဝါးများ တန်ဖိုးငွေ ကျပ် ၂၇ သိန်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts