spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းမွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးခု အိတ်ဖွင့်တင်ဒါခေါ်ယူ

    မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးခု အိတ်ဖွင့်တင်ဒါခေါ်ယူ

    -

    မွန်ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းသုံးခု ဖြစ်သည့် လမ်း၊ တံတား၊ ရေပေးဝေရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်သွားရန် ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဧပြီလ ၂၆ ရက်နေ့တွင် အိတ်ဖွင့်တင်ဒါများ စတင်ခေါ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကွန်ကရစ်လမ်း (၁၈/ ၄.၇၈) မိုင်၊ ကတ္တရာလမ်း (၁၃/ ၁.၄) မိုင်၊ ကျောက်လမ်း (၄/၄) မိုင်၊ မြေသားလမ်း (၂/ ဝ.၂၈) မိုင်၊ ကွန်ကရစ်တံတား ၁၁ စင်း ၄၃၉ ပေ၊ သစ်သားတံတားတစ်စင်း ၄၀ ပေ၊ တွင်းတိမ် ၁၂ တွင်း၊ တွင်းနက် ၂၀ တွင်း၊ လက်တူးတွင်း ၁၇ တွင်း၊ မြေသားရေကန် ရှစ်ကန်၊ စိမ့်စမ်း ၁၃ ခု၊ အခြား ၂၂ ခုတို့ စသည့် တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ရန် မွန်ပြည်နယ်အတွင်း လုပ်ငန်းရှင်ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်ခြင်း ဖြစ်သည်။

    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည် က “ ဒီ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ ရန်ပုံငွေနဲ့ ဆောင်ရွက်မယ့်လုပ်ငန်းတွေမှာ လမ်း၊ တံတား၊ ရေးပေးဝေရေးလုပ်ငန်းရယ်ဆိုပြီးတော့ အဲဒီလုပ်ငန်းတွေကို တင်ဒါခေါ်ယူဖို့ ဆောင်ရွက်နေပါတယ်၊ တင်ဒါခေါ်ယူတဲ့နေရာမှာ အားလုံးသိရှိအောင် ပွင့်လင်းမြင်သာစွာနဲ့ သတင်းစာထဲမှာ ထည့် သွင်းကြေငြာတယ်” ဟုပြောသည်။

     မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး(MNA)
    မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး(MNA)

    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် သတင်းစာထဲတွင် ထည့်သွင်းကြေငြာပြီးသည်နှင့် ကြေငြာဖြတ်ပိုင်းနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့၊ တင်ဒါစိစစ် ရွေးချယ်ရေးကော်မတီ၊ တင်ဒါလုပ်ငန်းကော်မတီ၊ တည်ဆောက်ရေး ကော်မတီများကို တင်ပြရမည်ဖြစ်ကြောင်းနှင့် တင်ဒါ စိစစ်ရေးကော်မတီများမှ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရ နှင့် ရုံးချုပ်ကို တင်ပြပြီး ကြေငြာသွားမည် ဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
    မွန်ပြည်နယ်အတွင်း တင်ဒါတင်သွင်းလိုသည့် ကုမ္ပဏီများသည် ဦးစီးဌာနမှ သတ်မှတ်ထားသော လုပ်ငန်းစံနှုန်း၊ ဒီဇိုင်းပုံစံများနှင့်အညီ အသေးစိတ် ရေးဆွဲတွက်ချက်တင်ရမည်ဖြစ်ပြီး ကုမ္ပဏီမှတ်ပုံတင် မိတ္တု နှင့် Profile တင်ပြရမည်ဖြစ်ကြောင်း ယင်းကြေငြာချက်တွင် ဖော်ပြထားသည်။

    တင်ဒါလျှောက်လွှာပုံစံများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဉီ်းစီးဌာနက ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂၆ ရက်နေ့အထိ ရောင်းချပေးနေကြောင်း သိရသည်။

    ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးဝင်းနိုင် က “ ဒီလုပ်ငန်းစဉ်တွေကို ဒီနှစ်မရောက်ခင် မနှစ်က နှစ်ဝက်လောက်မှာ လုပ်ငန်းတွေကို ကျေးရွာတွေရဲ့ လိုအပ်ချက်တွေကို တောင်းခံပြီးတော့မှ ကြိုတင်လျာထားတယ်၊ ပြီးတော့မှ ပြည်ထောင်စုကို တင်ပြတယ်၊ အဲဒီကနေတစ်ဆင့် ရုံးချုပ်ကနေ ကျလာတဲ့ ဘတ်ဂျက် အပေါ် မူတည်ပြီးတော့မှ လုပ်ငန်းတွေကို ချပေးတယ်၊ အခုလုပ်ငန်းတွေကို တင်ဒါစနစ်နဲ့ တင်ဒါဆိုတာကလည်း ဌာနက လုပ်တာမဟုတ်ဘူး၊ နိုင်ငံတော်ရဲ့ မူပေါ့နော်၊ ပုဂ္ဂလိက အခန်းကဏ္ဍ မြှင့်တင်ရေး ဆိုတဲ့ အချက်ကို ချမှတ်ထားတာရှိတယ်၊ အထူးသဖြင့် ဒီ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ဌာနေ ကုမ္ပဏီတွေကို ဦးစားပေးတယ်” ဟုပြောသည်။

    တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းတန်ဖိုး၏ ၅ ရာခိုင်နှုန်းကို လုပ်ငန်းအာမခံအဖြစ် ဦးစီးဌာနကို ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါမအောင်မြင်သည့် ကုမ္ပဏီများကိုလည်း ထည့်သွင်းထားသည့် လုပ်ငန်းအာမခံ ၁ ရာခိုင်နှုန်းကိုသာ ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

    သို့ရာတွင် ယခင်မွန်ပြည်နယ်အစိုးရလက်ထက်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအတွက် တင်ဒါခေါ်ယူခဲ့ရာတွင် ပြည်နယ်ပြင်ပအခြေစိုက် ကုမ္ပဏီကြီးများအားလျောက်ခွင့်မပြုဟု ဆိုသော်လည်း တင်ဒါကျလာသည့်အခါ အဆိုပါကုမ္ပဏီကြီးများသာရရှိခဲ့သည့် ဖြစ်ရပ်များတွေ့ရှိခဲ့ကြောင်း ဝေဖန်ထောက်ပြမှုများ ရှိခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts