မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / မေးမြန်းချက် / မွန်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာမင်းကြည်၀င်းနှင့် တွေ့ဆုံခြင်း

မွန်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေး၀န်ကြီး ဒေါက်တာမင်းကြည်၀င်းနှင့် တွေ့ဆုံခြင်း

ရေးသားသူ: >

မေး။ ။အခုလက်ရှိမှာ သဘာ၀ပတ်၀န်းကျင်နဲ့ပတ်သတ်ပြီးတော့ ဆရာ့အနေနဲ့ ဘယ်လိုကိစ္စတွေကို ဆောင် ရွက်သွားဖို့ရှိသလဲ။

ဖြေ။ ။အခုလက်ရှိမှာတော့ ပြည်သူတွေတောင်းဆိုနေတဲ့ ကျိုက်မရောမြို့နယ်ထဲက ကျောက်မီးသွေးကိစ္စ၊ အံဒင်ဘက်ကကိစ္စတွေလည်း ပြေလည်ဖို့အတွက်ကို သူတို့ဘယ်လိုလုပ်ဆောင်နေတာလဲ စာချုပ်တွေဘယ်လို ချုပ်ထားသလဲဆိုတာနဲ့ ဘယ်လိုအပေးအယူလုပ်ထားသလဲဆိုတာကို သေသေချာချာမသိသေးဘူး။ ဒါပေမယ့်ဒီကိစ္စကိုအမြန်ဆုံးလုပ်ဆောင်ဖို့ကိုတော့ စဉ်းစားထားတယ်။

မေး။ ။ပြည်သူတွေဆီကနေစာတွေပေးပို့လာတာတွေရှိသလား၊သူတို့ဆီကနေဘာတွေပြန်ကြားရတာရှိသလဲ။

ဖြေ။ ။ဒီရက်ပိုင်းကြားမှာပြည်သူတွေဆီကနေစာတွေရောက်လာဖို့ရှိတယ်လို့ ကြားနေရတယ်။ ကျိုက်မရောဘိလပ်မြေစက်ရုံနဲ့ပတ်သတ်ပြီးတော့ ပြည်သူတွေနဲ့တွေ့ဆုံပွဲလုပ်တဲ့အချိန်တုန်းကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ သူတို့ဖိတ်ခဲ့တယ်လေ။ ဒီတော့ ပြည်သူလူထုရဲ့ကျန်းမာရေးကို ထိခိုက်လာစေမယ့်ဟာမျိုးကိုတော့ အပြင်းအထန်ကန့်ကွက်သွားမှာပါ။

ဒေါက်တာမင်းကြည်၀င်း(MNA)
ဒေါက်တာမင်းကြည်၀င်း(MNA)
မေး။ ။MCL ဘိလပ်မြေစက်ရုံမှာ ကျောက်မီးသွေးသုံးမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့ ပြည်သူတွေကို ဘာတွေလုပ်ဆောင်ပေးနိုင်မှာလဲ၊ အခက်အခဲအနေနဲ့ရော ဘာတွေရှိလာနိုင်မလဲ။

ဖြေ။ ။အခက်ခဲတွေကတော့ သူတို့စာချုပ်ကိုဘယ်လိုချုပ်ထားသလဲဆိုတာကိုပေါ့နော်။ ဥပမာပြောရရင် စာချုပ်ထဲမှာ ကျောက်မီးသွေးနဲ့ပဲ လည်ပတ်ရမယ်လို့အရင်အစိုးရနဲ့ စာချုပ်ချုပ်ထားခဲ့မယ်ဆိုရင် ဒီကုမ္မဏီတွေနဲ့စကားပြောရတော့မှာပေါ့။ တစ်ချိန်မှာတခြားနည်းလမ်းကိုသုံးပြီးတော့ လည်ပတ်ဖို့အတွက်ကိုပြောရမှာပေါ့။ ကျောက်မီးသွေးကိုတော့ ကျွန်တော်တို့ကန့်ကွက်သွားမှာပါ။ နိုင်ငံတကာမှာလည်းဒါကိုလက်မခံနေဘူးလေ။ ဒါကြောင့်ကျွန်တော်တို့ နိုင်ငံမှာဒါမျိူးတွေလည်ပတ််််နေတယ်ဆိုရင်တော့ အဓိပ္ပါယ်မရှိဘူးလေ။ အခုသူတို့ဒီနည်းလမ်းကိုသုံးတယ်ဆိုတာ ကုန်ကျစရိတ်နည်းပြီးတော့ သူတို့ရဲ့ကုန်ထုတ်စွမ်းအားများများရဖို့အတွက်ကိုပဲ ကုမ္မဏီတွေက ကြည့်တာလေ။ ဒါပေမယ့်ဒါတွေကိုရှုနေရတာက ကိုယ့်ဆီကအလုပ်သမားတွေပဲလေ။

မေး။ ။စာချုပ်မှာတော့ လှျပ်စစ်၊ဂက်စ်ပြီးတော့မှ ဒါတွေမရခဲ့ရင် ကျောက်မီးသွေးသုံးမှာပေါ့။ ဒီတော့ ဒီစက်ရုံလည်ပတ်ဖို့အတွက်ကို အစိုးရအနေနဲ့လှျပ်စစ်ဓါတ်အားပေးနိုင်ပါ့မလား၊ ဒါမှမဟုတ်ဘူးဆိုရင် ဒီအတိုင်းဆက်သွားစေမှာလား။

ဖြေ။ ။ အစိုးရဘက်ကနေ ပေးဖို့ဆိုတာကလည်း ဂက်စ်နဲ့လည်ပတ်ရမှာ၊ ဒီတော့တစ်နေရာရာကနေ ဂက်စ်ရမှလည်ပတ်လို့ရမှာ။ လောင်စာဆီနဲ့လည်ပတ်ဖို့ဆိုပြန်တော့လည်း ကုန်ကျစရိတ်များသွားမယ် စျေးတွေမြင့်သွားမယ်။ ဒီတော့သူတို့အကျိုးအမြတ်တစ်ခုတည်းကို ကြည့်လို့မရဘူး ဘိလပ်မြေတွေကို စျေးနှုန်းတင်ချင်ရင်တင်ပေါ့။ ဒီတော့တခြားနည်းလမ်းနဲ့လည်ပတ်ပါ၊ ဒါပေမယ့်သေသေချာချာကိုစာချုပ်ချုပ်ထားတယ်ဆိုရင်တော့ ဒါကိုဖြည်းဖြည်းချင်းစီရွေ့သွားမှာပေါ့။ ဒီကြားထဲမှာ ၀န်ကြီးချုပ်နဲ့လည်းတွေ့ဖို့ ရှိနေတယ်။ ဒီကိစ္စကိုသူလည်း သိနေတယ်ဆိုတော့ ဘယ်လိုအစီအစဉ်တွေရှိသလဲ သူ့ဆီကနေ အကြံဉာဏ်တွေလည်းယူလို့ရတာပေါ့။ တကယ်တော့ ကျွန်တော်တို့လည်းသွားပြီးလေ့လာသင့်တယ်။ ဘယ်စွန့်ပစ်ကြသလဲ ရေတွေဘယ်လိုထုတ်နေသလဲ။ ပြီးတော့မီးခိုးငွေ့တွေကိုဘယ်လိုထိန်းသိမ်းထားသလဲဆိုတာတွေကိုပေါ့။ ကျောက်မီးသွေးကိုဘယ်လိုထိန်းသိမ်းကြမလဲ။ အကြံပေးသင့်တယ်ဆိုရင်လည်းပေးရမှာပေါ့။ စက်ရုံကလည်နေပြီး ဒါပေမယ့်စက်ရုံကိုပိတ်ခိုင်းလို့မှမရသေးတော့ အန္တရယ်အနည်းဆုံးဖြစ်အောင် လုပ်ဖို့လိုမယ်လို့မြင်တာပေါ့။ ဒါပေမယ့်ကျောက်မီးသွေးကိုတော့ တစ်ကမ္ဘာလုံးကမသုံးတော့ပါဘူး ဒါကိုကန့်ကွက်နေကြတာပါ။

မေး။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာ။

About မွန်သတင်းအေဂျင်စီ

Check Also

လူ/ကယ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေနှင့် တွေ့ဆုံမေးမြန်းခြင်း

မိုးရာသီ မိုးဦးကာလ ရောက်ရှိပြီဖြစ်လို့ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ မိုးကြိုးအန္တရာယ်နှင့် တခြားသဘာဝဘေးအန္တရာယ်တွေ ကျရာက်လာနိုင်တဲ့အတွက် သတိထားသင့်သည့် ဆောင်ရန် ၊ရှောင်ရန် အချက်များကို သိရှိနိုင်စေရန် မွန်ပြည်နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ …

Leave a Reply

%d bloggers like this: