spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းရှမ်းပြည်မြောက်ပိုင်းပဋိပက္ခ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များ ပူးပေါင်းကာကွယ်မည်ဟု ပန်ခမ်း အစည်းအဝေးမှ ကြေညာ

    ရှမ်းပြည်မြောက်ပိုင်းပဋိပက္ခ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်များ ပူးပေါင်းကာကွယ်မည်ဟု ပန်ခမ်း အစည်းအဝေးမှ ကြေညာ

    -

    ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း တိုက်ပွဲများ ဖြစ်ပွားနေသည့် အတွက် တဖက်မှ ပဋိပက္ခ ဖြစ်ပွားအောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းများ ပူးပေါင်း၍ တားဆီး ကာကွယ်မည်ဟု ပန်ခမ်းအစည်းအဝေးမှ ထုတ်ပြန် ကြေညာလိုက်သည်။

    “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့တွင် NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်း ခေါင်းဆောင်များ အစည်းအဝေးတစ်ရပ် ၂၀၁၆ ခုနှစ် မတ် ၂၆ ရက်မှ ၂၈ ရက်နေ့တွင် ကျင်းပခဲ့ကြပြီး ထိုသို့ ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပထမပန်ခမ်းညီလာခံတစ်ရပ်ကျင်းပခဲ့စဉ်(Internet)
    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပထမပန်ခမ်းညီလာခံတစ်ရပ်ကျင်းပခဲ့စဉ်(Internet)
    “တိုင်းရင်းသားတွေ လက်နက်ကိုင်တော်လှန်ရေးလုပ်တာက နိုင်ငံရေးပြဿနာကို ပြေလည်စေချင်လို့ပါ။ တပ်မ တော်က RCSS ကို အသုံးချပြီးတော့ ကျွန်တော်တို့ နဲ့ တိုက်ပွဲ ဖြစ်ပွားအောင် လုပ်နေတယ်လို့ မြင်တယ်။NCA လက်မှတ် မထိုးခင်က ရှမ်းမြောက်မှာ ဘာမှ မဖြစ်ခဲ့ဘူး MNDAA၊ KIA ၊ SSPP၊ UWSA ၊ တခြား အဖွဲ့တွေလည်း ရှိတယ်။အားလုံး ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်။ အခု NCA ထိုးပြီးတော့ RCSS က တောင်ပိုင်းက နေ မြောက်ပိုင်းကို တက်လာကြတယ်။ ဒီကြားထဲမှာ မိုင်ပေါင်း တော်တော် ဝေးတယ်။အဲဒီမှာ အစိုးရတပ်မတော် တပ်ရင်းတွေလည်း အများအပြားရှိတယ် သူတို့ ဘာလို့မတားကြတာလဲ။ အခု RCSS နဲ့ကျွန်တော်တို့ တိုက်ပွဲ တွေ ဖြစ်လာမှ ပြန်ခိုင်းနေတယ်။ RCSS ကမပြန်ဘူးပြောတယ်။ဒါတွေက တပ်မတော်ဘက်က ပဋိပက္ခတွေ ဖြစ်အောင် ဖန်တီးနေတယ်လို့ မြင်ပါတယ်” ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

    ၂၀၁၆ ခုနှစ်၊ မတ် ၂၈ ရက်က ထုတ်ပြန် ကြေညာ ခဲ့သော ပန်ခမ်း ကြေညာချက်တွင် တိုင်းရင်းသား လက်နက် ကိုင် တော် လှန်ရေးအဖွဲ့အစည်း၊ခေါင်းဆောင်များ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊မတ် ၂၆ ရက်မှ ၂၈ ရက်နေ့ အထိ ပန်ခမ်းမြို့၌ ကျင်းပပြုလုပ်ခဲ့ကြပြီး UWSA/UWSP၊ KIO/KIA၊ SSPP/SSA၊ PSLF/TNLA၊ MNDAA၊ ULA/AA၊ NDAA တို့မှ ကိုယ်စားလှယ် စုစုပေါင်း ၃၄ ဦး အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း အစည်းအဝေးတွင် တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ မျက်မှောက်ပြည်တွင်း နိုင်ငံရေးအခြေအနေ နှင့် ပတ်သက်၍ ပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြသည်ဟု ဖော်ပြထားသည်။

    ထို့ပြင် ပြီးခဲ့သော ပန်ခမ်းထိပ်သီး အစညး်အဝေး ၂ ကြိမ်၏ သဘောတူညီချက် နှင့် အညီ အားလုံးက အစိုးရသစ် နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိပြီး အစိုးရသစ်နှင့် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရန် သဘောတူညီချက် ရရှိခဲ့ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးအတွက် အချက်အလတ်ကောင်းများ ဖန်တီးသွားရန် သဘောတူကြကြောင်း ပန်ခမ်း အစည်းအဝေး ထုတ်ပြန်ချက်က ဆိုသည်။

    အစည်းအဝေး၌ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA ဖြစ်ပွားနေသည့် ပဋိပက္ခ နှင့် ပတ်သက်၍ ညှိနှိုင်းခဲ့ကြပြီး နှစ်ဦး နှစ်ဖက် ချက်ချင်းအပစ်ခတ်ရပ်စဲရန် တိုက်တွန်းတောင်းဆိုပါကြောင်း နှစ်ဦး နှစ်ဖက် ညှိ နှိုင်းဆွေးနွေးသည့် နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းသွားရန် တိုက်တွန်းပါကြောင်း၊ အကယ်၍ တဖက်က ပဋိပက္ခဖြစ်ပွားအောင် ဆက်လက်ဆောင်ရွက်နေပါက တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများသည် ပူးပေါင်း၍ တားဆီးကာကွယ်သွားမည်ဖြစ်ကြောင်း သဘောတူကြောင်း၊ တချိန်တည်းမှာ ၎င်းဒေသရှိ ပြည်သူလူထု၏ တည်ငြိမ်အေးချမ်းရေးအတွက် မြန်မာ့တပ်မတော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှား တိုက်ခိုက်နေမှုများ ချက်ချင်းရပ်တန့်ရန် တောင်းဆိုပါကြောင်း ပန်ခမ်းအစည်းအဝေးက ထုတ်ပြန် ကြေညာခဲ့သည်။

    “ကျွန်တော်တို့ ဘက်ကနေ တပ်မတော် ဝင်ရောက်တိုက်ခိုက်ပေးတာမရှိပါဘူး။ ကျွန်တော်တို့ ရှမ်းမြောက်ကို တပ်အင်အား တိုးချဲ့လာတာက လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ။TNLA က ရှမ်းလူထုကို ဖမ်းဆီးချုပ်နှောင်မှု တွေလုပ်နေတယ်။ လူမျိုးရေး ပြဿနာဖြစ်အောင် ဖန်တီးနေတယ်။ကျွန်တော်သိချင်နေတာက TNLA ရဲ့ နောက်မှာ ဘယ်သူ ကျောထောက် နောက်ခံ ရှိနေလဲဆိုတာပါဘဲ။ကျွန်တော်တို့ဘက်က TNLA နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သုံးပါပဲ။ တခြားလူနဲ့တော့ မတွေ့ချင်ဘူး TNLA က တာဝန်ရှိသူတွေနဲ့ပဲ တွေ့ချင်တယ်။ ဒါမှ ဒီပြဿနာကို ဖြေရှင်းနိုင်မှာဖြစ်တယ်” ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဌ ဒုဗိုလ် ချုပ်ကြီးယွက်ဆစ်က မတ် ၅ ရက် ရန်ကုန်မြို့ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ်တွင် ပြောကြားခဲ့သည်။

    ရှမ်းပြည်နယ်မြောက်ပိုင်းတွင် RCSS နှင့် TNLA တို့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ ကျောက်မဲ၊ကွတ်ခိုင်၊နမ့်ခမ်း၊စသည့် မြို့နယ်များအတွင်း တိုက်ပွဲများ အပြင်း အထန် ဖြစ်ပွားခဲ့ကြပြီး စစ်ရှောင် ဒုက္ခသည် များအဖြစ် ဒေသခံ ၄၀ဝ၀ ကျော် ထွက်ပေး တိမ်းရှောင်ခဲ့ကြ ရ သည်။

    ထို့ပြင် ကျောက်မဲမြို့နယ်၊ တောဆန်ကျေးရွာအုပ်စုအတွင်းတွင် ဒေသခံ လူထုများ ဖမ်းဆီးချုပ်နှောင်မှုများ ခံခဲ့ ကြရသလို သတ်ဖြတ်ခြင်းလည်း ခံခဲ့ကြရသည့် ဖြစ်ရပ်များလည်း ဖြစ်ပွားခဲ့ခြင်းကြောင့် ကျောက်မဲမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းအောင်က ၂၀၁၆ ခုနှစ်၊ဖေဖော်ဝါရီ ၁၆ ရက်က ပြည်သူ့လွှတ်တော်သို့ အရေးကြီး အဆိုတင်သွင်းကာ စစ်ပွဲများ ရပ်တန့်ပေးရန် နှင့် စစ်ရှောင်ဒုက္ခသည်များအား ကူညီစောင့်ရှောက်ပေးရန် ဆွေးနွေးခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts