spot_img
Thursday, March 28, 2024
More
    spot_img
    Homeမေးမြန်းချက်မွန်ပြည်နယ်လွှတ်တော်အတည်ပြုထားတဲ့ ဝန်ကြီးချုပ်သစ်နှင့် တွေ့ဆုံခြင်း

    မွန်ပြည်နယ်လွှတ်တော်အတည်ပြုထားတဲ့ ဝန်ကြီးချုပ်သစ်နှင့် တွေ့ဆုံခြင်း

    -

    နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံထားရသော ဦးထင်ကျော်မှ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် NLD လွှတ်တော်ကိုယ်စားလှယ် ဘီးလင်းမဲဆန္ဒနယ် (၂) မှ ဦးမင်းမင်းဦးကို တင်ပြခဲ့ သည်။ မာတ်လ (၂၉) ရက်နေ့ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ တွင် ကန့်ကွက်သူမရှိဖြင့် မွန်ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည်။

    မွန်ပြည်နယ်လွှတ်တော်အတည်ပြုထားသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်သစ် ဦးမင်းမင်းဦးကို မွန်သတင်းအေဂျင်စီ အယ်ဒီတာ(ဆောင်းပါး) မင်းသစ္စာခိုင် တွေ့ဆုံမေးမြန်းချက် ဖြစ်ပါသည်။

    မွန်ပြည်နယ်လွှတ်တော်က အတည်ပြုသည့် ဝန်ကြီးချုပ်
    မွန်ပြည်နယ်လွှတ်တော်က အတည်ပြုသည့် ဝန်ကြီးချုပ်

    မင်းသစ္စာခိုင် ။ ။ မင်္ဂလာပါ။
    ဦးမင်းမင်းဦး။ ။ မင်္ဂလာပါခင်ဗျာ။

    မင်းသစ္စာခိုင် ။ ။ မွန်ပြည်နယ်လွှတ်တော်က ဝန်ကြီးချုပ်အနေနဲ့ အတည်ပြုလိုက်ပြီဆိုတော့ ရှေ့ဆက်ပြီး ဘယ် လိုလုပ်လဲဆိုတာ နည်းနည်းလောက် ပြောပြပေးလို့ရမလားခင်ဗျာ။
    ဦးမင်းမင်းဦး။ ။ ရှေ့ဆက်ပြီး ဘာလုပ်ရမလဲဆိုတော့ ကျွန်တော့်ကို အတည်ပြုရုံပဲ ရှိသေးတယ်။ နောက် ဝန် ကြီးဋ္ဌာနတွေရဲ့အခြေအနေတွေကို လေ့လာသုံးသပ်ရမယ်။ အားနည်းချက်ရှိရင် ပြုပြင်ဖာထေးမယ်။ အကောင်း ဆုံးဖြစ်အောင် ပြန်လုပ်မယ်။

    မင်းသစ္စာခိုင် ။ ။ ရှမ်း၊ ကရင်၊ ကချင်တို့မှာလည်း အစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့စည်းမယ်ဆိုပြီး အစီစဉ်အများကြီး ကို ပြောဆိုဆွေးနွေးနေတာ ရှိပါတယ်။ မွန်ပြည်နယ်မှာ အစိုးရအဖွဲ့ကို ဘယ်လိုဖွဲ့စည်းသွားမယ့် အစီစဉ်ရှိမလဲ ပြောပြပေးပါ။
    ဦးမင်းမင်းဦး။ ။ အဲဒီဟာကတော့ နည်းနည်းလေးသည်းခံပေးပါ။ ကျွန်တော်ဖွဲ့ပြီးတဲ့အချိန်အထိတော့ အချိန် ဘာမှမကျန်တော့ဘူး။ အဲလောက်အထိတော့ စောင့်ပေးပါ။

    မင်းသစ္စာခိုင် ။ ။ တာဝန်လွှဲပြောင်းပေးမယ့် အနေအထား ဘယ်လိုရှိပါသလဲ။
    ဦးမင်းမင်းဦး။ ။ မတ်လ (၃၁) ရက်နေ့ ကျွန်တော် ကျမ်းကြိမ်မယ်။ အဲဒီနေ့မှာ ကျွန်တော် (တာဝန်) လွှဲ ပြောင်းယူမယ်။

    မင်းသစ္စာခိုင် ။ ။ တာဝန်လွှဲတဲ့နေရာမှာ ဝန်ကြီးချုပ်တစ်ဦးထဲလား၊ အစိုးရအဖွဲ့တစ်ခုလုံးလား။ ဘယ်လိုလွှဲ ပြောင်းမှာလဲ။
    ဦးမင်းမင်းဦး။ ။ လက်ရှိအနေအထားအရတော့ ကြားထဲမှာ အချိန်ကာလနည်းနည်းလေး ကျန်သေးတယ်။ သိလာနိုင်တဲ့ အခြေနေလေးတွေ ရှိလာနိုင်တယ်။ နည်းနည်းလေး သည်းခံပေးပါ။

    မင်းသစ္စာခိုင် ။ ။ မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကတော့ အစိုးရအဖွဲ့ကို ဝန်ကြီး (၆) ဦးထက် မပိုတဲ့ အစိုးရအ ဖွဲ့ကို ဖွဲ့စည်းမယ်လို့ ပြောနေတဲ့အနေထားလည်း ရှိတယ်။ မွန်ပြည်နယ်အစိုးရအဖွဲ့ကို ကျစ်ကျစ်လစ်လစ်နဲ့ ဖွဲ့ စည်းနိုင်မဲ့ အစီစဉ်တွေ ရှိလား။
    ဦးမင်းမင်းဦး။ ။ သိလာမှာပါနော်။

    မင်းသစ္စာခိုင် ။ ။ အစိုးရအဖွဲ့ ဝန်ကြီးတွေကို ဘယ်လိုရွေးချယ်စိစစ်သွားမလဲ။
    ဦးမင်းမင်းဦး။ ။ ပြင်ပ ပညာရှင်တွေ ပါလာမယ်ဆိုရင် လွှတ်တော်က အတည်ပြုပေးရမယ်။ ကျန်တာတွေက လွှတ်တော်ကိုယ်စားလှယ်ထဲကလည်း ဖြစ်နိုင်တယ်။ တိုင်းရင်းသားတွေ ပါတီကလည်း ဖြစ်နိုင်တယ်။ အချိန် စောင့်ပေးပါ၊ မကျန်တော့ပါဘူး။

    မင်းသစ္စာခိုင် ။ ။ ကိုယ်ကိုတိုင် ဝန်ကြီးချုပ်ဖြစ်လာပြီဆိုရင် မွန်ပြည်နယ်အတွက် ဘာကို ဦးစား ပေး လုပ်ဆောင်သွားမှာလဲ။
    ဦးမင်းမင်းဦး။ ။ မွန်ပြည်နယ်အတွက် ကျွန်တော်သိထားတာက ပြည်နယ်လုံးရဲ့ အသက်သွေးကြော၊ တစ်နယ် လုံးရဲ့ အဓိကစီးပွားရေးလုပ်ငန်း၊ ရော်ဘာလုပ်ငန်းကို ကမ္ဘာမှာလည်း ထိနေတဲ့အတွက် ကျွန်တော်တို့မြန်မာနိုင် ငံမှာ ပိုထိတယ်။ သူများတွေထက် ပိုနိမ့်တဲ့သဘောရှိတယ်။ အဲဒီလုပ်ငန်းကို ကျွန်တော်အာရုံရှိပါတယ်။ နောက် ထပ် ဟာတွေကတော့ ကျွန်တော်ဝန်ကြီးချုပ်ဖြစ်တဲ့နေ့ကျရင် လာဗျူးပါ။

    မင်းသစ္စာခိုင် ။ ။ တချို့ဖောင်ဒေးရှင်းအပိုင်ဆိုပြီး ကဏ္ဍတွေ ခွဲနေကြတယ်။ ပညာရေးအခြေခံအုတ်မြစ်တွေ အခြေခံအဆောက်အုံအပိုင်းအနေနဲ့ ဘယ်လိုလုပ်ဖို့ အစီစဉ်ရှိလဲ။
    ဦးမင်းမင်းဦး။ ။ ဝန်ကြီးဋ္ဌာနတွေရဲ့ ဒီနေ့အထိ လုပ်ဆောင်ချက်ကို ကျွန်တော်ပြန်ကြည့်ရမယ်။ ပညာရေးမှာ ဘယ်မြို့နယ်တွေမှာ အားနည်းလဲ။ ကျွန်တော်သိထားတာက တိုင်းရင်းသားဒေသတွေမှာ ကျောင်းတွေအား နည်းတာ သိရတယ်။ ကျွန်တော်ကိုယ်တိုင် ထိတွေ့သိရှိတဲ့အခါကျရင် အားနည်းတဲ့နေရာမှာ ဦးစားပေးမယ်။ အဓိက တိုင်းရင်းသားဒေသတွေကို ဦးစားပေးမယ်။

    မင်းသစ္စာခိုင် ။ ။ လောလောဆယ် မော်လမြိုင်ကမ်းနားလမ်း အဆင့် (၆) နဲ့ပတ်သက်ပြီးတော့ လွှတ်တော်မှာလည်း စိစစ်ဖို့ရှိ တယ်။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။
    ဦးမင်းမင်းဦး။ ။ ပြီးခဲ့တဲ့ဝန်ကြီးအဖွဲ့က တာဝန်ခံပြီး လုပ်သွားတာလေ။ လွှတ်တော်က တာဝန်ခံထားတာတော့ သိချင်လို့ မေးတဲ့အနေအထားပါ။ ဝန်ကြီးဌာနက သက်ဆိုင်ရာ ကျန်ရှိပုဂ္ဂိုလ်တွေက လာရှင်းရလိမ့်မယ်။ အဲဒီအ ဖြေအပေါ် မူတည်ပြီး ကျွန်တော်တာဝန်ယူရတဲ့အချိန်မှာ ကျွန်တော်ဘာကူညီဆောင်ရွက်နိုင်မလဲ။ ကျွန်တော် ဆက်လုပ်ပေးမယ်။

    မင်းသစ္စာခိုင် ။ ။ မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်တစ်ဦး တာဝန်ယူရမယ့်အနေအထားမှာ ဘယ်လို ပေါ်လစီတွေ ဘာရှိမလဲ ပြောပြပေးပါလား။
    ဦးမင်းမင်းဦး။ ။ မွန်ပြည်နယ်သူ၊ ပြည်နယ်သားတွေ အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်လာအောင် အချိန် ကာလတစ်ခုလေးမှာ ကျွန်တော်တို့ သွားတဲ့လမ်းကြောင်းနောက်မှာ မမှိတ်မသုန် လိုက်ပေးပါလို့ ကျွန်တော် ပြောကြားလိုပါတယ်။

    မင်းသစ္စာခိုင်။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျား။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts