မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မမှန်မကန်သော နည်းလမ်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိခြင်းကိစ္စ စိစစ်ပေးရန် တောင်းဆို

မမှန်မကန်သော နည်းလမ်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရရှိခြင်းကိစ္စ စိစစ်ပေးရန် တောင်းဆို

ရေးသားသူ: >

မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာအုပ်စုရှိ အမှတ်(၂)စက်မူ၀န်ကြီးဌာနမှ ကျူးကျော်ရာဘာ စိုက်ပျိုး ထားသော ၂၃ ဒသမ ၆၅ ဧကရှိမြေလွတ်၊ မြေလပ်နေရာများကို ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာလယ်ယာ
မြေကော် မတီဝင်များအား အသိပေးခြင်းမရှိဘဲ လယ်ယာမြေလုပ်ပိုုင်ခွင့်လက်မှတ်ပုံစံ ရ ရရှိခြင်းကိစ္စ ပြန် လည်စိစစ်ပေး ရန် တောင်းဆိုမှု ဖြစ်ပွားခဲ့သည်။

အဆိုပါမြေလွတ်၊ မြေလပ်နေရာများသည် စက်မူ၀န်ကြီးဌာနမှ မန်နေဂျာနှင့်မြေစာရင်းဦးစီးဌာနတို့ ပူးပေါင်းကာ ဦးခင်မောင်နှင့် အခြားသောပုဂ္ဂိုလ် ရဦးအား ရောင်းချခဲ့ခြင်းအပေါ် အုပ်ချုပ်ရေးမှူးနှင့် ရွာသားများက မကျေနပ်
ကြ၍ တောင်းဆိုခြင်းဖြစ်သည်ဟု ကွမ်းလှာကျေးရွာအုပ်ချုပ်ရေးမှုးဖြစ်သူ ဦးစိုးအောင်က ပြောသည်။
 “ပုံစံ ရ ရဖို့ဆိုတာက ကျေးရွာအုပ်ချုပ်ရေးမူးဆီကနေလာရမယ်။ ကျေးရွာအုပ်ချုပ်ရေးမူးကမသိရဘဲနဲ့ မြို့နယ်
မြေစာရင်းစီးဦးဌာနမှာလှျောက်ပြီးတော့ ပုံစံ ရ ရလာတာပေါ့။ ဒါကိုကျွန်တော်တို့ကမကျေနပ်ဘူး။ ကျွန်တော်တို့
ရွာမြေကိုကျွန်တော်တို့ဘာမှလည်းမသိရဘဲနဲ့ သူတို့ဒီအတိုင်းရသွားတာကိုတော့ကျွန်တော်တို့ဘယ်လိုနည်းနဲ့မှ မကျေနပ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။
ထိုမြေများကို ၀ယ်ယူခဲ့သည့် သူများသည် ကျေးရွာအုပ်ချုပ်ရေးမှူးထံတွင်ပုံစံ ၁ လာရောက်ထုတ်ယူခြင်းမရှိဘဲ မြို့နယ်မြေစာရင်းဦးစီးဌာနတွင် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ရ ကို တိုက်ရိုက် လှျောက်ထား၍
ရယူခဲ့ကြောင်းသိရသည်။

ကွမ်လှာကျေးရွာအနီးပတ်ဝန်းကျင်(MNA)
ကွမ်လှာကျေးရွာအနီးပတ်ဝန်းကျင်(MNA)
ယင်း ပုံစံ ရ ကို (၁ရ ရက်၊ ၁၀ လ ၂၀၁၃) ရက်စွဲဖြင့် မုဒုံမြို့နယ်
မြေစာရင်းဦးစီးဌာနတွင် လျှောက်ထားခဲ့ပြီး (၁၈ ရက် ၁၀လ ၂၀၁၃) ရက်နေ့တွင် အဆိုပါ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ ရ ကို
ရရှိခဲ့ခြင်းဖြစ်ကြောင်းဖြစ် သည်ဟုလည်း ဦးစိုးအောင်က ပြောသည်။
ထိုမြေရှိ ရာဘာပင်များကို ခုတ်လှဲရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးထံသို့လာရောက်ပြောကြား သည့်အခါ မှသာ ကျေးရွာအုပ်ချုပ်ရေးမှူးက သိရကြောင်း
၎င်းကဆက်ပြောသည်။
ထို့ကြောင့် ဇန်နဝါရီလ ၉ ရက် ၂၀၁၆ တွင် ကျေးရွာကော် (၃) ကော်မှ မွန်ပြည်နယ်အစိုးရအဖွဲ့ထံသို့ တင်ပြခဲ့ပြီး ကျေးရွာနေ ပြည်သူ ၄၈၃ ဦးမှလည်း ယင်းကဲ့သို့ မမှန်မကန်သောနည်းလမ်းဖြင့် ပုံစံ ရ
ရရှိခြင်းကိစ္စအပေါ် ကန့်ကွက်ကြောင်းလက်မှတ်ရေးထိုးကာ
မွန်ပြည်နယ်အစိုးရနှင့် ပြည် ထောင်စုအစိုးရထံသို့ ပေးပို့ခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ် ရက်စွဲဖြင့်
ပွင့်လင်းမြင်သာမှုမရှိဘဲ လယ်မြေ လုပ်ပိုင်ခွင့်လက်မှတ် (လယ်ယာမြေပုံစံ ၇)ရရှိထားခြင်းကိစ္စအာ စိစစ်ပေးရန် စုဖွဲ့စိစစ်ရေးအဖွဲ့ တစ်ရပ်ဖွဲ့ စည်းကာ
မြို့နယ်အုပ်ချုပ်ရေးမှုးမှု တာဝန်ပေးအပ်လိုက်သည်။
“အခုကျွန်တော်တို့ဦးခင်မောင်တစ်ယောက်ကိုပဲ စစ်ဆေးရသေးတယ်။ ကျန်တဲ့ ရ ယောက်ကို မစစ်ဆေးရ သေးဘူး။ မြေစာရင်းကနေစာရင်းရရင်တော့
ကျွန်တော်တို့ထပ်စစ်ရမယ် အခုကမပြီးသေးဘူး။ ဖေဖော်ဝါရီလ ၂၂
ရက်ကနေစပြီးတော့ ကျွန်တော်တို့စစ်ဆေးနေတာ။မြေစာရင်းကနေ
စာရင်းတွေမရသေးလို့ ကျွန်တော်တို့ နည်းနည်းကြန့်ကြာနေတာ” ဟု
စုဖွဲ့စိစစ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ မုဒုံမြို့နယ်မြေစာရင်းစီမံကိန်းဦးစီးဌာနမှ ဦးလှ ဆွေက ပြောသည်။
ယခင်က ယခုကဲ့သို့သောမြေယာပြဿနာများမရှိကြောင်းနှင့် ယခုအခါမြေယာနှင့်ပတ်သက်သည့် ပြဿနာ များစွာရှိကြောင်းလည်း ၎င်းကဆက်ပြောသည်။
ကျန်ရှိနေသည့် မြေကွက်၀ယ်ယူသူ ရ ဦးအားစစ်ဆေးမေးမြန်းပြီးပါက မြို့နယ်စီမံကိန်းဦးစီးဌာနနှင့် မြေစာရင်း ဦးစီးဌာနအပါအ၀င်တာ၀န်ရှိသူများက ကွင်းဆင်းကာ လေ့လာစစ်ဆေးမည်ဖြစ်ကြောင်းလည်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေးမြို့နယ် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောတည်ထောင်ရာတွင် ခက်ခဲမှုများရှိ

ရေးမြို့နယ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တော ( Community Forestry -CF ) တည်ထောင်ရာတွင် မြေယာအခက်အခဲနှင့် ဒေသခံများ စိတ်ပါဝင်စားမှုနည်းပါးခြင်းတို့ကြောင့် အခက်အခဲများရှိနေကြောင်း ရေးမြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။ Related

Leave a Reply

%d bloggers like this: