မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / တနင်္သာရီတိုင်းဒေသကြီးတွင် JMC-S ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်း

တနင်္သာရီတိုင်းဒေသကြီးတွင် JMC-S ကို အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်း

ရေးသားသူ: >

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-S)ကို တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၁၆ ခုနှစ်၊ ဖေဖော် ဝါရီ ၂၅ ရက်က အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ တနင်္သာရီတိုင်းဒေသကြီး JMC-S ကို ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(JMC-U)မှ တာဝန်ရှိသူများက သွားရောက် ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။

“တနင်္သာရီတိုင်းမှာ JMC-S ကို သွားဖွဲ့စည်းခဲ့တာပါ။အားလုံး အဆင်ပြေတယ်။နိုင်ငံရေး ဆွေးနွေးပွဲတွေ တည်တည်ငြိမ်ငြိမ်နဲ့ သွားနိုင်ဖို့က JMC အဆင့်ဆင့်က အရေးကြီးပါတယ်။ အခုဆိုရင် NCA စာချုပ်ကနေ ဆက်ပြီး အကောင်အထည်ဖော်လာတာ JICM ၊ UPDJC၊ JMC တို့ လည်ပတ်နေပါပြီး။ ဒီအချက်က ကောင်းမွန် တဲ့ ရလဒ်တွေဘဲဖြစ်ပါတယ်”ဟု မြန်မာငြိမ်းချမ်းရေးစင်တာ(MPC)မှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးတွင် ဖွဲ့စည်းခဲ့သော JMC-S တွင် တပ်မတော်မှ ၅ ဦး၊ KNU မှ ၅ ဦး၊ အရပ်သား ၄ ဦး၊ စုစုပေါင်း အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း ၎င်းက ပြောသည်။

အလားတူ ရှမ်းပြည်နယ်အတွင်းမှာလည်း JMC-S ကို ပြီးခဲ့သည့် ဇန်နဝါရီ ၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ခိုလမ်မြို့တွင် တပ်မတော်ဘက်မှ ၃ ဦး၊ RCSS/SSA မှ ၃ ဦး၊ PNLO မှ ၃ ဦး၊ ပြည်နယ် ရဲမင်းကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ရပ်မိ ရပ်ဖ ၃ ဦး၊ စုစုပေါင်း ၁၄ ဦးတို့ဖြင့် ဖွဲ့စည်းခဲ့ကြသည်။

ရှမ်းပြည်နယ်တွင်ဖွဲ့စည်းခဲ့သော JMC-S ဖွဲ့စည်းစဉ်တွင် အစိုးရတပ်မတော်မှ တာဝန်ရှိသူများ၊ပြည်ထောင်စုပစ် ခတ်တိုက်ခိုက်မှုရပ်စေဲ၇းဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC-U)ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ရဲမှူးချုပ်အပါအဝင် လက်နက်ကိုင်အဖွဲ့များဘက်မှ RCSS/S SA၊ PNLO၊ CNF၊ KNU၊ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်နက် ကိုင် ၈ ဖွဲ့ နှင့် အစိုးရတို့ လက်မှတ်ရေးထိုးခဲ့ကြပြီးနောက် NCA စာချုပ်ပါ သဘောတူညီချက်များဖြစ်သော JICM ဖွဲ့စည်းကာ အစည်းအဝေးများပြုလုပ်ခြင်း၊ UPDJC ဖွဲ့စည်းကာ နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ JMC-U ဖွဲ့စည်းကာ ပစ်ခတ်တိုက်ခိုက်မှုများကို စောင့်ကြည့်သွားရေး၊စသည့် ကိစ္စရပ်များကို အစိုးရ နှင့် အပစ် ရပ် လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့များက အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည်။

သို့သော် ပစ်ခတ်တိုက်ခိုက်မှုများမှာ ရပ်တန့်သွားခြင်းမရှိသေးဘဲ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ဆက်လက် ဖြစ်ပွား လျှက်ရှိနေသေးကြောင်း၊ အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေးအတွက် JMC-U မှ တဆင့် တိုင်း နှင့် ပြည်နယ်အသီးသီး တွင် JMC-S နှင့် JMC-L တို့ကို အဆင့်ဆင့် ထပ်မံ ဖွဲ့စည်းလျှက်ရှိသည်။

လက်ရှိ အချိန်တွင် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် JMC-S ကို ဖွဲ့စည်း နိုင်ခဲ့ပြီး ဖြစ်သည့် အတွက် ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးတို့တွင်လည်း ဆက် လက် ဖွဲ့စည်းသွားရန် ပြည်ထောင်စုပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC- U)က စီစဉ်ထားကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရပ်ရွာအေးချမ်းသာယာစေရေး လူမှုရေးပြဿနာများကိုဖြေရှင်းပေးသင့်

ဒီမိုကရေစီစနစ်ကို လေ့ကျင့်ပြုစုပျိုးထောင်နေသော လက်ရှိမြန်မာနိုင်ငံတွင် အရာအရာတိုင်းမှာ အစိုးရ၏ဝိုင်းဝန်းပံ့ပိုးမှုကိုသာ မှီခိုအားထားနေလို့မသင့်ပါ၊ ဒီမိုကရေစီစနစ်အရ ပုဂ္ဂလိကတာဝန်ပိုင်းမှာ နိုင်ငံသားကောင်းများဖြစ်ရန်နှင့် တာဝန်သိတတ်မှုကို အလေးထားကာ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးနှင့် ပြဿနာဖြစ်လာပါက အတူတကွ …

Leave a Reply

%d bloggers like this: