spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းMiss Mon State အလှမယ်ရွေးချယ်ပွဲတွင် ဇင်ရတီလင်း သရဖူဆွတ်ခူး

    Miss Mon State အလှမယ်ရွေးချယ်ပွဲတွင် ဇင်ရတီလင်း သရဖူဆွတ်ခူး

    -

    မွန်ပြည်နယ်အလှမယ် Miss Mon State 2016 ရွေးချယ်ပွဲကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ ဇန်နဝါရီ (၂၆) ရက်နေ့ ညနေ (၆) နာရီအချိန်တွင် ကျင်းပခဲ့ရာ ကျိုက်ထိုမြို့သူ ဇင်ရတီလင်း(ခေါ်) ဇင်မာဝင်း သရဖူဆွတ်ခူးရရှိကြောင်း သိရသည်။

    ဇင်ရတီလင်းက “ကိုယ့်နာမည်ကို ခေါ်မယ်လို့ လုံးဝမထင်ထားတဲ့အချိန်မှာ ကိုယ့်ကိုခေါ်လိုက်တော့ တစ်ချက် ကြောင်သွားတယ်၊ ပြီးမှ ကိုယ့်ကိုနာမည်ကို ခေါ်နေပါလားဆိုပြီး အရမ်းကိုပျော်သွားတယ်” ဟု Miss Mon State သရဖူဆုရရိှသူ ပြောသည်။

    အဆိုပါပြိုင်ပွဲသို့ သူမအနေဖြင့် ပထမဆုံးအကြိမ်ဖြစကြောင်း၊ ကြိုးစားခဲ့သည့်ရလဒ်ဖြင့် ထိုက်တန်သည့်ဆုကို ရရိှသည့်အတွက် အလွန်ကျေနပ်မိသည်ဟုလည် သူမ ဆက်ပြောသည်။

    Miss Mon State 2016 သရဖူဆုဆွတ်ခူးရရှိသူ ကျိုက်ထိုမြို့၊ ကျိုက်ထီးရိုးတောင်ခြေ၊ ကင်ပွန်းစခန်းမှ အသက်၂၂ နှစ် မွန်-ဗမာတိုင်းရင်းသူလေး ဇင်ရတီလင်းသည် မကြာမီကျင်းပတော့မည့် ကမ္ဘာ့အလှမယ်ပြိုင်ပွဲများအတွက် နိုင်ငံကိုယ်စားပြုအလှမယ်များရွေးချယ်ပွဲကြီး Miss Golden Land Myanmar 2016 ပြိုင်ပွဲသို့ မွန်ပြည်နယ်ကိုယ်စားပြု အလှမယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့မည် ဖြစ်သည်။

    ထို့အတူ Miss Golden Land Mon State 2016 တွင် 1st Runner Up ဆုကို လင်းလတ်အောင် နှင့် 2nd Runner Up ကို ရည်မွန်သန့် တို့အသီးသီး ဆွတ်ခူးရရှိသည်ဟု သိရသည်။

    “အခုပြိုင်ပွဲကို သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်သွယ်နဲ့ ပြိုင်ဖြစ်သွားတာပါ၊ နောက်ဒီခေါင်းစဉ်ကို လည်း စိတ်ဝင်စားလို့ Miss Golden Land Mon State ဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်မွန်ကိုနေရာ ပေးခဲ့သလို ကိုယ်ကလည်း မွန်တစ်ယောက်ဖြစ်တဲ့အတွက် ယှဉ်ပြိုင်ခဲ့တာပါ” ဟု Miss Golden Land Mon State ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သူရေးမြို့နယ်မှ သွယ်တာမြတ်နိုး ကပြောသည်။

    ၄င်းပြိုင်ပွဲကို မွန်ပြည်နယ်မှ အလှမယ် (၁၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာတွင် ရိုးရာဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်း၊ ညနေခင်းဝတ်စုံဖြင့်ယှဉ်ပြိုင်ခြင်း၊ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်ခြင်းစသည့် အစီအစဉ်များပါဝင်ခဲ့ပြီး တစ်ဦးချင်းစီ၏ စွမ်းရည်ပြခြင်း အစီအစဉ်များလည်း ပါဝင်သည်။

    မွန်ပြည်နယ်ကိုယ်စားပြု Miss Mon State 2016 အလှမယ်ရွေးချယ်ပွဲတွင် ပါဝင် ယှဉ်ပြိုင်သည့် အလှမယ် (၁၉) ဦးအနက် မော်လမြိုင်မြို့နယ် (၈) ဦး၊ ကျိုက်ထိုမြို့နယ် (၄) ဦး၊ ရေးမြို့နယ် (၃) ဦး၊ မုဒုံမြို့နယ် (၁) ဦး၊ ပေါင်မြို့နယ် (၁) ဦး၊ ရန်ကုန် (၁) ဦး နှင့် ရှမ်းပြည်နယ် (၁) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။

    အလားတူ ယမန်နှစ်တွင် မွန်ပြည်နယ်၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် Miss Universe Mawlamyine 2015 ပြိုင်ပွဲကို သြဂုတ်လ ၃၁ ရက်နေ့ညက မော်လမြိုင်မြို့ရှိ Strand Hotel တွင် ကျင်းပခဲ့ပြီး မွန်ပြည်နယ်အတွင်းရှိ အလှမယ်၂၁ ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ သရဖူဆုကို အိဖြိုးသွယ်က ဆွတ်ခူးရရှိသွားခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts