spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးပျားတောင်သားတို့ရဲ့ တစ္ဆေ (သို့မဟုတ်) ကျောက်မီးသွေးစွမ်းအင်

    ပျားတောင်သားတို့ရဲ့ တစ္ဆေ (သို့မဟုတ်) ကျောက်မီးသွေးစွမ်းအင်

    -

    ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလကတည်းက မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ပျားတောင်ဒေသတွင် တည်ဆောက်ဆဲဖြစ်သည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် ကျောက်မီးသွေးစွမ်းအင်နှင့် လည်ပတ် အသုံးပြုမည်ဟု ဒေသခံပြည်သူများအကြား သတင်းပြန့်နှံ့နေခဲ့သည်။

    ထိုသတင်း

    MCL စက်ရုံသွားလမ်း(MNA)
    MCL စက်ရုံသွားလမ်း(MNA)
    ပြန့်နှံ့နေမှုကြောင့် ဒေသခံကျေးရွာလူထုအများစုကတော့ ကျောက်မီးသွေး အသုံပြုခြင်းကနေ ဖြစ် ပေါ်လာမည့် ဆိုးကျိုးအန္တရာယ်များကို ထိတ်လန့်နေကြသည်။

    ဒေသခံတစ်ဦးဖြစ်သူ မိနီနီအောင်က “သူတို့စက်ရုံမှာ ကျောက်မီးသွေးစွမ်းအင် သုံးမယ် ဆိုတာကိုု အရင်က မ ကြားမိခဲ့ဖူးပါ၊ အခု အဲဒီသတင်း ထွက်ပေါ်လာတော့ ဒေသခံတွေ ကြောက်နေကြတယ်၊ ကျောက်မီးသွေး စွမ်း အင်နဲ့ မထုတ်လုပ်စေချင်ဘူးပေါ့” ဟု ပြော သည်။

    ပျားတောင်ဒေသတွင် မယ်ကရို၊ ကော့ဒွန်၊ ကော့ပနော၊ ကွမ်းငန်း၊ နီှတုံး၊ ကတုံးစီစသည့် အတ္ထရံမြစ်ကြောင် တလှျောက်ရှိ ကျေးရွာများမှ ပြည်သူလူထုအများအပြား အမှီပြုနေထိုင်ကြပြီး ရော်ဘာခြံလုပ်ငန်း၊ လယ်ယာ လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုကြသည်။

    ထိုဒေသခံကျေးရွာလူထုအများစုက ကျောက်မီးသွေးဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်နေသလဲ? အဖြူ၊ အမဲ မသဲကွဲ ကြပေမယ့် ၄င်းကို အသုံးပြုမည်ဆိုပါက သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ကဏ္ဍတွေမှာ အန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း အပေါ်ယံအားဖြင့် သူတို့သဘောပေါက်ထား ကြသည်။

    သို့သော် ကျောက်မီးသွေး စွမ်းအင်သုံးမည်၊ မသုံးမည်ကို မော်လမြိုင်ဘိလပ်မြေစက်ရုံ ကုမ္ပဏီမှ ရှင်းလင်းပြော ဆိုထားခြင်း မရှိသေးကြောင်း စက်ရုံဝန်းကျင်တွင်ရှိ ကျေးရွာ အုပ်ချုပ်ရေးမှုး တစ်ဦးက ဆိုသည်။

    MCL ဆိုတာ ဘာလဲ

    MCL – Mawlamyine Cement limited ဆိုသည်မှာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသ ကော့ဒွန်၊ ကော့ပနောကျေးရွာအနီရှိ ဘိလပ်မြေစက်ရုံစီမံကိန်းကို အကောင်းအထည်ဖော်နိုင်ရန်အတွက် Pacific Link Cement Industries ကုမ္ပဏီနှင့် ထိုင်းနိုင်ငံက နံမည်ကျော် ဘိလပ်မြေထုတ်စက်ရုံ ကုမ္ပဏီ တစ်ခုဖြစ်သည့် Siam Cement Group (SCG) တို့ ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်သည်။

    မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MICC) ရဲ့ ၂၀၁၃ ခုနှစ် မေလ (၇) ရက်နေ့ ရက်စွဲ ပါ ခွင့်ပြုချက်အမှတ် ၅၇၂/၂၀၃၀ ဖြင့် ဆောင်ရွက်လှျက်ရှိသည့်စီမံကိန်းတစ်ခုဖြစ်ပြီး ထိုင်းဘတ်ငွေ သန်း ၁၂,၄၀၀ ခန့် ရင်းနှီးမြှုပ်နှံ ထားသည်။

    တစ်နှစ်လှျင် ဘိလပ်မြေတန် ၁ ဒသမ ၈ သန်းကျော် ထုတ်လုပ်မည့် အဆိုပါဘိလပ်မြေစက်ရုံတည်ဆောက်မှု စီ မံကိန်းကို ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အကောင်အထည်ဖော်ခဲ့ပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်း (မတ်လ) လောက်တွင် လည်ပတ်နိုင်မည်ဟု မှျော်မှန်ထားသည်။

    “ယခုအခါမှာ စက်ရုံတည်ဆောက်မှုက (၅၂) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်” ဟု မွန်ပြည်နယ်လှျပ်စစ်ဝန်ကြီး နို်င်လွီအောင်က ၂၀၁၅ ခုနှစ် ဒီဇင်ဘာလပထမအပတ်တွင် ကျင်းပခဲ့သည့် မွန်ပြည်နယ်လွှတ်တော်မှာ ပြောခဲ့ သည်။

    MCL အမည်ခံ SCG ကုမ္ပဏီသည် ဘိလပ်မြေ အဓိက ထုတ်လုပ်ပြီး အခြားကုန်ပစ္စည်းများဖြစ်သည့် ထုပ်ပိုးစက္ကူ၊ ပလတ်စတစ်ပစ္စည်းများ၊ အိမ်တွင်း အလှဆင်ပစ္စည်းများ၊ ဆောက် လုပ်ရေးဆိုင်ရာ ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည်။

    ထို့အပြင် ထိုင်းဘုရင် တော်၀င်မိသားစုမှ ရှယ်ယာ ၃၀ ရာခိုင်နှုန်းပိုင်ဆိုင်သော ကုမ္ပဏီတစ်ခုလည်းဖြစ်ပြီး အာ ဆီယံဒေသတွင်ဖြစ်သည့် အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယာ၊ ဖိလစ်ပိုင်၊ လာအို စသည့်နိုင်ငံများတွင်လည်း SCG ဘိလပ်မြေစက်ရုံများ တည်ဆောက်ထားသည်ဟု သတင်းများက ဆိုထားသည်။

    ကျောက်မီးသွေးစွမ်းအင် အသုံးပြုမှာလား?

    ဘိလပ်မြေစက်ရုံ စတင်အကောင်အထည်ဖော်စဉ်က စက်ရုံလည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် လှျပ်စစ်စွမ်း အင်တွေကို မည်ကဲ့သို့ထုတ်ယူသုံးစွဲမည်ကို မသိရှိခဲ့ကြသော်လည်း ယခုအခါ ကျောက်မီးသွေး စွမ်းအင်နှင့် မောင်းနှင်မည့်သတင်း ထွက်ပေါ်လာသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။

    ယင်းသတင်းပြန့်နှ့ံနေမှုကို အတည်ပြုရန် ခက်ခဲသော်လည်း လွန်ခဲ့သည့်တစ်လကျော်လောက်က စက်ရုံဝန်း ကျင်ရှိ ဒေသခံတစ်ချို့နှင့် ကုမ္ပဏီတာဝန်ရှိသူတွေ တွေ့ဆုံပြီး ၄င်းတို့ဘိလပ်မြေစက်ရုံကို ကျောက်မီးသွေး စွမ်း အင် အသုံးပြုမယ်လို့ ပြောပြထားတာရှိကြောင်း ကတုံးစီရွာသားတစ်ဦးဖြစ်သူ ကိုမြင့်သိန်းက ပြောပြသည်။

    “ကျောက်မီးသွေးကိစ္စ ဆွေးနွေးတုန်းက ကျနော်လည်း တက်ရောက်ခဲ့တယ်၊ စက်ရုံကနေ ထွက်တဲ့မီးခိုးငွေ့ မီးအမှုန်တွေကို ကောင်းကင်ဖက်ကို မထုတ်ဘဲ၊ မြေအောက်ဖက်ကို မှုတ်ထုတ်မယ်လို့ ဆိုတယ်။ ဒါကြောင့် ဘေးဥပါဒ် မဖြစ်ဘူးလို့ သူတို့ (ကုမ္ပဏီ) က ရှင်းပြခဲ့တယ်” ဟု အမည်မဖေါ်လိုသော မယ်ကရိုကျေးရွာသားတစ် ဦးကလည်း မွန်သတင်းအေဂျင်စီသို့ ထုတ်ပြောထားပြီ ဖြစ်သည်။

    နောက်ပြီး စက်ရုံအတွက် လိုအပ်သော စွမ်းအင်က်ို လှျပ်စစ်စွမ်းအင် ၄၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သော နောက် ဆုံးပေါ် သန့်ရှင်းသော နည်းပညာသုံးစက်ရုံ နှင့် အတ္ထရံမြစ်ကို ဆက်သွယ်ထားမည့် လုပ်ငန်းသုံး ဆိပ်ခံတတား တစ်ခုတည်ဆောက်မည်ဟု စက်ရုံ စတင်အကောင်အထည်ဖော်စဉ်က SCG ကုမ္ပဏီမှ ထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

    ၄င်းကြေညာချက်အတိုင်းဆိုရင် လှျပ်စစ်စွမ်းအင် ၄၀ မဂ္ဂါဝပ်ဆိုခြင်းသည် နောက်ဆုံးပေါ် သန့်ရှင်းသော နည်း ပညာသုံး ကျောက်မီးသွေးဖြင့် စွမ်းအင်ထုတ်လုပ်ပြီး ၄င်းတို့ဘိလပ်မြေစက်ရုံကို လည်ပတ်စေမည်လော မေးခွန် ရှိလာသည်။

    သို့သော် MCL မှ တည်ဆောက်နေသော ဘိလပ်မြေစက်ရုံ လည်ပတ်နိုင်ရန်အတွက် လိုအပ်သော လှျပ်စစ်စွမ်း အင်တွေကို ၄င်းစက်ရုံ၏ ကိုယ်ပိုင်အစီအစဉ်ဖြင့်သော်လည်းကောင်၊ လှျပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ညှိနှုိုင်းခြင်းဖြင့်သော်လည်းကောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီ မြှုပ်နှံမှုကော်မရှင်သို့ တင်ပြရာ ခွင့်ပြုချက် ရရှိပြီးဖြစ်၍ ၄င်းအစီအစဉ်အတိုင်း ဆောင်ရွက်လှျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

    “MICC ကနေ ခွင့်ပြုချက်ရရှိပြီးဆိုတာက ဘယ်လိုခွင့်ပြုခဲ့သလဲ၊ ခွင့်ပြုချက်ထဲမှာ ဘာတွေ သဘောတူထားလဲ၊ စက်ရုံလည်ပတ်ဖို့ လှျပ်စစ်အားက ဘယ်ကနေလာမလဲ၊ ငန်းတေမီးစက်ကလား၊ ဂက်စ်နဲ့လား ဒါတွေ ကျနော်တို့ တစ်ခုမှ မသိဘူး၊ လောလောဆယ်သိထားတာက သူတို့ (ကုမ္ပဏီ) ကျောက်မီးသွေးစွမ်းအင် သုံးစွဲမယ်ဆိုတာ သေချာပါတယ်” ဟု အမည်မဖေါ်လိုသော မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

    ထို့ကြောင့် ကျောက်မီးသွေးကို ဘယ်နေရာမှာပုံမလဲ၊ ကျောက်မီသွေးကနေ ထွက်လာမည့် ဘေးအန္တရာယ်ရှိတဲ့ စွန့် လွှတ်ပစ္စည်းတွေကို ဘယ်မှာစွန့်ပစ်မလဲ၊ မြေအောက်ဖက်ကနေ အတ္ထရံမြစ်ချောင်းထဲမှာ စွန့်ပစ်မလား ဒါတွေကို အရေးကြီးလာပြီဟု အမည်မဖေါ်လိုသော ထိုလွှတ်တော်ကိုယ်စားလှယ်က မေးခွန်ထုတ်လိုက်သည်။

    “နောက်ထပ်အရေးကြီးတာက မကြာခင်မှာ မော်လမြိုင်ပြည်သူများအတွက် အတ္ထရံမြစ်ကနေ ရေးပေးဝေမည့် စီ မံကိန်းလည်း ရှိတယ်၊ ဒီစီမံကိန်းကို လုပ်ဖို့ သဘောတူထားပြီးသာဖြစ်တယ်၊ ဒီကိစ္စက ပညာရှင်ဆိုရင် ပိုနား လည်မယ်” ဟု ၄င်းက ဆက်ပြောသည်။

    ဘိလပ်မြေစက်ရုံကို ကိုယ့်ဒေသတွင် လာရောက်တည်ဆောက်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်း၊ ဒေ သဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ကောင်းမွန်ရေး နှင့် အိမ်တိုင်းလှျပ်စစ်မီးများ သုံးစွဲခွင့်ရရှိမည်ဟု ပျားတောင် ဒေသက ကျေးရွာလူထုများ နားလည်ထားကြသော်လည်း အခုတလော အဆိုပါစက်ရုံက ကျောက်မီးသွေးစွမ်း အင်သုံးစွဲမည်ဆိုတဲ့သတင်း ပြန့်နှံ့နေမှုကြောင့် သူတို့မတွေ့ဖူး၊ မမြင်ဖူးသော တစ္ဆေ (သို့မဟုတ်) ကျောက်မီး သွေးစွမ်းအင်ကတော့ ညတိုင်း အခြောက်ခံနေကြရပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts