မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မွန်အမျိုးသားပါတီဖိတ်ကြားခဲ့ခြင်းအပေါ် မွန်ပြည်သစ်ပါတီရှင်းလင်း

မွန်အမျိုးသားပါတီဖိတ်ကြားခဲ့ခြင်းအပေါ် မွန်ပြည်သစ်ပါတီရှင်းလင်း

ရေးသားသူ: >

ကျင်းပနေဆဲ နဝမအကြိမ် မွန်ပြည်သစ်ပါတီညီလာခံသို့ လေ့လာရန် တရားဝင်မွန်နိုင်ငံရေးပါတီ ၃ ပါတီအနက် မွန်အမျိုးသားပါတီကိုသာ ဖိတ်ကြားခဲ့ခြင်းအပေါ် မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်၌ ဇန်နဝါရီ ၁၀ ရက်နေ့တွင် မွန်သတင်းအေဂျင်စီကို ရှင်းလင်းပြောကြားခဲ့သည်။

နဝမအကြိမ်မွန်ပြည်သစ်ပါတီဗဟိုညီလာခံဖွင့်ပွဲ ဥက္ကဌမိန့်ခွန်းပြောကြားစဉ်(Internet)
နဝမအကြိမ်မွန်ပြည်သစ်ပါတီဗဟိုညီလာခံဖွင့်ပွဲ ဥက္ကဌမိန့်ခွန်းပြောကြားစဉ်(Internet)
ဒုဥက္ကဌ နိုင်ဟံသာ က “မွန်အမျိုးသားပါတီက UNA အဖွဲ့မှာ ပါဝင်နေတယ်၊ UNA အဖွဲ့နဲ့ UNFC အဖွဲ့ကတော့ ဆက်စပ်မှုတွေ ရှိနေတယ်၊ ဆိုလိုချင်တာက လှုပ်ရှားမှုအပိုင်းတွေ၊ အမြင်သဘောထားတွေ၊ လုပ်ငန်းလမ်းစဉ်တွေ နီးစပ်ကြလို့ ပါတီညီလာခံကို လေ့လာဖို့ ဖိတ်ကြားခဲ့တာပါ” ဟု ဆိုသည်၊

အခြားသော မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီAMDPနှင့် အမျိုးသမီး(မွန်) တို့သည် မွန်ပြည်သစ်ပါတီနှင့် ဆက်ဆံမှု အားနည်းခြင်း၊ အမြင်သဘောထား လုပ်ငန်းလမ်းစဉ်မတူကွဲပြားခြင်း၊ သူပုန်ပါတီဟုယူဆထားပြီး မွန်ပြည်သစ်ပါတီနှင့် ထိတွေ့ဆက်ဆံမည်ဆိုပါက ပုဒ်မ ၁၇(၁) ငြိစွမ်းနိုင်ခြင်း၊ မဟာမိတ်ပါတီလည်း မဖြစ်သည့်အတွက် ညီလာခံသို့ မဖိတ်ကြားခြင်းဖြစ်ကြောင်း သူက ဆက်ပြောသည်။

နိုင်ဟံသာက “ ကျွန်တော်တို့ ဆိုလိုချင်တာကတော့ တစ်ဖွဲ့နှင့် တစ်ဖွဲ့၊ တစ်ပါတီနှင့် တစ်ပါတီ ခွဲခြား ဆက်ဆံတာ မဟုတ်ဘူးနော်၊ ထိတွေ့ဆက်ဆံရေး အားနည်းမှုကြောင့် ကျွန်တော်တို့ ညီလာခံကျင်းပတာကို မဖိတ်ကြားခဲ့တာပါ၊” ဟု ဆက်ရှင်းပြခဲ့သည်။

ထို့အတူ မွန်အမျိုးသားပါတီ MNP သည် MNDF ပါတီမှ ဆင်းသက်လာပြီး၊ MNDF အဖွဲ့ခေါင်းဆောင်များ ဖြစ်သည့် နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်းတို့သည် မွန်ပြည်သူ့တပ်ဦး တော်လှန်ရေးလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များလည်းဖြစ်ခဲ့ပြီး အစိုးရနှင့်အပစ်ခတ်ရပ်စဲလက်မှတ်ရေးထိုးခဲ့စဉ် ကာလများတွင်လည်း မွန်ပြည်သစ်ပါတီနှင့်အတူ ပါဝင်ဆောင်ရွက်ခဲ့သူများ ဖြစ်ကြသည်ဟု ဆိုသည်။

ယခင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ပါတီအမည်ကို ယခုအခါ မွန်အမျိုးသားပါတီ MNP ဟု အမည်ပြောင်းလဲခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်အေးမွန်က ဆက်လက်ရှင်းပြခဲ့သည်။

နိုင်အေးမွန်က “ မွန်အမျိုးသားပါတီကတော့ အရင်မွန်ဒီမိုကရေစီအဖွဲ့ လက်ထက်တုန်းက ၁၉၉၀ တုန်းက မွန်အမတ် ၅ ဦး မဲနိုင်ခဲ့တယ်၊ အဲဒီအချိန်က ဥက္ကဌ နိုင်ရွှေကျင် လက်ထက်မှာ MNDF နဲ့ မဟာမိတ်အဖွဲ့ ဖွဲ့ထားတယ်၊ မဟာမိတ်အဖွဲ့ဦးလည်း ပြောလို့ရတယ်၊ နိုင်ငံရေး မဟာမိတ်အဖွဲ့ကို အခြေခံပြီးတော့ ကျွန်တော်တို့ အခုလိုဖိတ်ကြားတာပါ” ဟု ပြောသည်၊

နဝမအကြိမ်မြောက် မွန်ပြည်သစ်ပါတီဗဟိုညီလာခံဖွင့်ပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့တွင် စတင်ကျင်းပခဲ့စဉ် မွန်အမျိုးသားပါတီကိုယ်စားလှယ်အချို့၊ အထင်ကရမွန်သံဃာတော်များနှင့် ဖိတ်ကြားခံ မွန်ခေါင်းဆောင်အချို့တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

၂၀၁၆ ဇန်နဝါရီ ၉ ရက်နေ့တွင် ပါတီဗဟိုကော်မတီဝင် ၃၃ ဦးနှင့် အရန်ကော်မတီဝင် ၅ ဦး ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် ယခုအခါ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ကော်မတီဝင်များ ဆက်လက်ရွေးချယ်လျက်ရှိရာ မကြာမီရက်ပိုင်းအတွင်း ဗဟိုညီလာခံကျင်းပပြီးစီးမည်ဟု သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: