မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မော်လမြိုင်-ချောင်းဆုံလျှပ်စစ်တာဝါတိုင်လမ်းကြောင်းပြောင်းပေးရန် ပြည်နယ်အစိုးရထံ ဒုတိယအကြိမ်တောင်းဆို

မော်လမြိုင်-ချောင်းဆုံလျှပ်စစ်တာဝါတိုင်လမ်းကြောင်းပြောင်းပေးရန် ပြည်နယ်အစိုးရထံ ဒုတိယအကြိမ်တောင်းဆို

ရေးသားသူ: >
တာဝါတိုင်ဆောက်လုပ်မည့်နေရာတစ်ခု(IMNA)
တာဝါတိုင်ဆောက်လုပ်မည့်နေရာတစ်ခု(IMNA)

စိုင်းမွန် – မော်လမြိုင်-ချောင်းဆုံလျှပ်စစ်မီး သွယ်တန်းရေးအတွက် တာဝါတိုင်များဆောက်လုပ်နေမှုအား လယ်ပိုင်ရှင်များက မွန်ပြည်နယ်အစိုးရသို့ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဒုတိယအကြိမ်တိုင်ကြားစာ ပေးပို့ခဲ့သည်။

၂၀၁၅ ခုနှစ် လွန်ခဲ့သည့်အောက်တိုတာ၂၄ တွင် တာဝါတိုင်ကိုစတင်ဆောက်လုပ်ခဲ့ရာ အောက်တိုဘာ ၂၈ တွင် လယ်ပိုင်ရှင်များအနေဖြင့် တာဝါတိုင်လမ်းကြောင်းပြောင်းရွေ့ပေးရန် ပထမအကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

လယ်ပိုင်ရှင်တစ်ဦးဖြစ်သည့် ဦးခင်ဇော်က “ဒီ 66 KV ဓါတ်အားလိုင်းကြီးကို ဓါတ်အားသွယ်တန်းမှုအချိန်မီ မီးလင်းရေးကို ကျွန်တော်တို့ မတရားကန့်ကွက်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့ တစ်ဦးချင်းတစ်ဦးချင်းရဲ့မြေမှာ လာပြီးတော့ ညှိနှိုင်းပေါင်းစပ်ခြင်းလည်း မရှိဘူး၊ အသိပေးခြင်းလည်းမရှိဘူး၊ ကျွန်တော်တို့တိုင်မှ ဟိုရုံးကိုခေါ်လိုက်၊ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးကိုခေါ်လိုက်၊ ဓါတ်အားပေးရုံကိုခေါ်လိုက်၊ ဒါဟာကျွန်တော်တို့ကို ဘက်ပေါင်းစုံကနေပြီးတော့ ဖိအားပေးပြီး သူတို့က ဆက်လုပ်မယ်ဆိုတဲ့ အနေအထားကို ကျွန်တော်တို့ အနေနဲ့ လက်မခံနိုင်တာပါ” ဟုပြောသည်။

တာဝါတိုင်များဆောက်လုပ်ရာတွင် ဖြတ်သန်းသွားရသည့် လယ်မြေပိုင်ရှင်များကို ခွင့်ပြုချက်တစ်စုံတစ်ရာ တောင်းဆိုခြင်းမပြုဘဲ ဆောက်လုပ်နေသည့်အပေါ် လယ်ပိုင်ရှင်များက မကျေနပ်သဖြင့်ယင်းကဲ့သို့ တင်ပြတောင်းဆိုခြင်း ဖြစ်သည်။

ယင်းသို့ပြည်နယ်အစိုးရထံသို့ ပထမအကြိမ် တိုင်ကြားရာတွင် လယ်ပိုင်ရှင်နှင့် ခြံပိုင်ရှင် ၁၅ဦး ပါဝင်ပြီး၊ ဒုတိယအကြိမ် တိုင်ကြားရာတွင် လယ်ပိုင်ရှင်နှင့် ခြံပိုင်ရှင် ၁၄ဦး ပါဝင်ခဲ့သည်။

ဆောက်လုပ်ရေးသမားများကလည်း ခွင့်ပြုချက်ရယူမှူမရှိဘဲ ခြံထဲရှိသစ်၊ ဝါးများကို
ခုတ်လှဲခဲ့ကြောင်း ခြံပိုင်ရှင် ဦးဝေယျာက ပြောသည်။

အဆိုပါတိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ဆောင်ရွက်မှုမရှိပါက ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီ ၆၆KV ဓါတ်အားလိုင်းဟာ ပြည်ထောင်စုအဆင့်ကနေ လုပ်တာဖြစ်တယ်၊ နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း လုပ်တာဖြစ်တယ်။ ဒါပေမယ့် ပြည်သူတွေအတွက် အဆင်ပြေအောင် လုပ်ဆောင်ပေးသွားမယ်” ဟု မွန်ပြည်နယ်လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်က ပြောသည်။

မော်လမြိုင်ဓါတ်အားပေးရုံနှင့် ချောင်းဆုံဓါတ်အားပေးစက်ရုံ အကွာအဝေးသည် ၁၅ မိုင်ကျော်ရှိပြီး ချောင်းဆုံဘက်ကမ်းရှိ ဓါတ်အားခွဲစက်ရုံမှာ ၉၀% အထိပြီးစီးနေပြီးဖြစ်ကြောင်း နိုင်လဝီအောင်က ဆက်ပြောသည်။

မော်လမြိုင်-ချောင်းဆုံလျှပ်စစ်မီး သွယ်တန်းရေးအတွက် ပြည်ထောင်စုအစိုးရမှ ဘတ်ဂျက်ငွေ သိန်း ၃သောင်းရရှိထားပြီး ကျေးရွာမီးဖြန့်ဖြူးရေးအတွက် ပြည်နယ်လွှတ်တော်မှ ဘတ်ဂျက်ငွေ သိန်း ၁ သောင်း ၆ ထောင်ရရှိထားကြောင်း သိရသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ရေးမြို့နယ်ပင်လယ်ပြင်အတွင်း ရေလုပ်သားတစ်ဦးသံပိုက်ဖြင့်အရိုက်ခံ ရေထဲပြုတ်ကျခဲ့

မွန်ပြည်နယ်၊ ရေးမြို့နယ် ကပ္ပလီပင်လယ်ပြင်အတွင်း အစင်ကျေးရွာ စိန်ပိုက်ငါးဖမ်းလှေရေလုပ်သားတစ်ဦး သံပိုက်ဖြင့်အရိုက်ခံရသဖြင့် ရေထဲပြုတ်ကျသည့်တစ်လခန့်ကြာဖြစ်စဉ်အား စက်တင်ဘာလ၂၀ ရက်နေ့တွင် အမှုတိုင်ကြားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။ Related

Leave a Reply

%d bloggers like this: