spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမုဒုံမြို့နယ်တွင် ပုံစံ(၃-က)ဖြင့် မဲပေးခွင့်ရှိသူစာရင်းကို နိုဝင်ဘာ ၂ ရက်မှကြေညာမည်

    မုဒုံမြို့နယ်တွင် ပုံစံ(၃-က)ဖြင့် မဲပေးခွင့်ရှိသူစာရင်းကို နိုဝင်ဘာ ၂ ရက်မှကြေညာမည်

    -

    မုဒုံမြို့့(Internet)
    မုဒုံမြို့့(Internet)
    ချစ်မင်းထွန်း – မွန်ပြည်နယ်၊မုဒုံမြို့နယ်အတွင်း ရွေ့ပြောင်းအခြေချ နေထိုင်သူများသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် မဲပေးခွင့်ရရန်အတွက် ပုံစံ(၃-က)ဖြင့် လှျောက်ထားခဲ့ကြရာမှ ရက်ပေါင်း ၁၈၀ နေထိုင်သည့် ရွေ့ပြောင်း အခြေနေထိုင်သူများ မဲပေးခွင့်ရှိသူစာရင်းကို

    နို၀င်ဘာ ၂ ရက်မှ စတင်ကာ ၅ ရက်နေ့အထိ ရပ်/ကျေး ကော်မရှင် အသီးသီးတွင် ကြေညာသွားမည်ဖြစ်ကြောင်း မုဒုံ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

    မွန်ပြည်နယ်၊မုဒုံမြို့နယ်အတွင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ပုံစံ(၃-က)ဖြင့် လှျောက်ထားသူများ အစာရင်းမပါဘဲ တွက်ကြည့်ရာတွင် မဲပေးခွင့်ရှိသူ တစ်သိန်း ခြောက်သောင်းကျော်ရှိပြီး ယခု အောက်တိုဘာ ၁၀ နေ့ နောက်ဆုံးထား၍ ပုံစံ(၃-က)ဖြင့် လှျောက်ထားလာသူ ရွေ့ပြောင်းလုပ်သား ၂၅၀၀ ကျော်လည်း မဲပေးခွင့်ပြုသွားမည်ဟု မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကပြောသည်။

    “ ပုံစံ (၃-က)နဲ့လှျောက်တဲ့လူအကုန်လုံး မဲပေးခွင့်ရပါတယ်။အခု ကျွန်မတို့ဆီကို ပုံစံ(၃-က)နဲ့ လှျောက်လာ တဲ့ သူ ၁၅၇၁ ဦးရှိတယ်။သူတို့အားလုံး ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာပါ။နောက်ထပ် လှျောက်တာတော့ မရှိတော့ သလို လက်လည်း မခံတော့ပါဘူး။အောက်တိုဘာ ၁၀ ရက်နေ့က နောက်ဆုံး လှျောက်ထားရပါတယ်”ဟု မုဒုံမြို့ နယ် ရွေးကောက်ပွဲ က်ောမရှင်အဖွဲ့ခွဲရုံးမှ တာဝန်ကျ အမျိုးသမီး ဝန်ထမ်းတစ်ဦးကပြောသည်။

    ပြည်သူများအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်မဆုံးရှုံးစေချင်ပါက ရွေ့ပြောင်းအလုပ်သမားများ အပါအဝင် မူရင်းဒေသမှ ရက်ပေါင်း ၁၈၀ အထက် မဲဆန္ဒနယ် ပြင်ပရောက် ပုဂ္ဂိုလ်များသည် မဲပေးနိုင်ရန် ပုံစံ (၃-က)ဖြင့် မဲစာရင်းပါဝင်ရေးအား သက်ဆိုင်ရာ ရောက်ရှိဒေသမှ ရပ်ကွက်၊ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများတွင်အောက်တိုဘာ (၁၀)ရက်နေ့ နောက်ဆုံးထားလှျောက်ရမည်ဖြစ်သည်။

    ယင်းကဲ့သို့ လှျောက်ထားခြင်းမရှိပါက မဲဆန္ဒနယ်ပြင်ပသို့ ရက်ပေါင်း ၁၈၀ အထက် ရောက်ရှိနေသူများသည် မိမိမူရင်း မဲစာရင်းပါဝင်သည့် ဒေသသို့ ပြန်လည်သွားရောက် မဲပေးရမည်ဖြစ်သည်။

    ယခုအခါမှာတော့ မုဒုံမြို့နယ်တွင် ရွေ့ပြောင်းနေထိုင်းခဲ့ကြသူများက ပုံစံ(၃-က)ဖြင့် အောက်တိုဘာ ၁၀ ရက် နေ့ နောက်ဆုံးထားလှျောက်ထားခဲ့သည့်အတွက်၂၀၁၅ ရွေးကောက်ပွဲတွင် လူဦးရေ ၁၅၇၁ ဦးမှာ မဲပေးခွင့်ရ ရှိခဲ့ခြင်းဖြစ်သည်။

    ထိုပုံစံ(၃-က)ဖြင့် လှျောက်ထားရာမှ မဲပေးခွင့်ရရှိသူ စာရင်းကို နို၀င်ဘာ ၂ ရက်မှ ၅ ရက်နေ့အထိ မုဒုံမြို့နယ် အတွင်းရှိ ရပ်/ကျေးများတွင် အသီးသီး ကြေညာသွားမည်ဖြစ်သည်။
    စက်တင်ဘာ ၁၄ ရက်မှ ၂ရ ရက်နေ့အထိ နောက်ဆုံး မဲစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာခဲ့ရာမှာ မုဒုံမြို့နယ်တွင် မဲပေးခွင့်ရှိသူ (၁၅၀၀၀၀)ကျော်ရှိပြီး သည်ဟု မုဒုံမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    အဆိုပါ မုဒုံမြို့နယ်တွင် ကျေးရွာ အုပ်စု ပေါင်း ၄၁ အုပ်စုရှိ ပြီး မဲရုံ ၁၀၂ ရုံကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း မုဒုံမြို့နယ်ရွေးကောက်ပွဲက်ောမရှင်အဖွဲ့ခွဲရုံးမှ ပြောသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts