spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းပါတီနှင့် ကိုယ်စားလှယ်ကို ကြည့်ကာ မဲပေးသင့်ဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ပြော

    ပါတီနှင့် ကိုယ်စားလှယ်ကို ကြည့်ကာ မဲပေးသင့်ဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်လောင်း ပြော

    -

    ရေးမြို့ USDP ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲ(IMNA)
    ရေးမြို့ USDP ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲ(IMNA)
    မဲဆန္ဒရှင်များအနေနှင့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ပါတီကိုသာ မကြည့်ဘဲ ကိုယ်စားလှယ်လောင်းများ၏ အရည်အချင်းကိုလည်း ကြည့်သင့်ကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့ ပြည်သူ့ရင်ပြည်၌ ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ၏

    ရွေးကောက်ပွဲ အောင်နိုင်ရေး လူထုဟောပြောပွဲတွင် ပြောသည်။

    ပြည်ခိုင်ဖြိုးပါတီ၏ မွန်ပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်လောင်း ဦးသက်ဝင်း က “ရေးမြို့နယ်အနေနဲ့ ကြည့်ရင် အဓိကပြိုင်မယ့် ပါတီတွေကို သိရှိပြီး ဖြစ်မှာပါ။ ဒီပါတီတွေမှာ တချို့က ပြောတာ ရှိပါတယ်။ ပါတီကိုပဲ ကြည့်ပါ၊ လူကို မကြည့်ပါနဲ့၊ ကျွန်တော်တို့ကတော့ ပါတီကိုလည်း ကြည့်ပါ၊ ကိုယ်စားလှယ်ကိုလည်း ကြည့်ပါ။ အမှန်တကယ် လုပ်နိုင်တဲ့လူကိုပဲ မဲပေးကြပါ” ဟု ပြောသည်။

    ပြည်ခိုင်ဖြိုးပါတီမှ ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်း အသီးသီး၏ အရည်အချင်းကို ပါတီမှ စိစစ်ကာ ရွေးချယ်ထားခဲ့သည်ဟုလည်း သူက ပြောသည်။

    ဟောပြောပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှ ရေးမြို့နယ်တွင် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်း ၅ ဦး၊ မွန်ပြည်နယ်လွှတ်တော် ဗမာတိုင်းရင်းသား ကိုယ်စားလှယ်နှင့် ကရင်တိုင်းရင်းသား ကိုယ်စားလှယ်တို့က ဟောပြောကြပြီး၊ ရေးမြို့နှင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ပါတီဝင်များ အပါအဝင် တက်ရောက်သူ စုစုပေါင်း ၂၀၀၀ ဝန်းကျင် ရှိကြောင်း တွေ့ရှိရသည်။

    ရေးမြို့နယ်သည် မွန်တိုင်းရင်းသား အများဆုံး နေထိုင်သည့် မြို့နယ် ဖြစ်ပြီး၊ ကရင်နှင့် ဗမာတိုင်းရင်းသားများလည်း နေထိုင်ကြသည်။ တိုင်းရင်းသားများအနေနှင့် ပြည်ခိုင်ဖြိုးပါတီကို ဗမာပါတီဟု မထင်မြင်ကြစေလိုကြောင်း မွန်တိုင်းရင်းသားတစ်ဦး ဖြစ်သည့် မော်လမြိုင်ခရိုင် ပါတီအတွင်းရေးမှူး ဦးစိုးထွန်းက ပြောသည်။

    အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၈) ရေးမြို့နယ်တွင် ဝင်ရောက်အရွေးခံမည့် ဦးစိုးထွန်း က “ကျွန်တော်တို့ ပါတီကို ဗမာပါတီလို့ မြင်ပါတယ်။ တိုင်းရင်းသားအားလုံးနဲ့ ဖွဲ့စည်းထားတဲ့ပါတီနော်။ မွန်တွေလည်း ပါတယ်။ ကရင်တွေလည်း ပါတယ်။ ဒီနေ့ လူထုတွေ့ဆုံပွဲမှာ မျက်ဝါးထင်ထင် မြင်ပြီ မဟုတ်ဘူးလား” ဟု ပြောသည်။

    နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် အခြေခံဥပဒေ ပြင်ဆင်နိုင်ရန် ဟူသည့် ကြွေးကြော်သံဖြင့် ကိုယ်စားလှယ်လောင်းများကို မကြည့်ဘဲ ပါတီကိုသာ ကြည့်ပြီး မဲပေးကြရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က တိုက်တွန်းထားသည်။

    အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း ရေးမြို့ ပြည့်သူ့ရင်ပြင်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ဗဟိုအောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦး ကိုယ်တိုင် လာရောက်၍ ကိုယ်စားလှယ်လောင်း အပ်နှံပွဲ ပြုလုပ်ကာ စည်းရုံးရေးဆင်းခဲ့ပြီး ဖြစ်သည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် ရေးမြို့နယ်၌ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် တစ်နေရာ၊ အမျိုးသားလွှတ်တော် တစ်နေရာနှင့် ပြည်နယ်လွှတ်တော် ၂ နေရာ ရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအတွက် အမျိုးသားလွှတ်တော် နှစ်နေရာ ရရှိခဲ့သည်။

    မွန်ပြည်နယ်တွင် တိုင်းရင်းသားများကို ကိုယ်စားပြုသည့် ဗမာ၊ ကရင်နှင့် ပအိုဝ် တိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ၃ နေရာ ရှိပြီး၊ ၎င်းနေရာ ၃ ခုလုံးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှင့် ပြည်ခိုင်ဖြိုးပါတီတို့က အဓိက ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts