spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင် မည်ဟု SSPP/SSA ကြေညာ

    ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင် မည်ဟု SSPP/SSA ကြေညာ

    -

    SSPP/SSA တပ်ဖွဲ့(SSPP/SSA)
    SSPP/SSA တပ်ဖွဲ့(SSPP/SSA)
    အိုက်စိုင်း – ရှမ်းပြည်နယ်ဘက်တွင် အစိုးရတပ်မတော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)အား ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေခြင်းနှင့်ပတ်သက်ပြီး SSPP/SSA က မိမိကိုယ်ကို ကာကွယ်သော ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ

    (၁၈)ရက်က ထုတ်ပြန်ကြေညာခဲ့သည်။

    အစိုးရတပ်မတော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ ဌာနချုပ် ဝမ့်ဟိုင်အနီး နှင့် တာဆမ်ဖူး ကူးတို့ဆိပ်ဂွင် တို့တွင် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၆ ရက်မှ စတင်ကာ ၁၈ ရက်နေ့အထိ ထိုးစစ်ဆင် တိုက် ခိုက်မှုများ ပြုလုပ်လာခဲ့သည်။

    “ကျွန်တော်တို့ကို စစ်ရေးအရ ဖိအားပေးနေတာဖြစ်တယ်။ဒါပေမဲ့ ကျွန်တော်တို့ကတော့ မိမိကိုယ်ကို ကာ ကွယ် တဲ့ ခုခံစစ်ကလွဲရင် ဘယ်တော့မှ ထိုးစစ်ဆင် တိုက်ခိုက်မှာမဟုတ်ပါဘူး။အခုဆိုရင် ကျွန်တော်တို့ ဌာနချုပ်အတွက် အရေးပါတဲ့ နေရာတစ်ခုကို သူတို့ တိုက်ခိုက်လာတယ်။ဒါကို ကျွန်တော်တို့ နောက်ဆုတ် ပေးခဲ့တယ်။တော်သင့်ပြီးလို့ ထင်ပါတယ်။နိုင်ငံရေးပြဿနာကို နိုင်ငံရေးဆွေးနွေးပွဲနဲ့ဘဲ ဖြေရှင်းနိုင်မှာပါ” ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ဗိုလ်မှူးကြီး စိုင်းလကပြောသည်။

    အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး SSPP/SSA ၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာ့တပ်မတော်စစ်ကြောင်းများ၏ စစ်ရေးအရ နိုင်ထက်စီးနင်းထိုးဖောက်တိုက်ခိုက်လာသည့် မတရားမှုများကို တရားသော မိမိကိုယ်ကို ကာ ကွယ်သော ခုခံစစ်အား မလွှဲမရှောင်နိုင်သော အနေအထားမှ SSPP/SSA တပ်မှူး တပ်သားများသည် တိုက် ပွဲ ဝင်နေရခြင်းဖြစ်ပါပြီး စစ်မက်၍ အကြမ်းဖက်လိုသော ဆန္ဒ လုံးဝ(လုံးဝ)မရှိကြောင်း ဖော်ပြ ထား သည်။

    ထို့ပြင် SSPP/SSA ဗဟိုကော်မတီ၏ ဦးဆောင်မှုဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပြည်တွင်း ငြိမ်း ချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် ဂုဏ်သိက္ခာရှိရှိ ဆက်လက်ပါဝင်သွားနိုင်ရေး စစ်မှန်သော ဖယ်ဒ ရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ(UPWC)အား အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြညိှနှုိင်းသွားမည်ဖြစ်ပြီး အခြားတစ်ဖက်တွင် SSPP/SSA ၏ တပ်မှူး တပ်သားများသည် မြန်မာ့တပ်မတော် စစ်ကြောင်းများ၏ မတရားသော နိုင်ထက် စီး နင်းထိုးဖောက်တိုက်ခိုင်မှုများကို မိမိကိုယ်ကို ကာကွယ်သော ခုခံစစ်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)က ဆိုသည်။

    အစိုးရတပ်မတော်သည် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ ဌာနချုပ်အတွက် အဓိက အရေးပါ သော စခန်းတစ်ခုဖြစ်သည့် တာဆမ်ဖူးကူးတို့ဆိပ်ဂွင်ကို တိုက်ခိုက်ကာ သိမ်းပိုက်ထားပြီးဖြစ်သည်။

    အစိုးရ တပ်မတော် နှင့် SSPP/SSA တို့ နှစ်ဖက် ရင်ဆိုင် တိုက်ပွဲများကြောင့်လည်း မိုင်းရှုးမြို့နယ်မှ ဒေသခံ များ တစ်ထောင်ကျော်သည် စစ်ရှောင်ဒုက္ခသည်များအဖြစ် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ရှမ်းလူငယ်ကွန်ရက်(TYN)မှ သိရသည်။

    ရှမ်းပြည်တိုးတက််ရေးပါတီ(SSPP/SSA)သည် အောက်တိုဘာ (၁၅)ရက်က ပြုလုပ်ခဲ့သော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးခဲ့သည့် အဖွဲ့ (၇)ဖွဲ့တည်းမှ တစ်ဖွဲ့ဖြစ်သည်။

    ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)ကလည်း အောက်တိုဘာ (၁၅) ရက်က တစ်နိုင်ငံ လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA အား လက်မှတ်မရေးထိုးရသေးသော ကျန်အဖွဲ့အစည်းများ နှင့် တပ်မတော်အကြား တိုက်ပွဲများ မဖြစ်ပေါ်စေရန် အစိုးရမှ သဘောထားကြီးမားစွာထားပြီး ဆက်လက် ညိှနှုိင်းဆွေးနွေးသွားကြပါရန် ထုတ်ပြန် တောင်းဆိုခဲ့သည်။

    ထို့ပြင် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA ရေးဆွဲရာတွင် ပူးပေါင်း ပါဝင်ရေးဆွဲလာသည့် အဖွဲ့အစည်းဖြစ်သည့်အလျောက် ရှမ်းပြည်တိုးတက် ရေးပါတီ(SSPP/SSA) နှင့်အစိုးရ တပ်မတော် စစ်တပ်များ အကြား ဖြစ်ပွားနေသော တိုက်ပွဲများအား သဘောထားကြီးမားစွာထားပြီး အစိုးရမှ ရပ်တန့်ပေးပါရန် နှင့် အပြန်အလှန်ဆွေးနွေးသွားကြပါရန် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)က အစိုးရသို့ တောင်းဆိုပြောကြားလိုက်သည်။

    ယင်းနောက် ၈၈ ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၊ညီညွတ်သောတိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့(UNA) တို့ကလည်း အစိုးရတပ်မတော် အနေဖြင့် လက်မှတ်မရေးထိုးနိုင်သေးသော လက်နက်ကိုင် အဖွဲ့များကို ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြုလုပ်ဘဲ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် အဖြေရှားသွားရန် တောင်း ဆိုထားကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts