spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးကလေးများပညာရေး ကျူရှင်ကစိမ်ခေါ်မှုတရပ်ဖြစ်နေပြီ

    ကလေးများပညာရေး ကျူရှင်ကစိမ်ခေါ်မှုတရပ်ဖြစ်နေပြီ

    -

    မူလတန်းကျောင်းသား(Internet)
    မူလတန်းကျောင်းသား(Internet)
    မာံပိုန် – ညနေ ကျောင်းဆင်းချိန်ရောက်ပြီ၊ ကျောင်းသူ ကျောင်းသားများသည် စာသင်ခန်းမှ ထွက်ကာ မိမိအိမ်းသို့ ပြန်ရမည့်အစား ဝတ်ဆင်ထားသည့် (ဖြူ/စိမ်း) ကျောင်းဝတ်စုံ

    အတိုင်း လွယ်အိပ်ကိုယ်စီ၊ ကျောပိုးအိပ် ကိုယ်စီနှင့် ကျူရှင်အိမ်းသို့ ခြေလှမ်း သွက်သွက်နှင့် ကသုတ်ကရက်ကြရသည်။ တစ်ချို့သော ကျောင်းသူ ကျောင်သားများက မိမိကျူရှင် အချိန် မဟုတ်သေးသဖြင့် နေအိမ်းသို့ပြန်ကာ ရေမိုးချို အဝတ်စား လဲချိန် ရကြသေးသည်။ ထို့အပြင် ကျူရှင်မတက်သော တစ်ယောက်စ နှစ်ရောက်စ ကျောင်းသားများကလည်း အလှမ်းနှေးနှေးနှင့် တဖြေးဖြေး အိမ်းသို့ပြန်ကြတာကိုလည်း တွေ့မြင်နေရသည်။

    “ဒီအချိန်မှာ သူတို့အတွက် ပြင်ပဗဟုသုတ လေ့လာရန် အချိန်လည်းမရှိ၊ ကစားချိန်လည်းမရှိဘူး။ ဘာသာရပ်ကလည်းများ၊ဖတ်စာတွေကလည်းများတော့ ဘာမှ မကစားရဘူး။ ကျူရှင် မထားရင်လည်း ကိုယ့်သားသမီး သူများတွေကို လိုက်မနိုင် လိုက်မမှီမှာကိုလည်း စိုးရိမ်းရတယ် ဆိုတော့ မထားမဖြစ် ကျူရှင် ထားရပြန်တယ်” ဟု ကျောင်းသား တစ်ဦး၏မိခင် မိစန်းအေး ကဆိုသည်။

    နည်းပညာမျိုးစုံ တိုးတက်လာနေတဲ့ ယနေ့ခေတ်ကာလမှာ မိမိတို့သားသမီး အသိပညာ ကြွယ်ဝအောင်၊ ခေတ်ပညာတတ် တစ်ယောက်ဖြစ်အောင်၊ “ပညာ” ဆိုတဲ့ အကောင်ဆုံး အမွေးအနှစ်ကို ရယူပိုင်ဆိုင်နိုင်အောင် မိဘများက ငွေကြေးအကုန်ခံပြီး သားသမီးများအား ကျူရှင်ထားကာ ကျောင်းပညာကို သင်ယူစေခဲ့ပါတယ်။

    စာသင်ကျောင်းမှာက စာပို့ချတာမြန်တယ်၊ ကျူရှင်က သင်ကြားပို့ချတာ ကောင်းတယ်၊ ဒါပေမဲ့ ကစားချိန်မရှိ၊ အိမ်ရောက်တာနဲ့ ရေချိုး ၊ ထမင်းစား၊ တစ်ခဏလောက် ဗီဒီယိုကြည့်၊ စာကျက်ပြီးတော့ အိပ်ယာဝင်ရတယ်၊အားလပ်ချိန်က နည်းတယ်” ဟု ကျူရှင်တက်နေတဲ့ ၁၂ နှစ် အရွယ် (၆) တန်း ကျောင်သားတစ်ဦးက ဆိုပါသည်။

    ညနေပိုင်း ဆိုရင် (၃း၀၀) နာရီမှ (၆း၀၀)နာရီအထိ၊ နံနက်ပိုင်း ဆိုရင် (၆း၀၀) နာရီမှ မနံက် (၈း၀၀) နာရီအထိ ၂ တန်း ကနေ (၆) တန်းအထိ ကျောင်းသားများအား ကျူရှင်ပြနေရသည်ဟု (၄) နှစ်ခန့် ပုဂ္ဂလိကကျူရှင်ပြနေတဲ့ မိဂျမ်းပါ ကဆိုသည်။

    ထိုကျောင်းသားများသည် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ နှီပဒေါရွာမှ မူလတန်းကျောင်းသားများ ဖြစ်ကြသည်။ အခြေခံပညာ တက္ကသိုလ်ဝင်တန်းအဆင့် ဆိုလျှင် နှစ်စဉ် နှစ်တိုင်း မွန်ပြည်နယ်က အကောင်ဆုံးအဆင့် ရရှိပြီး မွန်ပြည်နယ် (၁၀) မြို့နယ်ရှိသည့်အနက် လွန်ခဲ့တဲ့ (၂၀၁၄-၁၅ ) ပညာတော်သင်နှစ်တွင် မုဒုံမြို့နယ်က အကောင်းဆုံးအဆင့် ရရှိသော မြို့နယ်တစ်ခုဖြစ်ခဲ့သည်။

    မိဂျမ်းပါ အိမ်းမှာ ကျူရှင်လာတက်နေကြသော ကျောင်းသား ဦးရေးကလည်း များလာပြီး၊ ဆရာမ တစ်ယောက်တည်း မလုံလောက်တော့ပါ၊ ဒါကြောင့် အကူဖြစ်ရန်အတွက် နောက်ထပ် ဆရာမ နှစ်ဦးကို ငှါးလိုက်ပါတယ်။ “ အစကတော့ ကျောင်းသား သုံးလေးယောက်ကိုဘဲ အခမဲ့ သင်းပေးနေတာ။ နောက်ပိုင်းကျတော့ ကျမတို့ရပ်ကွက်ထဲမှာ ကျူရှင်အိမ်းလည်း မရှိ၊ ကလေးမိဘတွေကလည်း တောင်းဆိုနေတော့ ကျမ ကျူရှင်ဖွင့်ရတော့တာပေါ့၊ သည်နှစ် ကျူရှင် လာတက်တဲ့ကလေး အယောက် (၆၀) အထိဖြစ်လာတယ်” ဟု ကျူရှင်ပြသူ မိဂျမ်းပါ ကဆိုသည်။

    ကလေးတွေက မွန်လူမျိုးဖြစ်သောကြောင့် ကျောင်းမှာ မြန်မာဘာသာနဲ့ သင်တဲ့အခါကျတော့ ကလေးတွေက လိုက်ဆိုရုံမှလွဲ၍ ဘာမှနားမလည်ပါ။ ကျူရှင်ရောက်တော့ ကျောင်းမှာ သင်ထားတဲ့ စာတွေကို ကလေးတွေ နားလည်အောင် မွန်လို ပြန်လည်ရှင်းပြရတယ်” ဟု မိဂျမ်းပါ ကဆိုသည်။

    မူလတန်း ကျောင်းသားများသည် များသော အားဖြင့် အသက် (၅) နှစ်မှ (၁၀) နှစ်အတွင်းရှိ ကစားတတ်သော အရွယ်များသားဖြစ်ကြသည်။ သို့သော် တစ်နှစ်အတွင်းမှာ (၈) လလုံးလုံး ကစားချိန်၊ ပျော်ချိန်၊ လုံလုံလောက်လောက် မခံစားခဲ့ရ။ သူတို့ရဲ့ ဘဝကို စာသင်ကျောင်းနဲ့ ကျူရှင် အကြားမှာဘဲ မြှှုပ်နှံခံရပြီး အရွယ်နှင့် မလိုက်အောင် မြန်မာပြည်ရဲ့ ပညာရေးစနစ်ကို လက္ခံ သင်ကြားနေရတယ်။

    မြန်မာပြည်ရဲ့ စာမေးပွဲစနစ်သည်လည်း ရွတ်ဖတ် ကျက်မှတ် အဆင့်မှာဘဲ ရှိနေသည့်အတွက်ကြောင့် ကလေးတွေရဲ့ မှတ်ညာဏ်ကို အခြေခံတဲ့ (ကလေး ဗဟိုပြု) စာမေးပွဲစနစ် ၊ သင်ကြား နည်းစနစ် ကို လစ်လျှူရှုနေဆဲပါ။ မူလတန်းအဆင့် မထမတန်း ကျောင်သား တစ်ယောက်သည် (မြန်မာ၊ အင်္ဂလိပ်၊ သချာင်္၊ သိပ္ပံ) ၄ ဘာသာကို ကျက်မှတ် ရွတ်မှတ် နေရဆဲပါ။

    ထိုကလေးများသည် နံနက်စောစောထကာ ကျူရှင်သွားရ၊ ကျူရှင်ကအပြန် ကျောင်းကိုသွားရ၊ ညနေ ကျောင်းဆင်းပြန်တော့လည်း မရပ်မနား ကျူရှင်သို့ ထပ်မံသွားကြပြန်သည်။ တစ်ချို့ကလေးများက ကျူရှင် ပြီးပေမဲ့လည်း ဂိုက်တွေဆီသွားရတာမို့ ညး (၁၀) နာရီလောက်မှ အိမ်ပြန်ရောက်ကြသည်။

    “ကလေးတွေရဲ့ ဦးနှောက် မှတ်ညာဏ်ဟာ တစ်မိနစ်မှ နားခွင့်မရပေ။ သူတို့သိတာက ကျောင်းစာတစ်ခုဘဲ။ စာစစ် စနစ်ကလည်း စာအုပ်အတိုင်းသာ (တိုက်/စစ်) နေဆဲပါ။ ကလေးတွေရဲ့ အရည်အချင်ကလည်း တတ်သိ နားလည်မှုအပေါ်အခြေမခံဘဲ၊ များများ ကျက်မှတ်နိုင်ရင် ပြီးပြီ” ဟု မိမူချိုင်း (ပညာရေးမြှင့်တင်ရေးစီမံကိန်း မန်နေဂျာ) က ဆိုသည်။

    မူလတန်း အဆင့် ကလေးငယ်များသည် ကျောင်းတွင်း သင်ကြားမှုကို ခံယူနိုင်သော်လည်း ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေး၊ ပြင်ပဗဟုသုတများ၊ ယဉ်ကျေးမှုဓလေ့ထုံစံ စတာတွေကို သိနားလည်အောင် ကျောင်းပြင်ပမှာဘဲ လေ့လာ သင်ယူရမှာပါ၊ ကျောင်းချိန်မှာ ရှာလို့ရမှာ မဟုတ်ပါဘူးလို့လည်း ၎င်းကဆက်ပြောပါသည်။

    ကလေး အခွင့်အရေး စာချုပ်ပါ အပိုဒ် (၂) မှ အပိုဒ် (၄၀) အထိတွင် ကလေးတစ်ဦးသည် အပန်းဖြေခွင့်၊ အခမဲ့ ပညာသင်ကြားခွင့် ရှိရမည် စသည်ဖြင့် ဖေါ်ပြထားသည်။ ၎င်းစာချုပ်အတိုင်း လိုက်နာ ဆောင်ရွက်သွားရန်အတွက် ၁၉၉၁ ခုနှစ် ဇူလိုင် (၁၆ ) ရက်နေ့တွင် မြန်မာအစိုးရ (နအဖ လက်ထက်) လက်မှတ် ရေထိုးခဲ့သည်။

    ကျောင်းဆင်းချိန်ဆိုသည်မှာ ကလေးများရဲ့ ကစားချိန်နဲ့ နားချိန်ဘဲ ဖြစ်သင့်ပါတယ်။ သို့ပေမဲ့ ကျူရှင်ချိန်ကြောင့် ကလေးတွေ ကိုယ်လက်လှုပ်ရှားမှု နည်းပါးလာသည်သာမက စာကို များစွာ ကျက်မှတ်နေရသည့်အတွက် စိတ်ဖိစီးမှု ဖြစ်လာနိုင်သည်ဟု WCEP မှ မိဟံသာထော် ကဆိုသည်။

    “ကျူရှင်တက်မှ အမှတ်များများရ၊ နာမည်ကြီး၊ ကျူရှင်မတက်လျှင် စာများများကျက်ရမယ်၊ သည်ကျူရှင်ကြောင့် ကလေးများရဲ့ ခံစားမှုကလည်း မတူ ကွဲပြားကြပြန်သည်” ဟုလည်း မိဟံသာထော် ကဆိုသည်။

    မြန်မာပြည်၏ ပညာသင်ကြားရေးစံနစ်တွင် ကျူရှင် စျေးကွက်က ခိုင်မာစွာ ဝင်ရောက်လာပြီး မူလတန်းကအစ တက္ကသိုလ် အဆုံး ဝင်ရောက် နေရာယူထားလျှက်ပါ။

    ကျူရှင်သင်ကြားမှုကို ဆရာ ဆရာမများအား တားမြစ်ပိတ်ပင်ထားသော်လည်း နယ်ဖက် ကျေးရွာများတွင် ကျူရှင်သင်ကြားမှုက ရေပန်းစားနေဆဲပါ။ ကျူရှင်ပြဿနာကို ကိုင်တွယ် ဖြေရှင်းရန် အင်မတန် ခက်ခဲနေပါတယ် ဟုလည်း မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင် ကဆိုသည်။

    “ကျူရှင်ကိစ္စကို ဝိုင်းဝန်း အဖြေရှာရမည်၊ မိမိတို့ သားသမီးကို ကျူရှင် မထားရင် ခေတ်မမှီ သလိုလို၊ ပညာမတတ်တော့သလိုလို အဲဒီအတွေးမျိုး မိဘတွေမှာ ရှိနေလျှင် ကျူရှင် ပညာရေးဟာ ဆက်ရှိနေမှာဘဲ” ဟု မွန်ပြည်နယ် ပညာရေးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးကျော်ရင် ကဆိုသည်။

    ၂၀၁၅-၁၆ ပညာသင်နှစ်တွင် မွန်ပြည်နယ်အတွင်း၌ အခြေခံ မူလတန်းကျောင်သား (၁၁၁၈၂၀)ဦး၊ အလယ်တန်းကျောင်းသား (၆၀၆၈၃) ဦး၊ အထက်တန်းကျောင်းသား (၂၀၆၀၇) ဦး ရှိသည်။ အစိုးရမှ အခမဲ့ ပညာသင်ကြားရေ စနစ်ချမှတ်ထားပြီး ကျောင်းအတွက် ကျောင်းသားမျာ စရိတ် မကုန်သော်လည်း ကျောင်ဖွင့်ချိုန်မှစပြီး စာမေးပွဲ ဖြေဆိုပြီးသည်အထိ မိဘများက ကျူရှင်စရိတ် ဆိုတဲ့ ဝန်းထုတ်ဝန်းပိုကို ထမ်းရွက်နေလျှက်ပါ။

    မွန်ပြည်နယ် ပညာရေးမှူး ဦးမျိုးတင့်အောင်က “အမျိုးသားပညာရေး တည်ဆဲဥပဒေ ၊နည်းဥပဒေ များ ထွက်လာပါက ကျူရှင်ကိစ္စကို ကိုင်တွယ်ရန်အတွက် တစ်နည်းနည်းတော့ အထောက်အကူ ဖြစ်မှာပါ” ဟု ဆိုပါသည်။

    ကျူရှင်ကိစ္စနှင့်ပတ်သက်ပြီး အစိုရ ပညာရေးဌာနမှ နည်းမျိုးစုံနဲ့ တားမြစ် ပိတ်ပင်ပါသော်လည်း ၎င်းတို့ကြိုးပမ်းမှုသည် လက်ရှိအခြေအနေတွင် အောင်မြင်ရန် မလွယ်ကူလှပေ။

    မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် (ဇူ) ပါမောက္ခချုပ် ဦးမောင်မောင်မျေအ်က “ကျူရှင်တက်မှ စာမေးပွဲအောင်မယ် ဆိုတာ ဆရာ့ အပြစ်လည်းမဟုတ်၊မိဘနဲ့ ကျောင်းသားတွေရဲ့ အပြစ်လည်း မဟုတ်၊လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေး စနစ်ကြောင့်သာ ဖြစ်သည်” ဟု ဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts