spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းNCA လက်မှတ်မရေးထိုးမီ ၃ ရက်ခန့်တွင် မတရားအသင်းပယ်ဖျက်မည်ဟု အစိုးရကတိပြု

    NCA လက်မှတ်မရေးထိုးမီ ၃ ရက်ခန့်တွင် မတရားအသင်းပယ်ဖျက်မည်ဟု အစိုးရကတိပြု

    -

    MPC သတင်းစာရှင်းလင်းပွဲ(MPC)
    MPC သတင်းစာရှင်းလင်းပွဲ(MPC)
    အိုက်စိုင်း – တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ကို လက်မှတ်ရေးထိုးပွဲ မကျင်းပမီ ၃ ရက်လောက်အလိုခန့်တွင် မတရားအသင်းအဖြစ် ကြေညာထားခြင်းကို ပယ်ဖျက်ပေးမည်ဟု အစိုးရမှ ကတိပြုလိုက်ကြောင်း သိရသည်။

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)နှင့် ပြည်ထောင်စုဝန်ကြီးများအပါအဝင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး အရာရှိကြီးများ စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို ့၊ မြန်မာငြိမ်းချမ်းရေးစင်တာ MPC တွင် တွေ့ဆုံ၍ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးမည့် ရက်သတ်မှတ်ရေး အကြိုညှိနှိုင်း အ စည်းအဝေးတွင် မြန်မာအစိုးရဘက်မှ အထက်ပါအတိုင်း ကတိပြုခဲ့ခြင်းဖြစ်သည်။

    “အားလုံး စိတ်ဝင်းစားနေတဲ့ ကိစ္စတစ်ခုဖြစ်တဲ့ မတရားအသင်းကြေညာထားခြင်း နဲ့ ပတ်သက်ပြီး ဒီနေ့ ဆွေးနွေးပွဲမှာ အစိုးရဘက်က NCA လက်မှတ် မရေးထိုးမီ ၂ ရက် သို့မဟုတ် ၃ ရက်လောက် အလိုမှာ ပယ် ဖျက်ပေးသွားမည်ဆိုပြီးတော့ ကတိပြုပြောကြားခဲ့တယ်” ဟု MPC အကြီးတန်းအကြံပေး ဦးလှမောင်ရွှေက ပြောသည်။

    တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လာမည့်အောက်တိုဘာ ၁၅ ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်ရှင်းစင်တာ MICC-2 ၌ လက်မှတ်ရေးထိုးပွဲကို ကျင်းပသွားမည်ဖြစ်သည်။

    လက်ရှိတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)ကို လက်မှတ်ရေးထိုးရန် အစိုးရ ဖိတ်ခေါ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်(၁၅)ဖွဲ့အနက် ကရင်အမျိုးသားအစည်းအရုံး KNU၊ ဒီ မိုကရေစီအကျိုးပြု ကရင်တပ်မတော် DKB ၊ KNU/KNLA-PC၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ ALP ၊ ချင်းအမျိုးသားတပ်ဦး CNF စသည့် အဖွဲ့ ၇ ဖွဲ့သာ ပဏာမ လက်မှတ်ရေးထိုးသွားရန်ဆုံးဖြတ် ထားကြသည်။

    အစိုးရ ဖိတ်ခေါ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၅ ဖွဲ့တွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မိုင်းလား(NDAA) ၊ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO)၊ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ ကပ်ပလန်(NSCN-K)၊ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) စသည့် အဖွဲ့အစည်းများအနေဖြင့် NCA စာချုပ်ကိုသဘောတူညီထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပါဝင်နိုင်ခြင်းမရှိသေးသဖြင့် လက်မှတ်မရေးထိုးနိုင်သေးကြောင်း ဆုံးဖြတ်ထားသည်။

    ဦးလှမောင်ရွှေက “အရင်ကတော့ လက်မှတ်ထိုးပြီးမှ ဖြုတ်ပေးဖို့ လုပ်ခဲ့တာ၊ ဒါပေမဲ့ အခုတော့ အစိုးရက လက်မှတ်မထိုးမီမှာဘဲ မတရားအသင်းကြေညာထားတာကို ပယ်ဖျက် ပေးသွားမယ်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈)က ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးရင်း ပြောကြား ခဲ့ပါတယ်”ဟု ဆိုသည်။

    အစိုးရအားဆန့်ကျင်တော်လှန်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို မတရားအသင်းဟု သတ်မှတ်ထားခြင်း ဖြစ်သဖြင့် ၄င်းအဖွဲအစည်းများနှင့် ပါဝင်ပတ်သက်သူ၊ အဆက်အသွယ်ရှိသူများကို ဖမ်းဆီးအရေးယူနိုင်သည့် ဥပဒေတစ်ရပ်ဖြစ်သည်။

    “မတရားအသင်းဥပဒေ” ကို မြန်မာနိုင်ငံ ဗြိတိသျှအင်္ဂလိပ်လက်အောက်ရောက်ရှိနေစဉ် လွန်ခဲ့သောအနှစ် ၁၀ဝ ကျော် ၁၉၀၈ ခုနှစ်တွင် ပြဌာန်းခဲ့ပြီး မြန်မာအစိုးရအဆက်ဆက်က ခေတ်နှင့်လျော်ညီစွာပြုပြင်ခဲ့ခြင်းမရှိဘဲ ယနေ့တိုင်ကျင့်သုံးနေဆဲ ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts