spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်မှိုသဖွယ် ‘စားသောက်ဆိုင်နှင့် အရက်ဘီယာဆိုင်များ’ ၏ စီးပွားရေး (၂)

    မှိုသဖွယ် ‘စားသောက်ဆိုင်နှင့် အရက်ဘီယာဆိုင်များ’ ၏ စီးပွားရေး (၂)

    -

    Liquor2အရက်မျိုးစုံ ရောင်းတဲ့ဆိုင်ပိုင်ရှင် မဖြူဖြူလွင်နှင့် တွေ့ဆုံမေးမြန်ခြင်း
    မွန်ပြည်နယ်တွင် မော်လမြိုင်ကုဲ့သို့ မြို့ ကြီး များ

    တွင် စားသောက်ဆိုင်နှင့် ဘီယာဆိုင်များ ပေါ်ပေါက်ရုံသာမက တောနယ်ကျေးရွာများတွင်လည်း ဘီယာဆိုင်ယဉ်ကျေးမှုသည် ‘ထန်းရည်ဆိုင်’၊ ‘ဓနိရည်ဆိုင်’ များအား အစားထိုးခဲ့ပေသည်။ လူငယ်များအကြား ညနေပိုင်း ဘီယာသောက်ခြင်း၊ အရက်များသောက်ခြင်းသည် ပုံမှန်အလေ့အကျင့်တခု ဖြစ်လာသည်။ အရက်ဆိုင်များ ဘီယာဆိုင်များသည် တရားဝင်မှတ်ပုံတင်ထားသည်များ ရှိသကဲ့သို့ မှတ်ပုံမတင်ထားသည်များလည်း ရှိပေသည်။ ၄င်းအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုသည်လည်း ကျယ်ပြန့် လာပြန်သည်။ ထိုကိစ္စများ သိရှိရန် ‘မင်းပိုင်’ မှ မုဒုံမြို့ နယ် ကျေးရွာတရွာတွင် တရားဝင်အရက်အမျိုးစုံဆိုင် ဖွင့်လှစ်ထားသူ ‘မဖြူဖြူလွင်’ အား တွေ ့ ဆုံမေးမြန်းခဲ့ပေသည်။

    မင်းပိုင်
    မေး – အစ်မဆိုင်က ဘယ်မှာဖွင့်ထားတာလဲ ခင်ဗျ
    ဖြေ – ဟုတ်ကဲ့၊ ကျွန်မဆိုင်က (—–) ကျေးရွာ၊ မုဒုံမြို့နယ်မှာ ဖွင့်ထားပါတယ်။ အစ်မက ဆိုင်လိုင်စင်ကို နှစ်မျိုး ယူထားတယ်။ စားသောက်ဆိုင်လိုပုံစံမျိုး အထိုင်သောက်ဖို့အတွက်ပေါ့ အဲဒါကို တစ်သိန်းခွဲ S2 ပါ၊ ဒါပေမယ့် အဲဒါကို အစ်မမလုပ်နိုင်လို့ မဖွင့်ဖြစ်ဘူး။ နောက်တစ်မျိုးက ရောင်းဖို့သက်သက် FL 12 အမျိုးအစားပါ၊ ငါး သိန်းပေါ့။ အဲဒါတွေကို ၂၀၁၅ အတွက် သွင်းပြီးသွားပြီ။ ဒီဆိုင်ကို ကျွန်မဖွင့်ထားတာ သုံးနှစ်ရှိနေပြီ။
    မေး – ဘယ်အချိန်မှာစဖွင့်ပြီးတော့ ရောင်းရတာရှိလဲ ခင်ဗျ။
    ဖြေ – ကျွန်မတို့ဆိုင်က နေ့တိုင်းမနက် (၉) နာရီကျော်ဆို စဖွင့်တယ်ပေါ့ ကလေးတို့ကျောင်းသွားပြီးရင်။ မဖွင့် လို့လည်း မရဘူးလေ၊ ဈေးရောင်းရတဲ့အချိန်ကိုပြောရင် ဟို (၁၀) နာရီ၊ (၁၁) နာရီ နေ့လယ်ပိုင်းလောက်ကျမှ ရောင်းရတယ်။ ညနေပိုင်းဆိုရင် (၇) နာရီကနေ (၉) နာရီကြာမှာမှ ဈေးကရောင်းရတယ်။ ဒီလိုမိုးတွင်းချိန်ဆို ရင် ဈေးက ရောင်းမကောင်းလို့ ည (၈) နာရီဆို ဆိုင်ကပိတ်ပြီ။ အခုရွာကလူတွေဆိုရင် (၁၀ဝ) ဖိုး (၂၀ဝ) ဖိုးဆိုလည်း တစ်ခြားဆိုင်မှာ ဝယ်သောက်လို့ရတယ်။ အစ်မဆိုင်မှာက အဲဒီလိုမျိုးမရဘူး၊ ဒီဆိုင်မှာ ထိုင် သောက်လို့မရဘူးဆိုတော့ သူတို့သိပ်မလာကြဘူး။ အစ်မဆိုင်မှာ တစ်ချို့ကျောင်းမနေတဲ့ ကလေးအရွယ်တွေ လာတာရှိပါတယ်။ သူ့အဖေခိုင်းလို့ အရက်တွေလာ ဝယ်တယ်။ တစ်ချို့ကလေးတွေက ကံစမ်းမဲကို လာလဲတယ်။ ယောင်္ကျားလေးတွေ လာတယ်။
    မေး – အစ်မဆိုင်တွင် ဘယ်လိုအရက်အမျိုးအစားတွေမှာ တင်ရောင်းနေတာ ရှိပါသလဲခင်ဗျ။
    ဖြေ – အစ်မဆိုင်မှာက အရက်ဖြူ (၅၀ဝ) တန်းကနေ အရက်အနီ (၄၀ဝ၀ဝ) တန်းအထိ တင်ထားတာ ရှိပါ တယ်။ နောက် ဘီယာတွေလည်း မျိုးစုံတင်ထားတာရှိပါတယ်။ ဒီလိုမိုးတွင်းအချိန်ဆိုရင် တစ်နေ့ကို (၃) သောင်း လောက်ပဲ ရောင်းရတယ်။ အရက်ကောင်းကောင်းတွေ မရောင်းရဘူး။ တစ်ချို့က လူတစ်ယောက်ဆိုရင် ဘီယာ အနည်းဆုံး (၁၀) ဗူး ဝယ်ရင် အစ်မက (၅၀ဝ၀) ရပြီလေ၊ အခုအချိန်မှာက အဲဒီလိုမျိုးမရှိဘူး၊ တစ်ယောက်ကို (၂) ဗူး၊ (၃) ဗူးလောက်ပဲ လာဝယ်ကြတာများပါတယ်။ ရောင်းအာသိပ်မရှိဘူး။ နောက် အစ်မဆိုင်က ငှဲ့ပြီး မရောင်းတဲ့အတွက်ကို လူတွေ သိပ်မလာကြဘူး။ ဆိုင်မှာ အစ်မမပေးသောက်ဘူး။
    မေး – တစ်နေ့ကို လူဘယ်နှစ်ယောက်လောက် အရက်၊ ဘီယာ လာဝယ်တာရှိပါသလဲ။
    ဖြေ – ဒီလိုအချိန်မျိုးဆိုရင် အစ်မဆိုင်မှာက တွက်မကိုက်ဘူး၊ တစ်နေ့ကို လူအယောက် (၂၀) လောက်ပဲ လာဝယ်တယ်။ ပုံမှန်ပေါ့။ ရှမ်းပြည်ကနေ ရွာကလူတွေပြန်ရောက်တဲ့အချိန် တန်ဆောင်မုန်း၊ ပြာသို၊ တပို့တွဲ၊ တပေါင်လကျမှ အဲဒီ (၄) လအချိန်မှာဆိုရင် တစ်နေ့ကို (၅) သိန်းလည်း ရောင်းရတာရှိတယ်။ တစ်နေ့လုံးမနား ရဘူး။ အကယ်၍ ရွာမှာ မင်္ဂလာဆောင်၊ ရှင်ပြုတဲ့အိမ်တွေ ရှိနေတယ်ဆိုရင် တစ်နေ့ကို (၁၀) သိန်းအထိလည်း ရောင်းရပါတယ်။
    မေး – အရက်၊ ဘီယာသုံးစွဲသူပြည်သူတွေ ဘယ်လောက်ရှိနိုင်မလဲဆိုတာကို သုံးသပ်ပြပေးလို့ရမလား။
    ဖြေ – အဲဒီလိုပြောကြစတမ်းဆိုရင် မွန်ပြည်နယ်မှာ အရက်သမားတွေ တော်တော်နည်းလာနေပါပြီ။ အများအား ဖြင့်တော့ အသက် (၃၀) ကနေ (၄၀) ကျော်အရွယ်ရှိတဲ့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေလောက်ပဲ သောက်ကြတာ များတယ်။ အရက်၊ ဘီယာကို ဘယ်လောက်သောက်နေကြပြီလဲဆိုတာကို ပြောရတာ ခက်တယ်၊ အားလုံးသောက်ကြတာပဲ။ အနည်းနဲ့အများပေါ့။ ဒါပေမယ့် ခုနက ပြောသလိုပေါ့၊ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေ လောက်ပဲ သောက်ကြတာများတယ်။
    အခုခေတ်ရဲ့ လူငယ်ဆိုတဲ့ အသက်ငယ်ငယ်ပိုင်းတွေကတော့ သူတို့ကအရက်တွေ၊ ဘီယာတွေ မသောက်ကြတော့ဘူး။ ချောင်းဆိုးဆေးနဲ့ ကိုကာကိုလာအချိုရည်ကိုပဲ ဝယ်သောက်ကြတယ်။ တစ်ခြားမှာတော့ မသိဘူး ပေါ့နော် အရက်၊ ဘီယာဆိုတာ ဒီရွာမှာ ဒီအချိန်မှာ ခေတ်မရှိတော့ဘူး။ အသက်ကြီးပိုင်းတွေလောက်ပဲ အရက်ကိုသောက်ကြတယ်။ ချောင်းဆိုးဆေးက အရက်ထက်တောင် ရောင်းကောင်းနေသေးတယ်။ ချောင်းဆိုး ဆေးနဲ့ ဘိန်းရွက်ကိုပဲသောက်ကြတယ်။ ဘိန်းရွက်က စိုက်ကြတာ များတယ်။ ဘယ်သူရောင်းတယ် ငါ့ရောင်းတယ်ဆိုတာကို မကြားမိဘူး။ အဲဒီဘိန်းရွက် မရှိတဲ့အခါကြရင် ကလေးကိုတိုက်တဲ့ သစ်သီးစုံချောင်းဆိုးဆေးနဲ့ ကိုလာအချိုရည်ကို ရောစပ်ပြီး သောက်ကြတယ်။ ဘိန်းရွက်ရှိရင် ဘိန်းရွက်ကိုပြုတ်၊ ဘိန်းရွက်ဆူတော့မှ ချောင်းဆိုးဆေးကို လောင်းထည့်တယ်။ ပြီးတော့မှ မီဖိုးကနေ ချပြီးတော့ ကိုကာကိုလာကို ရောထည့်တာလဲ ရှိတယ်။ ဘေးထွက် အဆိုးကျိုးရှိ၊ မရှိ မသိကြဘူး၊ မိန်ကလေး၊ ယောင်္ကျာမရွေး သောက်လို့တော့ ကောင်းတယ် လို့ပြောကြတယ်။ အရက်သောက်ပြီးရင် တစ်ခါတစ်လေ ခေါင်းကိုက်နေသေးတယ်။ အဲဒီချောင်းဆိုးဆေးနဲ့ ဘိန်းရွက်ရောပြီး သောက်တာကို ခေါင်းလည်းမကိုက်ဘူး၊ မနက်မိုးလင်းထတာနဲ့ လူကို လန်းဆန်းစေတယ်လို့ အဲဒီလိုပြောကြတယ်။
    မေး – အစ်မတို့ရွာမှာ အရက်၊ ဘီယာဆိုင်တွေ ဘယ်လောက်ရှိပါသလဲခင်ဗျ
    ဖြေ – ဆိုင်ကတော့ အများကြီးရှိပါတယ်။ တစ်ချို့က အိမ်မှာရောင်းတယ်၊ တစ်ချို့က စားသောက်ဆိုင်ဖွင့်ပြီး ရောင်းတယ်၊ နောက် ကျွန်မဆိုင်မျိုးလိုလည်း ရှိပါတယ်။ ဒါပေမယ့် တစ်ချို့ဆိုင်တွေက လိုင်စင် မယူထားဘူး။ အဲဒီလိုဆိုင်မျိုးလည်း ဒီရွာရဲ့အနီးအနားတဝိုက်တွေမှာ အများကြီးရှိပါတယ်။ နောက် သူတို့က လိုင်စင်လည်း မယူးထားဘူး၊ အကောက်လည်းမပေးထိဘူးဆိုတော့ အရက်၊ ဘီယာဈေးကို နှိမ်ပြီး သူတို့ရောင်းလို့ရတယ်လေ။ ပြောင်ပြောရမယ်ဆိုရင် ရဲကြေးပေးရတာရှိတာပေါ့။ အဲဒီဆိုင်တွေကို တိုင်းတဲ့လူရှိလို့ သွားဖမ်းကြတာရှိတယ်၊ ဘယ်နေ့၊ ဘယ်အချိန် သွားဖမ်းမယ်ဆိုတာကို သူတို့က ကြိုသိနေလို့ ပစ္စည်းတွေ ကို သူတို့ဝှက်ထား လိုက်တယ်။ တွေ့ရင်လည်း ဘီယာဗူးနည်းနည်းလောက်ကိုပဲ တွေ့ တယ်။ ဖမ်းတဲ့သူတွေက မရောင်းတော့ဘူး ဆိုတာကို သူတို့ကို လက်မှတ်ပေးထိုးခိုင်းတယ်။ နောက် ရောင်း တော့တာပါပဲ။ (၁၀) တန်းစာမေးပွဲဖြေဆိုတဲ့ အချိန်မှာဆိုရင် ပါမစ်ရှိတဲ့အစ်မတို့ဆိုင်လိုမျိုးက အနည်းဆုံး (၁၀) ရက် ပိတ်ထားရတယ်။ လိုင်စင်မရှိတဲ့ဆိုင် တွေကကြတော့ ပိတ်ရက်မရှိ တရားဝင်ပေးရောင်းနေကြတယ်။ ရဲတွေလည်း မဖမ်းဘူး။ အစ်မတို့အတွက်တော့ အများကြီးနစ်နားသွားတာပေါ့။
    မေး – အဲဒီကိစ္စနဲ့ပတ်သက်ပြီး အစ်မအနေနဲ့ ဘာပြောချင်တာရှိပါသလဲ ခင်ဗျ
    ဖြေ – တရားမဝင်ဆိုင်တွေကို သက်ဆိုင်ရာက တရားဥပဒေအရဆိုရင် ဖြေရှင်းပေးဖို့ပေါ့။ ဘယ်သူမှလည်း ထိရောက် စွာအရေးခြင်းမရှိသေးဘူး။ နောက် အရေးယူခြင်းခံရတဲ့လူကလည်း ဒီယစ်မျိုးရဲ့ဥပဒေမှာက ပုဒ်မ (၃၁) ထောင်ဒဏ်တစ်ပတ်နဲ့ ငွေဒဏ်တစ်ထောင်ပဲဆိုတော့ သူတို့ကမကြောက်ကြဘူး။ ဖမ်းသွားလေ တရား ဥပဒေအရ သူတို့က ထောင်ဒဏ်တစ်ပတ် သို့မဟုတ်လို့ရှိရင် ငွေဒဏ်တစ်ထောင်ကို ဆောင်လိုက်ရုံပဲပေါ့။ နောက်ပြန်ရောင်းကြတာပါပဲ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts