spot_img
Friday, April 19, 2024
More
    spot_img
    Homeအယ်ဒီတာ့အာဘော်မွန်လူထုတို့၏ဆန္ဒမဲသည် မွန်ကိုယ်စားလှယ်လောင်းအတွက်သာ ဖြစ်သင့်သည်

    မွန်လူထုတို့၏ဆန္ဒမဲသည် မွန်ကိုယ်စားလှယ်လောင်းအတွက်သာ ဖြစ်သင့်သည်

    -

    Vမွန်နိုင်ငံရေးပါတီများ ဆွေးနွေးညှိနှိုင်းမရသည့်နောက်ပိုင်း လွှတ်တော် အဆင့်ဆင့်အတွက် မွန်ကိုယ်စားလှယ်လောင်း အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ‘မွန်လူထုဆန္ဒမဲသည် မွန်ကိုယ်စားလှယ်လောင်းကိုသာ ပေးရမည်’ ဟု မွန်လူမှုအဖွဲ့အစည်းများက ထုတ်ပြန်ခဲ့ကြသည်။

    ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲသည် မဲထည့်ပေးရမည့် မွန်လူထုတွေအတွက် အင်မတန်မှ ခက်ခဲ ရှုတ်ထွေးစေပါသည်။ မိမိတို့ မွန်ပြည်နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီ စုစုပေါင်း (၂၀) ခန့်ရှိပြီး မဲဆန္ဒနယ် တစ်ခုခုတွင် ဝင်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီသည် (၅) ပါတီမှ (၁၀) ပါတီအထိ ရှိနေသည့် အတွက်ကြောင့် မဲပေးရမည့် သူများအတွက် အမှန်ပင် မျက်စိရှုတ်နေမည်။ အထူးသဖြင့် မွန်ပါတီ (၃) ပါတီကို မဲပေးရာမှာ ဟင်္သာ တံဆိပ်က ပုံစံ (၃) မျိုးဖြစ်နေပြီ မည်သည့် ဟင်္သာက မည်သည့်ပါတီ၏ တံဆိပ်ဖြစ်သည်ကို ကွဲကွဲပြားပြား သိထားခြင်း မရှိသဖြင့် အလွန်ပင် စိုးရိမ်နေကြပါသည်။

    မွန်နိုင်ငံရေးပါတီများ၏ အခြေအနေကို ပြန်ကြည့်လျှင် မဲဆန္ဒနယ်ရှိသမျှ မိမိတို့ကိုယ်စားလှယ်လောင်း မပြည့် ပြည့်ရေးကိုသာ လုပ်ဆောင်နေကြသဖြင့် မိမိလူထုအား မည်သို့ မည်ပုံ မဲပေးရမည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက် နားလည်အောင် မည်သည့်ပါတီကမှ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ ယခုလက်ရှိအခြေအနေတွင် မွန်ပြည်သူ လူထုများအကြား မဲပေးပုံ ပေးနည်း နည်းစံနစ်ကို ပညာပေးမည့် (Voters’ Education) အဖွဲ့အစည်း အင်မတန်နည်းနေပါသေးသည်။ ပြည်သူလူထုကို တီးခေါက် မေးမြန်းကြည့်အခါ မွန်ပါတီ နှစ်ပါတီ သုံးပါတီ ဖြစ်နေသည့်အတွက်ကြောင့် ဟိုပါတီကလူ သည်ပါတီကလူ ဤသို့ အစွပ်စွဲခံရမည်ကို စိုးရိမ်းနေကြသဖြင့် ပညာပေးရေး အစီအစဉ်ထဲ မပါဝင် လိုကြပါ။

    ဤသို့မဖြစ်သင့်ပါ။ မဲပေးမှုဆိုင်ရာ ကိစ္စတွေမှာ ကျနော်တို့ မွန်လူထု နားလည် သဘောပေါက်မှု နည်းနေပါသေးသည်။ တစ်ချို့က စာမတတ်၊တစ်ချို့က ကြောက်၍ မဲရုံသို့ မသွားလိုကြ။ တစ်ချို့ကြတော့လည်း မွန်ပါတီ မဟုတ်တဲ့ အခြားအခြားသော ပါတီများက စည်းရုံး သိမ်းသွင်း ထားသဖြင့် မိမိမွန်ပါတီကို မဲမပေးလိုကြပါ။ ထို့အပြင် ထိုင်း၊ မလေးရှာ စသည့် အခြားသော နိိုင်ငံများဆီသို့ သွားရောက် အလုပ်လုပ်နေသူတွေရဲ့ မဲစာရင်းများကိုလည်း မည်သူမည်ဝါက အချောင်နှိုက်ထား ပြီးပြီလဲ စသည့် စသည့်ပြဿနာများက မသေးလှပါ။ ထို့ကြောင့် လက်ရှိအချိန်တွင် ထိုပြဿနာများကို ကျော်လွှားနိုင်ရန်အတွက် မဲပညာပေးမှုကဏ္ဍနှင့် ‘မွန်လူထုတို့၏မဲသည် မွန်လူမျိုးအတွက်သာ ဖြစ်ရမည်’ ဟူသော စည်းရုံးနှိုးဆော်မှုကဏ္ဍတို့တွင် မွန်လူထု လူမှုအဖွဲ့အစည်းများက အားလုံး ညီညာတက်ကြွစွာ ဆောင်ရွက်သင့်သည်။

    တစ်ဖက်တွင်လည်း မွန်ပါတီများအနေဖြင့် ပြည်သူလူထုအတွက် မည်သို့လုပ်ပေးနိုင်မည်နည်း ဆိုသည့် အမေးပုစ္ဆာမျိုး ထွက်ပေါ်လာနိုင်သည်။ အမေးကိုဖြေတတ်ဖို့ အင်မတန် အရေးကြီးပါသည်။ မွန်နိုင်ငံရေးပါတီတွေအပြင် စည်းရုံး နှိုးဆော်သူတွေကပါ ပြည်သူများနားလည် သဘောပေါက်အောင် ရှင်းပြတတ်ရန် လိုအပ်နေပါသည်။
    မွန်နိုင်ငံရေးပါတီများသည် အယူအဆနှင့် အမည်နာမ မတူသလို တစ်ပါတီနှင့် တစ်ပါတီ၊ ပုဂ္ဂိုလ်အရ တစ်ဦးနှင့် တစ်ဦး အာဃာတတရား ရှိကောင်း ရှိနိုင်မည်ဖြစ်သော်လည်း ၄င်းတို့သည်-
    (၁) မွန်ပါတီတိုင်း၌ အများအားဖြင့် မွန်လူမျိုးအတွက် ကိုယ်ကျိုးမငဲ့ ရဲရဲဝံ့ဝံ့ လုပ်ဆောင်ခဲ့ဘူး သူများသာ ဦးဆောင်မှုပြုသူများသဖြင့် မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်သည့်အလျှောက် ၄င်းတို့ မဲအနိုင်ရပြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်ခဲ့သော် ရလာဒ်ကား မိမိလူမျိုးအတွက်သာ ဖြစ်နိုင်ပါမည်။
    (၂) ၄င်းတို့သည် မွန်လူမျိုး ကွယ်ပျောက်မှာကို အလွန်ပင် စိုးရိမ်းတတ်ကြသဖြင့် မွန်စကား စာပေ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်အောင် ၄င်းတို့လုပ်ဆောင်မည်မှာ ဧကန်မလွဲပါ။
    (၃) ၄င်းတို့သည် အမျိုးသားအခွင့်အရေး နှင့် ပြည်နယ်အခွင့်အရေး မရှိသလောက်ဖြစ်သည့် (၂၀ဝ၈) ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ ရသင့်ရထိုက်သည့် အခွင့်အရေးများကို တောင်းဆိုရာတွင် အားကိုး အားထားရမည့် ပုဂ္ဂိုလ်များဖြစ်ကြောင်း နားလည်ထားရပါမည်။

    မွန်လူထုမဲသည် မွန်ကိုယ်စားလှယ် အတွက်သာ ဖြစ်ရမည် ဆိုသော်လည်း မိမိဒေသရှိ မဲဆန္ဒနယ် တစ်နယ်တွင် မွန်ကိုယ်စားလှယ်လောင်း ၄ ဦးမှ ၁၀ ဦးအထိ ရှိနိုင်သည့်အတွက်ကြောင့် မွန်လူထူများ အနေနဲ့ ဆန်ခါချပြီး ဆန်ခါတင် ရွေးချယ်ရပါမည်။ ဟင်္သာ တံဆိပ်မြင်တိုင်း တံဆိပ်ခတ်နှိပ်ခြင်းသည် လုံးဝ မဖြစ်သင့်ပါ။ ကိုယ်စားလှယ်လောင်းများ၏ အကျင့်စာရိတ္တ၊ လူမျိုးနှင့် ပြည်သူတွေအတွက် အနစ်နာခံမှု၊ တက်ကြွမှု၊ တတ်သိနားလည်မှုနှင့် သဘောထားပြည့်ဝမှု စသည့်အရည်အချင်းများ ရှိ /မရှိ ဆိုသည့်အပေါ် အလေးပေး၍ လူမျိုးနှင့် အများပြည်သူအတွက် ဆောင်ရွက်နိုင်စွမ်း ရှိမည့် မွန်ကိုယ်စားလှယ်လောင်းကိုသာ ဆန္ဒမဲပေး ရွေးချယ်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts