spot_img
Friday, March 29, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ မေးမြန်း‌ချက်‌ဦးအောင်ကျော်သူ သထုံ(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း NLD ပါတီ

    ဦးအောင်ကျော်သူ သထုံ(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း NLD ပါတီ

    -

    မေးမြန်းသူ-မင်းစိုင်းမွန်

    မေး-ဒီ၂၀၁၅မှာ ဘာဖြစ်လို့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် အရွေးခံရတာလဲ?

    ဦးအောင်ကျော်သူ NLD ပါတီ(IMNA)
    ဦးအောင်ကျော်သူ NLD ပါတီ(IMNA)
    ဖြေ-မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းမှာ တောက်လျှောက်လူငယ်အခန်းကဏ္ဍပါဝင်မှုမှာ အရမ်းအားနည်းခဲ့တယ်၊ အဲဒါကြောင့် ကိုယ်နဲ့အခုလက်ရှိ ကြုံတဲ့အချိန်မှာ ကိုယ်လည်းတတ်အားသမျှလုပ်ပေးနိုင်မယ် ကိုယ့်ကိုကိုယ်ယုံကြည်လို့ ဝင်ရောက်ယှဉ်ပြိုင်ရခြင်းဖြစ်တယ်။

    မေး-ဘာဖြစ်လို့နိုင်ငံရေးကဏ္ဍမှာလူငယ်တွေပါဝင်မှူအားနည်းခဲ့ရတယ်ထင်သလဲ?
    ဖြေ-ဘာကြောင့်မို့ ဖြစ်တယ်ထင်သလဲဆိုတော့ အာဏာခွဲဝေမှူအပိုင်းမှာ လူငယ်တွေကို အာဏာပေးဖို့မဟုတ်ဘူး။ တာဝန်ပေးဖို့တောင် အင်မတန်ဝန်လေးခဲ့တယ်၊ အရင် အစိုးရအဆက်ဆက်မှာ။ အဲဒီအတွက်အခုလူငယ်တွေက အာဏာလိုချင်တာမဟုတ်ဘူး တာဝန်လိုချင်တာ။ တာဝန်ဆိုတာက အာဏာတို့ နေရာတို့မဟုတ်ဘဲနဲ့ တာဝန်ကိုမပေးခဲ့ဘူး၊ အဲဒီအတွက်ကြောင့် လူငယ်တွေပါဝင်မှု အင်မတန်နည်းပါးခဲ့တယ်။

    မေး-ပြည်နည်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဒီမွန်ပြည်နယ်အတွက် ဘာတွေ လုပ်ဆောင်ပေးသွားဖို့ရှိသလဲ?
    ဖြေ-အဓိက လက်ရှိဒီကျန်းမာရေးစနစ်၊ ပြီးတော့အခုကလေးတိုင်း အခမဲ့ ပညာသင်ကြားရေးစနစ် အဲဒါကိုဦးစားပေးတင်ပြသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကျွန်တော်တို့ အခုစည်းရုံးရေး ဆင်းတဲ့နေရာတွေမှာတွေ့ရတယ်။ တစ်ချို့နေရာတွေမှာ ၈၀ ရာခိုင်နှုန်းလောက်သော ကလေးငယ်တွေဟာ မူလတန်းပညာရေးကိုမတတ်မြောက်ဘူး။ ဘာကြောင့်လဲဆိုတော့ လက်ရှိသူတို့မိဘ တွေကိုယ်တိုင်ကပညာမတတ်ကြဘူး။ ပြီးတော့သူတို့ကလေးတွေကိုပညာသင်ကြားပေးဖို့ အသိမရှိကြဘူး။ ဒီအသိတွေကိုအခြေခံကအစ အကောင်ထည်ဖော်ပေးမှရမယ်။

    မေး-အခုဝင်ပြိုင်မယ့် သထုံမြို့မဲဆန္ဒနယ်(၂) မှာ ဘာတွေလိုအပ်နေတာတွေတွေ့ရပါသလဲ?
    ဖြေ-အဓိကကတော့ နိုင်ငံသားတစ်ယောက်မှာ ရသင့်ရထိုက်တဲ့အခွင့်အရေးပေါ့၊ မဲပေးခွင့်ဆိုတဲ့အခွင့်အရေးကို ပြည့်ပြည့်ဝ၀မရဘူး။ မဲစာရင်းအမှားတွေဖြစ်နေတယ်။ တရားဝင်လည်းကြေညာတယ်။ မဲစာရင်းတွေလည်းအင်မတန်မှ မှားတယ်။ နောက်ပြီးတော့ နိုင်ငံသားတစ်ယောက် ဒီနိုင်ငံမှာမွေး၊ ဒီနိုင်ငံမှာကြီးတဲ့နိုင်ငံသားတွေမှာ အခြေခံလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားတောင် လုံလုံလောက်လောက်မရှိတာတွေ့ရတယ်။ မဲဆန္ဒနယ်(၂)မှာက ဖွံဖြိုးမှုအပိုင်းမှာဆိုရင် ကုန်းလမ်းဆက်သွယ်ရေးပေါ့။ ရွာကတွေကမြို့နဲ့နီးတယ်။ ဒါပေမယ့် လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတဲ့အတွက် သူတို့ရဲ့ ကျန်းမာရေး၊ အခြားအရေးကိစ္စတွေဖြစ်တဲ့အခါ မြို့ပေါ်ကိုချက်ချင်းရောက်နိုင်ဖို့ဆိုတာ ဘယ်လိုမှမလွယ်ကူဘူး။ လမ်းပန်းဆက်သွယ်ရေးတအားကိုခက်ခဲနေတယ်။

    မေး-အခုပြောသွားတဲ့ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးတွေမှာ ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရတဲ့အခါ ဘယ်ဟာကိုဦးစားပေးလုပ်ဆောင်သွားမှာလဲခင်ဗျ?
    ဖြေ-တိုင်းပြည်ရဲ့အနာဂတ်ဖြစ်တဲ့ ကလေးတွေ၊ ကလေးတိုင်းကျောင်းနေရင်းနဲ့ အမှန်တကယ်၊ အဓိကစာတတ်မြောက်ရေးကတော့ အဓိကအချက်ပါပဲ။

    မေး-မွန်ပြည်နယ်မှာဆိုရင် မွန်၊ ကရင်၊ ပအိုဝ်၊ ဗမာ အဲဒီတိုင်းရင်းသားတွေရှိတာပေါ့။ဒီတော့ တိုင်းရင်းသားတွေရဲ့အရေးအတွက်ဘာတွေလုပ်ဆောင်ပေးဖို့ရှိသလဲ။
    ဖြေ-တစ်ခုတော့ရှိတာပေါ့နော်။ဗမာ၊ မွန်၊ ပအိုဝ် ဆိုပြီးတော့အဲဒီလိုတိုင်းရင်းသား တစ်ခုစီအတွက်မဟုတ်ဘဲနဲ့ အခုကျွန်တော်တို့ကိုယ်စားလှယ်အရွေးခံတာဟာ အခုလက်ရှိဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ပါတီဟာ ပြည်သူ့ပါတီဖြစ်တဲ့အတွက် တိုင်းရင်းသားအတွက်မခွဲခြားဘဲနဲ့ ဘယ်တိုင်းရင်းသား၊ ဘယ်လူမျိူးအတွက် မဟုတ်ဘဲနဲ့ အကုန်လုံးအတွက် တစ်ပြေးညီတိုးတက်အောင်တော့ ကြိုးစားရမှာပဲ။ ကိုယ်လုပ်ခွင့်ရတဲ့အခါမှာ တတ်နိုင်သလောက်အင်နဲ့အားနဲ့လုပ်ဆောင်သွားရမှာပါ။

    မေး-ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ပြည်သူတွေကိုဘာများ မှာကြားလိုပါသလဲ?
    ဖြေ-အခုကိုယ့်နာမည် မဲစားရင်းမှာပါဖို့ပေါ့။ ဘယ်ပါတီကိုပေးပေးပါ။ ကျွန်တော်တို့ပါတီကိုပေးမှရမယ်လို့တော့ မဟုတ်ပါဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးအခွင့်အရေးဖြစ်တဲ့ ဒီမဲခွင့်ဆိုတဲ့အခွင့်အရေးတော့ရသင့်တာပေါ့။ ဒါကြောင့် အခုမဲစာရင်း တွေက အားလုံးမှားမှားယွင်ယွင်းဖြစ်နေတယ်။ အဲဒီအတွက်မဲစားရင်းကို သွားကြည့်ဖို့၊ နောက်တစ်ခု မဲစာရင်းမှာမပါခဲ့ရင်လည်း ကိုယ်ဘယ်လိုပါအောင်လုပ်ရမလဲဆိုတာကို ကြိုးစားဖို့ အဲဒါလေးကိုမှာချင်ပါတယ်။

    မေး-ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ ဘာများထပ်ပြီးဖြည့်စွက်ပြောချင်ပါသလဲခင်ဗျ?
    ဖြေ-လက်ရှိလူငယ်တွေ နိုင်ငံရေးစိတ်မဝင်စားတဲ့ကိစ္စ၊ အဲဒါလေး နည်းနည်းဆွေးနွေးချင်တယ်။ လူငယ်တွေတော်တော်များများက ခါး၊ ဇက်ပြတ်သလိုဖြစ်နေတယ်။ အခုကျွန်တော်တို့ စည်းရုံးရေးတွေလုပ်တဲ့ဆီမှာ၊ အသက် ၅၀ အထက်တွေကနိုင်ငံရေးကိုစိတ်ဝင်စားတယ်။ ကလေးလေးတွေက မသိလို့လာနားထောင်တယ်။ ဘာကြောင့် လူငယ်တွေနိုင်ငံရေးမှာ စိတ်မဝင်စားဘူးလဲ ဆိုတော့ အခုနကပြောသလို နိုင်ငံရေးလုပ်ရင် ကြောက်စရာဆိုတဲ့အတွေးမျိူးဝင်အောင် လူငယ်တွေရဲ့၊ စိတ်ကူးထဲကိုရောက်အောင် သူတို့ထည့်ထားတယ်။ အခုဆိုရင်နိုင်ငံရေးသမားတွေဆိုရင် အနောက်ကနေ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ အနောက်ကနေ လိုက်နေခြင်းကိုခံရတယ်၊ အဲဒီဟာက အခုသူတို့ပြဌာန်းထားတဲ့ ၁/၂၀၁၄ထက်ကိုကျော်လွန်ပြီးတော့ စည်းရုံးရေးနေရာတွေကို ဝင်လာတယ်။ နောက်တစ်ခုသူတို့ကလက်ရှိစည်းရုံးရေး ကန့်သတ်ထားတဲ့နေရာတွေကိုဝင်လာပြီးတော့ ထဲထဲဝင်ဝင် သူတို့လုပ်ပိုင်ခွင့်မရှိတဲ့ အလုပ်တွေကိုလုပ်တယ်။ ဥပမာဆိုပါစို့ လူတစ်ဦးရဲ့ ပါတီတစ်ခုရဲ့ လုံခြုံရေးအရ သူတို့က ဓါတ်ပုံရိုက်ခွင့်ရှိတယ်။ သတင်းယူခွင့်ရှိတယ်။ ဒါကိုညွန်ကြားထားတယ်။ ဒါပေမယ့် အဲဒီထက် လွန်ပြီးတော့ သူတို့ဗီဒီယိုမှတ်တမ်းတွေယူတာတို့ အခုစည်းရုံးရေးလုပ်တဲ့နေရာအချို့မှာ ဒေသခံတွေ ကြောက်လန့်အောင် ခြိမ်းခြောက်တဲ့သဘောမျိူးတွေ တွေ့နေရတယ်။ အဲဒီအတွက် အဲဒီဟာတွေကို အရင်ဆုံးပြင်မှ နိုင်ငံရေးမှာလူတွေပိုပြီးပါဝင်လာနိုင်မယ်၊ အဲဒီလိုအကြောက်တရားတွေလျော့ပြီး ပိုပြီးပါဝင်လာနိုင်မှ စနစ်တစ်ခုကိုပြောင်းနိုင်တဲ့နိုင်ငံတစ်ခုဆီကိုလွယ်လွယ်နဲ့သွားလို့ရမှာ။ ဒီလိုပဲစပြီး စတည် တာနဲ့ ဒီမိုကရေစီလို့ဆိုပေမယ့် လူတွေကိုအကြောက်တရားကနေလွတ်အောင် မလုပ်ပေးနိုင်သေးဘူး ဆိုရင်တော့ ဘယ်လိုမှအဆင်ပြေမှာမဟုတ်ပါဘူး။

    အမတ်လောင်းကိ်ုယ်ရေးအကျဉ်း
    အမည်- ဦးအောင်ကျော်သူ
    အလုပ်အကိုင်- DKSH(Partner)
    ပညာအရည်အချင်း-ဒုတိယနှစ်(သမိုင်း)၊ ITE S’pore (Chemical Process Technology)
    မွေးသက္ကရာဇ်-၂၁.၃.၁၉၈၂
    လူမျိူး၊ဘာသာ-ဗမာ၊ဗုဒ္ဓ
    မှတ်ပုံတင်အမှတ်- ၁၀၊သထန(နိုင်)၁၂၁၈၉၂
    လက်ရှိနေရပ်လိပ်စာ-အမှတ်(၄၀)၊ လမ်းမတန်း၊ သထုံမြို့
    အဖအမည်- ဦးသန်းစိုး
    ယှဉ်ပြိုင်မည့်မဲဆန္ဒနယ်- အမှတ်(၂)ပြည်နယ်လွှတ်တော်၊ မွန်ပြည်နယ်။
    ယှဉ်ပြိုင်မည့်လွှတ်တော်-ပြည်နယ်လွှတ်တော်
    လူမှူးရေး-အမျိူးသားရေးလှူပ်ရှားမှု(အကျဉ်း)- နှစ်စဉ်ရေဘေးကယ်ဆယ်ရေး၊ အထက(၂)သထုံမြို့ မိဘဆရာအသင်းလူငယ်ပရဟိတလုပ်ငန်းများ၊ မူးယစ်ဆေးဝါးနှိမ်နှင်းရေး အသိပညာပေးခြင်း။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts