spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းNCA တွင် လက်မှတ်ရေးထိုးရန် မဆုံးဖြတ်ရသေးဟု နာဂ NSCN-K အဖွဲ့ပြော

    NCA တွင် လက်မှတ်ရေးထိုးရန် မဆုံးဖြတ်ရသေးဟု နာဂ NSCN-K အဖွဲ့ပြော

    -

    UPWC နှင့် NSCN-K တွေဆုံဆွေးနွေးနေစဉ်(MPC)
    UPWC နှင့် NSCN-K တွေဆုံဆွေးနွေးနေစဉ်(MPC)
    အိုက်စိုင်း – အစိုးရနှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) အောက်တို ဘာ ပထမအပတ်ထဲတွင် ပြုလုပ်သွားရန် အစိုးရဘက်မှ စီစဉ်ထားပြီး ဖြစ်သော်လည်း နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ ကပ်ပလန်(NSCN-K)အနေဖြင့် မဆုံးဖြတ်ရသေးကြောင်း သိရှိရသည်။

    နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K) ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ လက်မှတ်ထိုးဖို့ မဆုံးဖြတ်ရသေးဘူး။မထိုးဘူးလို့လည်း မဆုံးဖြတ်ရသေးဘူး။ ဒီနေ့(စက်တင် ဘာ ၁၆)ရက်မှာ UPWC က ဦးအောင်မင်းတို့နဲ့ ကျွန်တော်တို့ တွေ့တယ်။သူတို့ဘက်က NCA စာချုပ်နဲ့ပတ် သက်ပြီး ရှင်းပြတယ်။ဒါပေမဲ့ ကျွန်တော်တို့ လက်မှတ်ထိုးမယ်လို့ သူတို့ကို မပြောခဲ့ဘူး ဘာလို့လဲဆိုတော့ ဥက္ကဌကို ပြန်တင်ပြရအုံးမယ်။ဒီကနေ ပြန်ရင် ဌာနချုပ်မှာ ဥက္ကဌအပါအဝင် အဖွဲ့ဝင်တွေ အစည်းအဝေးလုပ် မယ် ပြီးရင် လက်မှတ်ရေးထိုးမလား မထိုးဘူးလား ဆုံးဖြတ်ကြမယ်။အခုကတော့ မဆုံးဖြတ်ရသေးဘူး”ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K)မှ ဗဟိုကော်မတီဝင်များသည် စက်တင်ဘာ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ရှိ မြန်မာငြိမ်းချမ်းရေးစင်တာ(MPC) ၌ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) ဒုဥက္ကဌ ဦးအောင်မင်းနှင့်အဖွဲ့ဝင်များကို တွေ့ဆုံခဲ့ပြီး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

    အဆိုပါ ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K) အနေဖြင့် စက်တင်ဘာ ၁၇ ရက်နေ့တွင် နန်းယွန်းဒေသရှိဌာနချုပ်သို့ ပြန်ကာ ဥက္ကဌ အက်စ် အက်စ် ကပ်ပလန် နှင့် အဖွဲ့ ဝင်များကို ပြန်လည် တင်ပြသွားမည်ဟု ဆိုသည်။

    ယင်းနောက် အဖွဲ့ဝင်များ ဗဟိုဌာနချုပ်၌ အစည်းအဝေးပြုလုပ်ကာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) တွင် ပါဝင် လက်မှတ်ရေးထိုး/မထိုး ဆိုသည့် ကိစ္စရပ်များကို ဆွေးနွေးဆုံးဖြတ်သွားကြမည် ဖြစ်ကြောင်း ဦးကျော်ဝမ်းစိန်က ဆက်ပြောသည်။

    နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K)မှ NCA လက်မှတ်ရေးထိုးရန် မဆုံးဖြတ်ထားခြင်းမရှိ သေးသော်လည်း UPWC နှင့် MPC မှ တာဝန်ရှိသူများက NSCN-K အနေဖြင့် အောက်တိုဘာ ပထမ အပတ်ထဲ တွင် ပြုလုပ်မည် NCA လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လက်မှတ်ရေးထိုးလာမည်ကို ယုံကြည်ကြောင်း ပြောကြား ထားသည်။

    နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီကပ်ပလန်(NSCN-K)သည် ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်က အစိုးရနှင့် ပြည်နယ် အဆင့် ပမာဏ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။

    လက်ရှိတစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်(NCA)လက်မှတ်ရေးထိုးရန် အစိုးရ တရားဝင် ဖိတ်ခေါ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၁၅) ဖွဲ့တွင် NSCN-K လည်း ပါဝင်နေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts