spot_img
Friday, April 19, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ မေးမြန်း‌ချက်‌AMDP ကိုယ်စားလှယ်လောင်း နိုင်အံက်သာ (ဆက်သွယ်မေးမြန်းချက်)

    AMDP ကိုယ်စားလှယ်လောင်း နိုင်အံက်သာ (ဆက်သွယ်မေးမြန်းချက်)

    -

    AMDP ကိုယ်စားလှယ်လောင်း နိုင်အံက်သာ(Facebook)
    AMDP ကိုယ်စားလှယ်လောင်း နိုင်အံက်သာ(Facebook)
    မင်းသုတ – မေးလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဘာကြောင့် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာလဲ?
    ဖြေ- အမှန်အတိုင်းဝန်ခံရလျှင် ၂၀၁၀ တချို့ကိုယ်စားလှယ်များကို အားမရလို့ပါ ကျွန်တော်တို့မွန်

    လူမျိုးများရဲ့ လိုအပ်ချက်ကဘာလဲ ဒါတွေကိုအတိအလင်းပြောချင်တယ် နောက်တခုက ကျွန်တော်တို့ဒေသခံမဲဆန္ဒရှင်တွေက အခြေခံလူတန်းစားတွေပါ အခြေခံလူတန်းစားတွေကိုကျော်ပြီး အဝေးကိုသွားကြည့်နေလို့မရဘူး ဒေသခံတွေရဲ့လိုအပ်ချက်မျှော်လင့်ချက်တွေကို သိတဲ့ခံစားဘူးတဲ့ ကျွန်တော်တို့လိုအခြေခံလူတန်းစားစင်စစ်ကိုယ်စားလှယ်တစ်ယောက် လိုအပ်တယ်လို့ ယုံကြည်ပြီး အရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်တာပါ။

    မေး-အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သား အတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ?
    ဖြေ- မွန်လူမျိုးနဲ့မွန်ပြည်နယ်သားတွေအတွက်သာမဟုတ်ဘဲ ကျွန်တော်တို့မွန်လူမျိုးတွေလို ဘဝတူတိုင်းရင်းသားတွေအားလုံးအတွက် ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရရှိနိုင်တဲ့ အထောက်အကူကို်ယ်စားလှယ်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားဆောင်ရွက်သွားမှာပါ။ –

    မေး-တကယ်လို့ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးဆိုပါက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား?
    ဖြေ- ဥပဒေအရ အထိုက်လျောက်တော့ ဖော်ဆောင်နိုင်ပါလိမ့်မယ်`f လက်ရှိဥပဒေအရ အပြည့်အဝဖော်ဆောင်နိုင်စွမ်းမရှိပေမဲ့လည်း မွန်လူမျိုးများနဲ့မွန်ပြည်သူများတွေရဲ့လိုအပ်ချက်ကို တစ်နိုင်ငံလုံးသာမက တစ်ကမ္ဘာလုံးသိရှိအောင် စွမ်းဆောင်နိုင်မှာပါ။

    မေး-အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ ထင်မြင်ပါသလဲ?
    ဖြေ- ကျွန်တော်တို့နယ်မြေမှာ ပြီးပြည့်စုံတာဘာမှမတွေ့ရတော့ အစစအရာရာလိုအပ်နေဆဲလို့မြင်တယ်။

    မေး-ဟုတ်ကဲ့ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေး သွား မယ်ဆိုပြီးတော့ စဉ်းစားထားပါသလဲ ခင်ဗျာ?
    ဖြေ- မွန်အမျိုးသားရေးအပါအဝင် တိုင်းရင်းသားအရေးကို အဓိကထားပြီး စဉ်းစားလုပ်ဆောင်ရမှာဖြစ်ပြီး ပြည်သူများလိုအပ်ချက်တွေထဲက အရင်လုပ်ခွင့်ရတဲ့ဟာကို အရင်လုပ်သွားရမှာပါ၊ လုပ်စရာကအများကြီးပါ တရားဥပဒေစိုးမိုးရေးဟာလည်း ပြည်သူတွေအတွက် အလွန်အရေးပါပါတယ်၊ ဥပဒေကတရားတာရှိသလို မတရားတာလည်းရှိတယ်၊ ယခုလက်ရှိဖြစ်နေတာကတော့ ပြည်သူတွေဥပဒေအပေါ် သိပ်နားမလည်ကြတာ အခွင့်ကောင်းယူပြီး မတရားလုပ်ခဲ့တာကိုဘဲခံနေရတယ်၊ ဒါဟာအဓိကပြစ်မှတ်တစ်ခုဘဲ၊ ဖွံ့ဖြိုးရေးပိုင်းကြတော့ လမ်းပန်းဆက်သွယ်ရေးနဲ့ မဟာဓာတ်အားလိုင်းကလျှပ်စစ်မီးရရှိဖို့ ဦးစားပေး ကြိုးစားရမှာပါ။

    မေး-နောက်တစ်ခုက မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေအမျိုးမျိုးထဲက ဘယ်အရာတွေကို လုပ်ကိုင် ဆောင် ရွက်ပေး သွားဖို့ရှိပါသလဲ?
    ဖြေ- လိုအပ်ချက်အများထဲက တစ်ခုကိုရွေးပြီးပြောရမည်ဆိုရင် မွန်စာပေနှင့်မွန်စကား ရုံးသုံးစာ/ဘာသာစကား အသိမှတ်ပြုပေးဖို့ ဥပဒေတစ်ရပ်အနေနဲ့ပြဌာန်းပေးဖို့ပါ ကျန်တာအများကြီးပေါ့ဗျာ။ –

    မေး-မွန်လူမျိုးတွေအတွက်ကော ဘာတွေ လုပ်ကိုင် ဆောင်ရွက်ပေးသွားဖို့ စဉ်းစားထားပါသလဲ။ မဲဆန္ဒရှင်တွေကို မီဒီယာကနေ ဘာများမှာကြားလိုပါသလဲ?
    ဖြေ- မွန်လူမျိုးတွေအတွက်ကတော့ လိုအပ်တာမှန်သမျှ လုပ်ခွင့်ရတဲ့အရာအားလုံးကိုလုပ်ရပါ့မယ် လုပ်လို့မရတဲ့လိုအပ်ချက်တွေလည်း အစွမ်းကုန်ကြိုးစားပြောဆိုတောင်းဆိုတိုက်ပွဲဝင်ရမှာဘဲ၊ မဲဆန္ဒရှင်တွေကိုမှာကြားချင်တာက နံရိုးသည်ကျောရိုးထက် မြတ်ရိုးထုံစံမရှိ အသည်းကြားကမဲတစ်ပြားဟာ အင်မတန်မှအရေးကြီးတဲ့ သင့်အတွက်သင့်လူမျိုးအတွက် လှပသာယာသောအနာဂတ်ဆိုတာမမေ့ပါနဲ့ ဒဒိုက်ဘဝညးဘုံသဿဝ် ညးစှးနူဘုံသဿဝ်ဟေင် ဗွဲတေဿင်တီကေတ်မာန် ဂ္စာန်တဲုဟံင်ပြာ် သာ်ဝွံရန်တဿံအဲ

    အမတ်လောင်း ကိုယ်ရေးအကျဉ်း
    အမည်- နာဲအံက်သာ(အောင်ဘ)Oak Sar
    အလုပ်အကိုင် -ဗွီဒီယိုပြသ၊ ခွေငှား၊ လက်ရှိ-ကုန်စည်ပို့ဆောင်ရေး
    ပညာအရည်အချင်း-အဋ္ဌမတန်း၊ပရိယတ္တိပဌမအငယ်တန်း၊ Peace Building Program(Thailand) မွေးသက္ကရာဇ် -26/12/1965
    လူမျိုး/ဘာသာ- မွန်/ဗုဒ္ဓ
    မှတ်ပုံတင်အမှတ် -၁၀/ရမန(နိုင်)073692
    လက်ရှိ နေရပ်လိပ်စာ -သောင်ပြင်ကျေးရွာ၊ရေးမြို့နယ်
    အဖအမည်- နိုင်ဖိုး ယှဉ်ပြိုင်မည့်
    မဲဆန္ဒနယ် – ရေးမြို့နယ်မြောက်ပိုင်း၊
    ယှဉ်ပြိုင်မည့် လွှတ်တော် -အမျိုးသားလွှတ်တော်(၇)- မွန်ပြည်နယ်

    လူမှုရေး-အမျိုးသားရေးလှုပ်ရှားမှုများ(အကျဉ်း)—-
    NMSP မွန်ပြည်သစ်ပါတီတွင်သုံးလသာဝင်ရောက်လာကာ ငှက်ဖျားတစ်နှစ်ကျော်ဖြစ်ခါရပ်နားခဲ့ရ။ ဂီတရာမာဉ် အဖွဲ့တွင် တေးသီချင်း (၃)ခွေ ထုတ်လုပ်ဖြန့်ချိခဲ့။ (2008-2010)ထိ လမိုင်းမြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ တွဲဘက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့။ (63)ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) တွဲဘက်အတွင်းရေးမှူး(၃)တာဝန်ထမ်းဆောင်ခဲ့။ (2009-ယနေ့ထိ)ရေးမြို့နယ် မွန်ကလောင်ရှင်များအသင်းတွဲဘက်အတွင်းရေမှူး။ (2008-2010)ထိ ထားဝယ်ခရိုင်မွန်လူငယ်ခေါင်းဆောင်။ (2009-2010)ထိ MYF အစည်းအရုံးဖြစ်မြောက်ရေးခေါင်းဆောင်(ထားဝယ်ခရိုင်ကိုယ်စားပြု)။ (2009)ရာမညပြည် အခြေခံဥပဒေပြန်လည်သုံးသပ်ရေးညီလာခံ NMSP ဗဟိုဌာနချုပ်(မွန်လူငယ်များကိုယ်စားတက်ရောက်)။n (2009-10) MAU ဗဟိုကော်မတီဝင်။ (2013)မွန်အမျိုးသားကွန်ဖရင့် ကျင်းပရေးကော်မတီ အထွေထွေအတွင်းရေးမှူး။ (2010)AMDP ပါတီတည်လိုသူအဖွဲ့ဝင်။ (2010-ယနေ့ထိ) AMDP ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်။ မွန်ဂျာနယ်များတွင် အံက်သာ(တံင်ပရင်) ကလောင်အမည်ဖြင့် ယနေ့ထိ ဆောင်းပါများရေးသားလျက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts