spot_img
Friday, March 29, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ မေးမြန်း‌ချက်‌ဒေါက်တာမင်းနွယ်စိုး-မုဒုံမဲဆန္ဒနယ်-၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း

    ဒေါက်တာမင်းနွယ်စိုး-မုဒုံမဲဆန္ဒနယ်-၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း

    -

    မေးမြန်းသူ-ချစ်မင်းထွန်း

    ဒေါက်တာမင်းနွယ်စိုး
    ဒေါက်တာမင်းနွယ်စိုး
    မေး-လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဘာကြောင့် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာလဲ?

    ဖြေ ။ ။ ကျွန်တော်တို့ပါတီက တိုင်းရင်းသားပါတီတစ်ခုဘဲလေ၊၂၀၁၀ ရွေးကောက်ပွဲမှာ မွန်တွေမှာ ကျနော်တို့ပါတီကလွဲပြီး တခြားမွန်တိုင်းရင်းသားပါတီ တစ်ပါတီမှ မဝင်ဘူး။ မွန်ပြည်သစ်ပါတီကလည်း သူက လက်နက်ကိုင်အဖွဲ့အစည်း၊ နောက်ပြီးတော့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ဆိုတာက ၁၉၉၀ မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတော့မှ နောက်ပိုင်းကျတော့ ဖျက်သိမ်းခံထားရတယ်။

    သူတိုိ့ကဘာလဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘူးဆိုပြိးတော့ သူတို့ (MNDF)က သပိတ်မှောက်ခဲ့တယ်။အဲ့ဒီအချိန်မှာ ကျွန်တော်တို့က နိုင်ငံရေးပါတီဖွဲ့ဖို့အစီစဉ်မရှိဘူး သူတို့ကို ဘဲ တွန်းအားပေးနေတဲ့အချိန် သူတို့က သပိတ်မှောက်လိုက်တဲ့အခါကျတော့ မွန်တွေအတွက် ဒီဖြစ်လာမယ့် ရွေးကောက်ပွဲ ဖြစ်လာမယ့် လွှတ်တော်မှာ ကိုယ်စားလှယ်မရှိဘူးဖြစ်သွားမယ်လေနော်။

    အဲ့ဒါနဲ့ ကျွန်တော်တို့ စိတ်သဘောထားချင်း တိုက်ဆိုင်တဲ့ လူတွေ ကျွန်တော်တို့စုပြီးတော့ ပါတီဖွဲ့ခဲ့ တာပေါ့။မွန်တမျိုးသားလုံးကို ကိုယ်စားပြုသော နိုင်ငံရေးပါတီတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေအရ ကျင်းပပေးမယ့် ရွေးကောက်ပွဲမှာ ရှိသင့်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့ ရွေး ကောက်ပွဲ ဝင်ဖို့ဒီပါတီ(AMDP)ကို ဖွဲ့ခဲ့တာ။ ဒီလိုနဲ့ကျွန်တော်တို့ ၃၄ ဦးဝင်ပြိုင်တယ်။ မွန်ရယ်၊ ကရင် ရယ်၊ တနင်္သာရီရယ်ပေါ့။ အဲ့မှာ ကျွန်တော်တို့ (၁၆)ယောက်နိုင်ပါတယ်။

    မေး-အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သား အတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ?

    ဖြေ-တစ်အချက် ကျွန်တော်တို့က ကျွန်တော်တို့ ပါတီကို အထောက်အကူဖြစ်စေတာ တစ်ချက်ရှိမယ်။ နောက်တစ်ခုက ပြီးခဲ့တဲ့ ပထမသက်တမ်းပေါ့လေ။ ပထမလွှတ်တော်် သက်တမ်း မှာ ကျွန်တော်တို့ပါတီကလူတွေရှိခြင်းအားဖြင့် ပြည်သူလူထုကို အထောက်အကူပြုနိုင်တဲ့ လုပ် ငန်း တွေအများကြီးလုပ်နိုင်ခဲ့တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းရင်းသားပါတီတွေက တိုင်းရင်းသား အခွင့်အရေးတွေကို ကျွန်တော်တို့က ၁၉၄၈ ခုနှစ်ကတည်းက ကျွန်တော်တို့က အပြည့်အဝ မရခဲ့ဘူးလေ။ အခုလည်းမရပါဘူး ဒီအခွင့်အရေးတွေရအောင် ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ လွှတ်တော်မှာ ကျွန်တော် တောင်းဆိုနိုင်ခဲ့တယ်။

    မေး-တကယ်လို့ ကိုယ်စားလှယ် တစ်ယောက်အဖြစ် အရွေးချယ်ခံရပြီးဆိုပါက တကယ်ဘဲ မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား?

    မေး-၁၉၅၄ ကနေပြီးတော့ ၁၉၆၄ အထိ ကျွန်တော်တို့ မွန်တိုင်းရင်းသားတွေမှာ ရှိခဲ့တဲ့အခွင့်အရေး တစ်ခုပေါ့။ အဲ့ဒါဘာလဲဆိုတော့ မွန်အများစုနေထိုင်တဲ့ အခြေခံမူလတန်းကျောင်းမှာ ဟိုတုန်းက ကျွန်တော်တို့ တိုင်းရင်းသားစာ မွန်စာကို ကျွန်တော်တို့ သင်ခွင့်ရခဲ့တယ်။ အဲ့ဒါကတော့ ၆၄ ခုနှစ် ကျောင်းတွေ ပြည်သူပိုင်သိမ်းတဲ့အခါ ဖြုတ်ပစ်လိုက်တယ်။ မော်လမြိုင်ကောလိပ်မှာရှိတဲ့ မွန်စာဌာနကိုလည်း ဖြုတ်ပစ်လိုက်တယ်။အခု ကျွန်တော်တို့ ဒီသက်တမ်းမှာ ဒါကို ပြန်တောင်းတယ်။ ပြန်တောင်းတဲ့ အခါမှာ အစိုးရက ဘာလဲဆိုတော့ မွန်အများစုနေထိုင်တဲ့ ရွာရဲ့ကျောင်းတွေမှာတော့ မွန်စာသင်ကြားခွင့်ပြန်ရပြီး၊ လွှတ်တော်မှာ ကျွန်တော်တို့ တောင်းခဲ့တာပေါ့။

    ဒါပေမယ့် စနစ်တကျတော့မရသေးဘူး၊ ကျွန်တော်လည်း စနစ်တကျဖြစ်အောင် ဆက်ပြီးတော့ ကြိုးစားဆဲဘဲ။၊ ဒါတစ်ခု ကျွန််တော်တို့ရခဲ့တယ်။ ဘာလဲဆိုတော့ ယဉ်ကျေးမှုနဲ့ပတ်သက်တာ ကျွန်တော်တို့ မွန်ပြည်နယ်မှာဆိုရင် ရှေးဟောင်းမြို့တွေ အများကြီးဘဲ၊ ဟိုးတုန်းကတော့ ဝန်ကြီး ဌာနတွေက သူတို့တူးခဲ့ပြီးတော့ နောက်ပိုင်းကျတော့ ဆက်မတူးဘူး။ ဒီအတိုင်းဘဲ ထားခဲ့တယ်။ ဒီမှာက ပုံစံအမျိုးမျိုးရှိတာကို လွှတ်တော်ကော ဝန်ကြီးဌာနကောက ဒါကြောင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနကို ကျွန်တော်တို့တောင်းတဲ့အခါကျတော့ ဒီရှေ့ဟောင်းမြို့တွေကို ပြန်လည်တူးဖော် ဖို့ အခွင့်အလမ်းတွေ ကျွန်တော်တို့ ပြီးခဲ့တဲ့ နှစ်ကစပြီးတော့ရတယ်။ဆိုလိုတဲ့သဘောက ဒီသူဝဏ္ဏဘု မိ တို့ကို စတူးနေပြီး ဒီအခွင့်အလမ်း ကျွန်တော်တို့ရခဲ့တယ်။

    တခြားအနေနဲ့ကတော့ တနင်္သာရီတိုင်းမှာ ကျွန်တော်တို့ မွန်လူမျိုးတွေအများကြီးဘဲ ရှိပါတယ်။ မွန် တွေတော်တော်များများက အခြေခံပညာကော စီးပွားရေးအရကော နည်းနည်းအားနည်း တယ်လေ။ အားနည်းတဲ့အခါကျတော့ အဲ့မှာက နည်းနည်းခွဲခြားဆက်ဆံခံရတဲ့ အနေအထားပေါ့ဗျာ။ အဲ့ဒါမျိုး လေးတွေရှိတယ်။ ကျွန်တော်တို့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက တနင်္သာရီတိုင်းကို ကျွန်တော်တို့ ၀င်ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ ရှုံးပါတယ်။

    သို့သော်လည်းဘဲ ကျွန်တော်တို့မွန်တွေက နိုင်ငံရေးအယူအဆအရ အများကြီးတိုးတက်လာတာ တွေ့ရတယ်။ ဒါတစ်ချက်ပေါ့။ နောက်တစ်ခုက ကျွန်တော်တို့ မှျော်မှန်းထားတာက တနင်္သာရီတိုင်းမှာ မွန်တွေအများကြီးရှိတယ်။ ဘာကြောင့် မွန်တိုင်းရင်းသားလူမျိုး လွှတ်တော်ကို်ယ်စားလှယ်မရလဲ ဆိုတဲ့ဟာ။ ဟိုတုန်းက လဝကစာရင်းအရ တနင်္သာရီတိုင်းမှာ မွန်က သုံးသောင်း ရှစ်ထောင်ဘဲ ရှိတယ်ဆိုပြီးတော့ စာရင်းက အဲ့လိုဘဲပေါက်တယ်ပေါ့။ ကျွန်တော်တို့ သွားကြည့်တဲ့အခါကျတော့ ရေဖြုမြို့နယ်မှာလည်း အဲ့လောက်ရှိနေတယ်။ တခြားမြို့နယ်တွေလည်း အတူတူဘဲ ထားဝယ်တို့ ကောသောင်းတို့။ ဘုတ်ပြင်းတို့၊ တနင်္သာရီတို့ပေါ့။ဒီတော့ ဟိုတုန်းက ဗမာပြည်က လက်ခံထားတဲ့ လူဦးရေ ၆၁ သန်းပေါ့။ ဒါဆိုရင် ကျွန်တော်တို့ ၆သောင်း ၁ ထောင်ရရမှာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ကမရခဲ့ဘူး အဲ့ဒီဟာကို ဒီ ၆ သောင်း ၁ ထောင်ရှိရမယ်ဆိုတဲ့ စာရင်းနေရာမှာ သူတို့စာရင်းအရ သုံးသောင်း ရှစ်ထောင်ဘဲရှိတယ်။ ဒီကာလမှာတော့ ကျွန်တော်တို့ မွန်တွေဘယ်လောက် ရှိနိုင်လဲ ဆိုတာကို ကျွန်တော်တို့စာရင်းကောက်နိုင်ခဲ့တယ်။ ကျွန်တော်တို့ ကောက်ယူခဲ့တဲ့ စာရင်းအရတော့ ဒီသက်မှတ်တဲ့အနေအထားကို ပြည့်တယ်။ သို့သော်လည်းဘဲ သန်းခေါင်စာရင်းကနေပြီးတော့ တိုင်းရင်းသား လူမျိုးစာရင်းကို ၂၀၁၆ မှ သက်ဆိုင်ရာက ကြေညာမယ်ဆိုပြီးတော့ ပြောထားတယ်။

    ဒါကြောင့် ဒီရွေးကောက်ပွဲမှာတော့ ကျွန်တော်တို့က မွန်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော် ကိုယ်စားလှယ်နေရာတော့ မရပြန်ဘူး။ဒါပေမဲ့ ကျွန်တော်တို့ မွန်တွေက စောစောကပြောသလိုပေါ့ စိတ်ဓါတ်ရေးရာအရ ပြောင်းလဲလာခဲ့တယ်။စုစု စည်းစည်းလည်းဖြစ်လာခဲ့တယ်။ ဒီဟာတွေကတော့ ကျွန်တော်တို့ရခဲ့တဲ့ အကျိုးအမြတ်တွေပေါ့ဗျာ။ တခြား ဖွံ့ဖြိုးရေးတွေကတော့ သူများလိုပါဘဲ။

    မေး-အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ အန်ကယ်အနေနဲ့ မြင်ပါသလဲ။
    ဖြေ-အဓိကတော့ ကျွန်တော်တို့ လယ်ယာမြေ ဖွံ့ဖြိုးတိုးတက်ရေးပေါ့။ဘာလို့လဲဆို တော့ ကျွန်တော်ရွေးကောက်ပွဲဝင်တဲ့ နေရာက အဓိက လယ်ယာလုပ်တာကိုး၊ လယ်ယာလုပ်တဲ့နေရာမှာ ကျွန်တော်တို့ပြည်သူလူထုနဲ့ ဘယ်လိုမှအသုံးမတည့်တဲ့ ဝန်သနုံးလယ်ကြီးရှိတယ်။ နွေလည်း စိုက်လို့မရ မိုးလည်း စိုက်လို့မရပေါ့နော်။ အဲ့လယ်ကြီးတွေက အမှန်အတိုင်းပြောရရင် လယ်ယာစိုက်ပျိုးရေးအတွက် ဘယ်လိုမှ စိုက်ပျိုးလို့မရဘူးဖြစ်နေတယ်၊ သုံးလို့မရဘူး။

    မေး-ဟုတ်ကဲ့ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော် ကိုယ်စားလှယ်တစ်ယောက် အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေးသွားမယ်ဆိုပြီးတော့ စဉ်းစားထားပါသလဲ ခင်ဗျာ။

    ဖြေ-ကျွန်တော် နောက်တစ်ကြိမ် ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရရင် ကျွန်တော် အခု အရွေးချယ်ခံမယ့် နေရာမှာ ဘယ်လိုမှ စိုက်ပျိုးလို့မရတဲ့ လယ်ကြီးကို အသုံးချလို့ရအောင် ကျွန်တော် ဆက်ပြီးတော့ တောာင်းဆိုသွားမယ်၊ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ဆီမှာ ဒုတိယ စီးပွားရေးက ရာဘာပဲလေ၊ ရာဘာတွေက သိတဲ့အတိုင်း အခုစျေးကျတယ်၊ နည်းပညာ တွေကော ရင်းနှီးမြှပ်နှံမှုတွေကော မပြည့်တော့ ကျွန်တော်တို့ တောင်သူတွေ တွက်ခြေမကိုက်ဘူူး ဖြစ်နေတယ်။ ဒါကြောင့် ဒီဟာကို ဘယ်လိုလုပ်မလဲဆိုတာ ကျွန်တော်ရောင်းပေးရမှာပေါ့။

    မေး-နောက်တစ်ခုက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေထဲကနေ ဘယ်အရာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ။

    ဖြေ-စောစောက ကျွန်တော်ပြောသလိုပေါ့ စောစောပိုင်းက အရာတွေကို ကျွန်တော် ဆက် လုပ်သွားမယ်။ ကျွန်တော်ပြောတဲ့ မွန်စာ သင်ကြားရေးက စနစ်တကျဖြစ်အောင်လုပ်မယ်။ နောက်ပြီး တော့ ရှေးဟောင်းမြို့တွေကို ကျွန်တော်တို့ ဆက်တူးမယ် ။ပြီးရင် မွန်စာပေ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကျွန်တော်တို့လုပ်မယ်၊ စီးပွားရေးကိုတော့ လယ်တွေအားလုံးကို စနစ်တကျ စိုက်နိုင်အောင် တောင်သူတွေအတွက်လည်း အကျိုးရှိအောင် ရာဘာလည်း ကျွန်တော်တို့ စျေးရှိအောင် ကျွန်တော်တို့ သူတို့နဲ့ပေါင်းပြီးတော့ လုပ်ကိုင်သွားမယ်။

    နောက်တစ်ခုက ဘာလဲဆိုတော့ မွန်ပြည်နယ်က ရှေးဟောင်းမြို့တွေရှိတာရယ်၊ တောတောင် သဘာဝတွေကလည်း တော်တော်လေး ကောင်းကောင်းမွန်မွန်ရှိနေသေးတာရယ်၊ နောက်ပြီး တော့ ကျွန်တော်တို့က တိုင်းရင်းသား ပြည်နယ်လေနော်၊ ကျွန်တော်တို့ တိုင်းရင်းသား ပြည်နယ်က တော် တော်လှပါတယ်၊ ဒီလှတာက ဟိုတယ်နဲ့ခရီးသွားအတွက် အများကြီး အထောက်အကူပြုပါတယ်။

    ဒုတိယ သက်တမ်းမှာဆိုရင် သိတဲ့အတိုင်းဘဲလေ အာဆီယံစီပွားရေးအသိုက်အဝန်း Asean Economic Community ကလည်း လာတော့ မယ်၊ ဒီတော့ ဧည့်သည်တွေ အများကြီး ဝင်ဖို့ရှိတယ်၊ သမိုင်းဝင် အဆောက်အဦးတွေရဲ့ စောစောက လှပတဲ့ ရင်ပြင် တောတောင်တွေနဲ့ကျွန်တော်တို့ ခရီးသွားလုပ်ငန်းကို ပိုမိုတိုးတက်အောင်လုပ်မယ်။

    မေး-မဲဆန္ဒရှင်တွေကို မီဒီယာကနေ ဘာများမှာကြားလိုပါသလဲ?

    ကျွန်တော်တို့က ရွေးကောက်ပွဲကို စဝင်ကတည်းကိုက ပြည်သူတွေကို အလုပ်အကျွေးပြုဖို့ဘဲလေ၊ ပြည်သူဆို သာမန်ပြည်သူအနေနဲ့ကော မျိုးနွယ်စုအနေနဲ့ကောပေါ့၊ ကျွန်တော်တို့ကို ပြည်သူလူထု က မဲပေးမယ်ဆိုရင် ကျွန်တော်တို့က ဒုတိယအကြိမ်မှာတော့ ပထမအကြိမ်မှာထက် ကျွန်တော်တို့ ပိုပြီးတော့မှ ထိရောက်အောင် ကျွန်တော်တို့လုပ်ဆောင်ပေးသွားမှာ ပေါ့ဗျာ။

    အမတ်လောင်း ကိုယ်ရေးအကျဉ်း

    အမည် – Dr.မင်းနွယ်စိုး

    အလုပ်အကိုင် – ပင်စင်စား ဝန်ထမ်း၊ ရာဘာခြံလုပ်ငန်း လုပ်ကိုင်၊ မွန်ပြည်နယ် အစိုးရဖွဲ့ စီမံ/ စီးပွား ဝန်ကြီး လက်ရှိတာဝန်ယူထား၊

    ပညာအရည်အချင်း – M.B.B.S ဘွဲ့၊ ဆေးရုံအုပ်ချုပ်မှု ဒီပလိုမာဘွဲ့၊

    မွေးသက္ကရာဇ် – ၂.၅.၁၉၄၈

    လူမျိုး/ဘာသာ – မွန်/ဗုဒ္ဓ

    မှတ်ပုံတင်အမှတ် – ၁၀/မလမ(နိုင်)၀၁၇၀၂ရ

    လက်ရှိ နေရပ်လိပ်စာ – မော်လမြိုင်၊ ဝန်ကြီးများ အိမ်ယာဝင်း၊

    အဖအမည် – ဦးကြွေ

    ယှဉ်ပြိုင်မည့် မဲဆန္ဒနယ် – မုဒုံမဲဆန္ဒနယ် အမှတ်-၂

    ယှဉ်ပြိုင်မည့် လွှတ်တော် – ပြည်နယ်လွှတ်တော်

    လူမှုရေး-အမျိုးသားရေးလှုပ်ရှားခဲ့မှုများ(အကျဉ်း)—-

    -တက္ကသိုလ်ကျောင်းသားဘဝ မွန်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီမစည်းရုံးရေးမှူး၊ မဂ္ဂဇင်းထုတ်ဝေရေး အတွင်းရေးမှူး၊ ပြက္ခဒိန်ထုတ်ဝေရေးမှူး၊ မွန်အမျိုးသားဝတ်စုံ ပေါ်ပေါက်ရေး၊ မုဒုံ၊ဖားအောက် တိုက်နယ်နွေရာသီ မွန်စာပေသင်တန်း(၁၉၇၄)။ မော်လမြိုင် မွန်စာပေယဉ်ကျေးမှုကော်မတီ၊
    မွန်-မြန်မာဘာသာဖြင့် ဝတ္တုဆောင်းပါးများရေးသားထုတ်ဝေခြင်း။
    မွန်အမျိုးသားနေ့့ကျင်းပရေးကော်မတီ(ဥက္ကဌ/အတွင်းရေးမှူး)။

    (ထို့အပြင် မွန်တိုင်းရင်းသားရေးရာကိစ္စများနှင့် မွန်စာပေယဉ်ကျေးမှုကဏ္ဍအသီးသီး၌ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့သူဖြစ်သောကြောင့် အကျယ်ချဲ့ရေးသားရန်မလိုအပ်ဟုယူဆပါသည်-အယ်ဒီတာ)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts