မင်းသုတ – လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့ရွေးကောက်ပွဲအတွက် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ကိုယ်စာလှယ်လောင်း ၃၅ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်သတင်းစာမျက်နှာ နောက်ဆုံးအတည်ပြုချက်အရ သိရသည်။
မွန်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအသီးသီး၌ ပါဝင်ယှဉ်ပြိုင်မည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ လွှတ်တော်ကိုယ်စားလောင်းများတွင် ပြည်သူ့လွှတ်တော် ၈ ဦး၊ အမျိုးသားလွှတ်တော် ၁၀ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် ၁၇ ဖြစ်သည်ဟု ဖော်ပြပါရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်စာမျက်နှာဖော်ပြချက်အရ မွန်ပြည်နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေများတွင် ဒေါက်တာနိုင်လှအောင် (ကျိုက်မရော)၊ နိုင်လှမောင် (ချောင်းဆုံ)၊ ဦးသန်းရွှေ (သံဖြူဇရပ်)၊ ဦးမင်းမြရှိန် (မုဒုံ)၊ နိုင်ချမ်းတွဲ့ (ရေး)နှင့် နိုင်မောင်မောင် (ပေါင်)တို့ ၆ ဦးပါဝင်သည်။
မွန်ပြည်နယ် အမျိုးသားလွှတ်တော် ဆန္ဒနယ်မြေများတွင် အမှတ် ၃ နယ်မြေ (ကျိုက်မရော) ဒေါ်မြင့်မြင့်ဝေ၊ အမှတ် ၄ နယ်မြေ (ချောင်းဆုံ) ဦးရဲထွဋ်အောင်၊ အမှတ် ၅ နယ်မြေ (သံဖြူဇရပ်) မင်းရွှေလူး၊ အမှတ် ၆ နယ်မြေ (မုဒုံ) ဒေါ်သဇင်ထွေး(ခ)မိသဇင်၊ အမှတ် ၇ နယ်မြေ (ရေး) ဦးနိုင်အောင်ဘ(ခ)အံက်သာ၊ အမှတ် ၈ နယ်မြေ (ရေး) မိမြင့်သန်းနှင့် အမှတ် ၁၀ နယ်မြေ (ပေါင်)မှာ ဦးဗိုလ်ဝင်း ၇ ဦးကို တွေ့ရှိရသည်။
မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဦးခင်မောင်ဆင့် (ကျိုက်မရော-၁)၊ ဦးစံတင် (ကျိုက်မရော-၂)၊ ဒေါက်တာအောင်နိုင်ဦး (ချောင်းဆုံ-၁)၊ ဦးဝင်းထွဋ်(ခ)ဦးမြဝင်း (ချောင်းဆုံ-၂)၊ ဦးကျန်ရစ် (သံဖြူဇရပ်-၁)၊ ဦးနိုင်ဦး (သံဖြူဇရပ်-၂)၊ ဦးကွန်းချမ်း (မုဒုံ-၁)၊ ဒေါက်တာမင်နွယ်စိုး (မုဒုံ-၂)၊ ဦးသံကြိုး(ခ)နိုင်စဂေါင်မွန်(ရေး-၁)၊ မိလဝီဟန် (ရေး-၂)၊ ဦးသက်ထွန်းမောင် (ပေါင်-၁)နှင့် ဦးချမ်းမြင့် (ပေါင်-၂) ကိုယ်စားလှယ်လောင်း ၁၁ ဦးပါဝင်သည်ဟု ဖော်ပြထားသည်။
ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်ဆန္ဒနယ်မြေတွင် ဦးမင်းပန်းအေး (ကော့ကရိတ်)၊ ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် ၁၀ (ကော့ကရိတ်) တွင် မင်းမျိုးတင့်လွင်၊ မဲဆန္ဒနယ်တွင် အမှတ် ၁၂ (ကြာအင်းဆိပ်ကြီး) ဒေါ်ကေသီခိုင် နှင့် ကရင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် မင်းဝဏ္ဍကြီး (ကော့ကရိတ်-၂)နှင့် မွန်တိုင်းရင်းသားကိုယ်စားလှယ် နိုင်မင်းတင်ထွန်းတို့ ဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော်ဆန္ဒနယ်မြေတွင် ဦးအောင်မျိုးခိုင် (ရေဖြူ)၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ အမှတ် ၄ နိုင်မင်းနိုင် (သရက်ချောင်း)၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် ဦးမောင်ကြိုင်(ခ)နိုင်ဝင်းမွန် (ပုလော-၂)၊ မိသန်းမြင့် (ရေဖြူ-၁)နှင့် ဦးခင်မောင်မြင့် (ရေဖြူ-၂)တို့ ပါဝင်ယှဉ်ပြိုင်မည်။
၂၀၁၀ ရွေးကောက်ပွဲတွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီအနေဖြင့် ကိုယ်စားလှယ်လောင်း ၃၄ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားလွှတ်တော် ၄ ဦး၊ ပြည်သူ့လွှတ်တော် ၃ ဦး၊ မွန်ပြည်နယ်လွှတ်တော် ၇ ဦး၊ ကရင်ပြည်နယ်လွှတ်တော် ၂ ဦး စုစုပေါင်း ၁၆ ဦး မဲအနိုင်ရရှိခဲ့သည်။
မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီနှင့်အဓိကပြိုင်ဘက်ဖြစ်မည့် မွန်အမျိုးသားပါတီသည်လည်း ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၅၅ ဦးပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီလက်ခံရရှိသောစာရင်းများအရ သိရသည်။