မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး / ၂၀၁၅ ရွေးကောက်ပွဲ သတင်း / မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်း ၅၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်း ၅၅ ဦးဝင်ရောက်ယှဉ်ပြိုင်မည်

ရေးသားသူ: >
မွန်အမျိုးသားပါတီအလံ(MNP)
မွန်အမျိုးသားပါတီအလံ(MNP)
မင်းသုတ – ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အင်တာနက်သတင်းစာမျက်နှာ နောက်ဆုံးအတည်ပြုချက်အရ လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် မွန်အမျိုးသားပါတီ (MNP) ကိုယ်စားလှယ်လောင်း ၅၅ ဦးအမည်စာရင်းတင်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။

မွန်အမျိုးသားပါတီကိုယ်စားလှယ်လောင်းများအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ပြည်သူ့လွှတ်တော် ၁၃ ဦး၊ အမျိုးသားလွှတ်တော် ၁၄ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၂၈ ဦး အသီးသီးပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

မွန်ပြည်နယ် ပြည်သူ့လွှတ်တော် ဆန္ဒနယ်မြေများတွင် ဦးမင်းဇေယျာဦး(မော်လမြိုင်)၊ ဦးအုန်းဖေ(ကျိုက်မရော)၊ ဒေါက်တာစည်သူအောင်(ချောင်းဆုံ)၊ မိချောစုလတ်(သံဖြူဇရပ်)၊ မိကျင်သန်း(ခ) မိလေးမွန် (မုဒုံ)၊ နိုင်စိန်မြမောင်(ရေး)၊ မိကြည်ကြည်မွန်(ပေါင်)၊ ဦးအောင်ကြိုင်(ကျိုက်ထို) တို့ ၈ ဦးပါဝင်သည်။

အမျိုးသားလွှတ်တော် မွန်ပြည်နယ်မဲဆန္ဒနယ်များ၌ အမှတ် ၁ နယ်မြေ(မော်လမြိုင်)တွင် မိနွယ်နွယ်လင်း၊ အမှတ် ၃ နယ်မြေ(ကျိုက်မရော)တွင် မိစန္ဒာနွန်၊ အမှတ် ၄ နယ်မြေ(ချောင်းဆုံ)တွင် ဦးထွန်းထွန်းနိုင်၊ အမှတ် ၅ နယ်မြေ(သံဖြူဇရပ်)တွင် နိုင်ဃောသိုက်(ခ) နိုင်ထောအိန်၊ အမှတ် ၆ နယ်မြေ(မုဒုံ)တွင် နိုင်ဗညာချမ်း၊ အမှတ် ၇ နယ်မြေ(ရေး)တွင် နိုင်သီဟ၊ အမှတ် ၈ နယ်မြေ(ရေး)တွင် နိုင်အောင်လဝီမွန်၊ အမှတ် ၁၀ နယ်မြေ(ပေါင်)တွင် နိုင်ထောရွတ်တို့ ၈ ဦးပါဝင်ကြောင်း သိရသည်။

မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် ဒေါ်လှလှရီ(မော်လမြိုင်-၁)၊ နိုင်မင်းကျော်(မော်လမြိုင်-၂)၊ ဦးဟရွဲ(ကျိုက်မရော-၁)၊ မိစန်းယုမွန်(ကျိုက်မရော-၂)၊ နိုင်စိုးမြင့်(ချောင်းဆုံ-၁)၊ နိုင်တင်လှိုင်ဦး(ချောင်းဆုံ-၂)၊ ဦးမင်းသီဟ(သံဖြူဇရပ်-၁)၊ နိုင်လယိတမ(သံဖြူဇရပ်-၂)၊ ဦးမောင်ဝမ်း(မုဒုံ-၁)၊ ဒေါက်တာမင်းကြည်ဝင်း(မုဒုံ-၂)၊ ဒေါက်တာမင်းစိုးလင်း(ရေး-၁)၊ ဦးမင်းကံလင်း(ရေး-၂)၊ ဦးမျိုးဝေ(သထုံ-၁)၊ ဒေါက်တာတင်မျိုးလွင်(သထုံ-၂)၊ ဦးမွန်စိန်အောင်(ပေါင်-၁)၊ ဦးဘထောက်(ပေါင်-၂)၊ ဦးစံသိန်း(ကျိုက်ထို-၁)၊ ဦးရင်သောင်း(ကျိုက်ထို-၂) ကိုယ်စားလှယ်လောင်း ၁၈ ဦး ပါဝင်သည်ကို တွေ့ရှိသည်။

ကရင်ပြည်နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မြေတွင် ဦးသာတင်(ဘားအံ)၊ နိုင်ခင်ဇော်(မြဝတီ)၊ ဦးရာမိုး(ခ) အံဘွား-ရာမည (ကော့ကရိတ်)၊ နိုင်ထွေးရှိန်(ကြာအင်းဆိပ်ကြီး) တို့ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

ကရင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ၌ အမှတ် ၁-(ဘားအံ)တွင် နိုင်ထွန်းဖေ၊ အမှတ် ၈ (မြဝတီ) နိုင်ချမ်းသာ၊ အမှတ် ၁၀ (ကော့ကရိတ်) တွင် နိုင်သောင်းရှိန်၊ အမှတ် ၁၂ (ကြာအင်းဆိပ်ကြီး)ဦးအောင်ဆန်း တို့ပါဝင်သည်။

ကရင်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေတွင် နိုင်ကံထွန်း(ဘားအံ-၁)၊ ဦးဘသိန်း(ဘားအံ-၂)၊ မင်းအောင်နိုင်(မြဝတီ-၁)၊ နိုင်မင်းသိန်းလွင်(မြဝတီ-၂)၊ မင်းပါလေး(ကော့ကရိတ်-၂)၊ နိုင်အောင်မိန်(ကြာအင်းဆိပ်ကြီး-၁)၊ မင်းထွန်းလွင်(ကြာအင်းဆိပ်ကြီး-၂) ကိုယ်စားလှယ်လောင်း ၇ ဦးတို့အပြင် မွန်တိုင်းရင်းသားလူမျိုးကိုယ်စားလှယ်လောင်းအဖြစ် နိုင်ချစ်ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်၌ ဦးမင်းကျော်ဝင်း ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေများတွင် အမှတ် ၄ (ရေဖြူ) ဒေါ်မာမာအေး၊ အမှတ် ၁၁ (ကော့သောင်း) ဦးမောင်အေး တို့ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်မြေများတွင် ဒေါ်ထွေးထွေးလွင်(ရေဖြူ-၂)၊ ဒေါ်ပန်းရီ(ကော့သောင်း-၂) တို့ ကိုယ်စားလှယ် ၂ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

မွန်အမျိုးသားပါတီသည် ၁၉၉၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF အမည်ဖြင့် မွန်၊ ကရင်၊ ပဲခူး၊ ရန်ကုန်တိုင်း မဲဆန္ဒများ၌ ကိုယ်စားလှယ်လောင်း ၁၉ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ရာ ၅ ဦး အနိုင်ရရှိခဲ့သည်။

ထို့နောက် ၁၉၉၂ ခုနှစ်တွင် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့အား တရားဝင်ပါတီအဖြစ်မှဖျက်သိမ်းခံရပြီးနောက် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အမည်ဖြင့် ပြန်လည်တည်ထောင်ခွင့်ရရှိခွင့်ရရှိကာ ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဘီလူးကျွန်းဒေသ မွန်တို့၏အားအင်

Related

Leave a Reply

%d bloggers like this: