spot_img
Friday, March 29, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း

    မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်း

    -

    မွန်ပြည်နယ်လွှတ်တော်(IMNA)
    မွန်ပြည်နယ်လွှတ်တော်(IMNA)
    ဝံသမွန် – လာမည့် ၂၀၁၅ နိုဝင်ဘာလပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်း ၁၁၉ ဦးစာရင်းပေသွင်းထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ဝဘ်ဆိုက်(သြဂုတ်လ ၁၃ ရက်နေ့) တွင် ဖော်ပြထားသည်။

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ဝဘ်ဆိုက်ပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းမှုအခြေအနေ၌ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမည့် နောက်ဆုံးရက်(သြဂုတ် ၁၄) နောက်ဆုံးအတည်ပြုချက်များ မတွေ့ရှိရသေးသဖြင့် အမည်စာရင်းအပြောင်းအလဲများ ဖြစ်ပေါ်နိုင်သည်ဟု သိရသည်။

    လက်ရှိစိစစ်တွေ့ရှိချက်များအရ မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ် (၁)တွင် ဒေါ်လှလှရီ (MNP)ပါတီ၊ ဦးမင်းထင်အောင်ဟန် (NLD)ပါတီ၊ ဒေါ်ရီရီမြင့် (USDP)ပါတီ၊ ဦးအောင်ကိုကိုမျိုး(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးစိုးပိုင် (အမျိုးသားတိုးတက်ရေးပါတီ)၊ နှင့် ဦးခင်ဇော် (၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံ) ၊မဲဆန္ဒနယ် (၂)တွင် ဦးနိုင်မင်းကျော်(ခ) နေမင်းကျော် (MNP)ပါတီ၊ ဦးလှဦး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဒေါက်တာ တိုးတိုးအောင် (USDP)ပါတီနှင့် ဒေါက်တာထိန်လင်း (NLD)ပါတီတို့ ၄ ဦး တွေ့ရှိရသည်။

    ကျိုက်မရောမြို့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် (၁) တွင် ဦးထွန်းအောင်(ခ) ဦးဟရွဲ (MNP)ပါတီ၊ ဦးခင်မောင်ဆင့် (AMDP)ပါတီ၊ ဒေါ်ခင်မျိုးမြင့် (NLD)ပါတီ၊ ဦးလှထွန်း (USDP) ပါတီ၊ ဦးအောင်ရဲထူး (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊ ဒေါ်မြကြည် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) နှင့် ဦးစောလင်းဘိုဘို (ဖလုံ- စဝေါ် ဒီမိုကရက်တစ်ပါတီ)၊မဲဆန္ဒနယ် (၂) တွင် ဦးစံတင် (AMDP)ပါတီ၊ ဒေါ်မိစန်းယုမွန် (MNP)ပါတီ၊ ဦးနီလတ် (NLD)ပါတီ၊ ဦးမင်းအောင်မွန် (USDP)ပါတီ၊ ဒေါ်ယဉ်ယဉ်ကျော့ (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊ ဦးအောင်ကျော် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးစောမြင့်ဦး (ဖလုံ- စဝေါ်ဒီမိုကရက်တစ်ပါတီ) နှင့် တစ်သီးပုဂ္ဂလအဖြစ် ဦးနိုင်ဇော်မိုး (ခ) နိုင်ရဲဇော် တို့စာရင်းသွင်းထားသည်။

    ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) တွင် ဒေါက်တာအောင်နိုင်ဦး (AMDP)ပါတီ၊ ဦးနိုင်စိုးမြင့် (MNP)ပါတီ၊ ဦးစောလင်းအောင် (NLD)ပါတီနှင့် ဦးအောင်ကြည်သိန်း (USDP)၊ မဲဆန္ဒနယ် အမှတ် (၂) တွင် ဦးနိုင်တင်လှိုင်ဦး(ခ) နိုင်တလထော (MNP)ပါတီ၊ ဦးဝင်းထွဋ် (ခ) ဦးမြဝင်း (AMDP)ပါတီ၊ ဒေါ်ကြည်ကြည်မြ (NLD)ပါတီ၊ ဦးမျိုးမင်းလှိုုင်(ခ) မောင်မောင် (USDP)ပါတီ နှင့် ဦးမောင်အေး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ပါဝင်သည်။

    သံဖြုဇရပ်မြို့ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁)တွင် နိုင်ကျန်ရစ် (AMDP)ပါတီ၊ ဦးမင်းသီဟ(ခ) သီဟအိန် (MNP)ပါတီ၊ ဒေါ်တင်အိ (NLD)ပါတီ၊ ဦးခင်မောင်ဦး (USDP)ပါတီ၊ ဦးစံသောင်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးဌေးအောင်(အမျိုးသားတိုးတက်ရေးပါတီ) နှင့် ဦးမျိုးညွန့်် (တစ်သီးပုဂ္ဂလ) မဲဆန္ဒနယ်အမှတ်(၂) တွင် ဦးနိုင်ဦး (AMDP)ပါတီ၊ နိုင်လယိတမ (MNP)ပါတီ၊ ဦးထွန်းဌေး (NLD)ပါတီ၊ ဦးစိုးနိုင် (USDP)ပါတီနှင့် နိုင်ထွန်းရ (က)နိုင်ထဝ်လျး(တစ်သီးပုဂ္ဂလ) တို့ပါဝင်သည်။

    မုဒုံမြို့ ပြည်နယ်လွှတ်တော်မဲဆန္ဒ အမှတ် (၁) တွင် ဦးကွန်ချမ်း (AMDP)ပါတီ၊ ဦးမောင်ဝမ်း(ခ) နိုင်ဝမ်း (MNP)ပါတီ၊ ဒေါ်မြသိင်္ဂီမော်(NLD)ပါတီ၊ ဦးအုန်းမြင့် (USDP)ပါတီ၊ ဦးဇော်မင်း (အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ) ၊ ဦးဉာဏ်ထွန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) နှင့် ဦးစိုးပိုင် (တစ်သီးပုဂ္ဂလ)၊ မဲဆန္ဒနယ် အမှတ် (၂) တွင် ဒေါက်တာမင်းနွယ်စိုး (AMDP)ပါတီ၊ ဒေါက်တာမင်းကြည်ဝင်း (MNP)ပါတီ၊ ဦးမျိုးထွန်း (NLD)ပါတီ၊ ဒေါက်တာဦးလှသိန်း (USDP)ပါတီ၊ ဦးကျော်စွာဝင်း (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) နှင့်ဒေါ်လှိုင်လှိုင်ယု (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ပါဝင်သည်။

    ရေးမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် ဒေါက်တာမင်းစိုးလင်း (MNP) ပါတီ၊ ဒေါ်နော်နုနုဝါ (NLD)ပါတီ၊နှင့် ဦးအောင်စိုးနိုင်(USDP)ပါတီ၊မဲဆန္ဒနယ် အမှတ်(၂) တွင်မိလဝီဟန် (AMDP)ပါတီ၊ ဦးမင်းကံလင်း (MNP)ပါတီ၊ ဦးချစ်တင် (NLD)ပါတီ၊ ဦးကျော်သူရ (USDP)ပါတီ၊ နှင့် ဦးဆန်းဦး (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)တို့ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

    သထုံမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးမျိုးဝေ (MNP)ပါတီ၊ ဦးဌေးမြင့်အောင် (USDP)ပါတီ၊ ဦးသန်းနိုင် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးတေဇာအောင် (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)၊ ဦးစောရွှေနာရီ (ကရင်ပြည်သူ့ပါတီ)၊ ဒေါ်နွယ်နွယ်စိုး(အမျိုးသားတိုးတက်ရေးပါတီ) နှင့် ဒေါက်တာသန်းမျိုး (တစ်သီးပုဂ္ဂလ)၊မဲဆန္ဒနယ် အမှတ်(၂) တွင် ဒေါက်တာတင်မျိုးလွင် (MNP)ပါတီ၊ ဦးသိန်းဇော် (USDP)ပါတီ၊ ဦးမျိုးမင်းထွဋ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးသန်းဝေ (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်)၊ ဒေါ်နော်စိန်အေး (ကရင်ပြည်သူ့ပါတီ)၊ ဦးထွန်းဟိန်း (ခ) ဦးထွန်းအေး (အမျိုးသားတိုးတက်ရေးပါတီ) နှင့် ဦးအေးရွှေ (တစ်သီးပုဂ္ဂလ) တို့ပါဝင်သည်။

    ပေါင်မြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးမွန်စိန်အောင် (MNP)ပါတီ၊ ဦးသက်ထွန်းမောင် (AMDP)ပါတီ၊ ဦးထွန်းမင်းအောင် (NLD)ပါတီ၊ ဦးသန့်စင် (USDP)ပါတီ၊ ဦးလှထွန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးမင်းရီသိန်းခန့် (ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ) နှင့် ဦးမောင်လန်း (တစ်သီးပုဂ္ဂလ)၊မဲဆန္ဒနယ် အမှတ်(၂)တွင် ဦးနိုင်ချမ်းမြင့် (AMDP)ပါတီ၊ ဦးဘထောက် (MNP)ပါတီ၊ ဦးဇော်ဇော်ထူး (NLD)ပါတီ၊ ဦးအောင်ကျော် (USDP)ပါတီ၊ ဦးဇော်ဇော်ထွေး (အမျိုးသားတိုးတက်ရေးပါတီ)၊ ဦးစောသက်နိုင်(ခ) စောမူးလျားပေါ် (ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ)၊ ဦးအောင်ဆန်း(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) နှင့် ဦးမင်းအောင်သန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) တို့ပါဝင်သည်။

    ကျိုက်ထိုမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဦးစံသိန်း (MNP)ပါတီ၊ ဦးမြစိုး (အမျိုးသားတိုးတက်ရေးပါတီ)၊ ဦးမျိုးမင်းဦး (ဖက်ဒရယ်ပြည်ထောင်စုပါတီ)၊ ဦးတင်ဌေး (ကရင်ပြည်သူ့ပါတီ)၊ ဦးဝဏ္ဏကျော် (NLD)ပါတီ၊ ဦးအေးလွင် (တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ)၊ မဲဆန္ဒနယ် အမှတ်(၂)တွင် ဦးရင်သောင်း (MNP)ပါတီ၊ ဒေါက်တာအေးဇံ (NLD)ပါတီ၊ ဦးဌေးလွင် (USDP)ပါတီ၊ ဦးကျော်ရွှေ (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ဦးထွန်းအေး (ပြည်သူ့အကျိုးပြုကျောင်းသားများဒီမိုကရေစီပါတီ)၊ဒေါ်အိအိလွင် (ဖက်ဒရယ်ပြည်ထောင်စုပါတီ) နှင့် ဦးသန်းထွန်း (၈၈ မျိုးဆက်ကျောင်းသားလူငယ်များ-ပြည်ထောင်စုမြန်မာနိုင်ငံ) တို့ပါဝင်စာရင်းပေးသွင်းထားပြီး ဖြစ်သည်။

    ဘီးလင်းမြို့ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)တွင် ဒေါက်တာခင်နိုင်ဦး (NLD) ပါတီ၊ ဦးဇေယျာဝင်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဒေါက်တာခင်မောင်သွင် (USDP)ပါတီ၊ ဦးဖေစိုး (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) နှင့် ဒေါ်ခိုင်တင်ဇာအောင် (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)၊မဲဆန္ဒနယ် အမှတ်(၂)တွင် ဦးမင်းမင်းဦး (NLD)ပါတီ၊ ဦးဝင်းမော်ဦး (USDP)ပါတီ၊ ဒေါ်စန်းစန်းနွယ် (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)၊ ဦးစောအောင်လွင် (ကရင်ပြည်သူ့ပါတီ) နှင့် ဦးစိုးမင်းစမ်း (အမျိုးသားဒီမိုကရေစီအင်အားစုပါတီ) တို့ ဖြစ်သည်။

    အလားတူ မွန်ပြည်နယ်၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဗမာတိုင်းရင်းသား လူမျိုး ဦးသက်ဝင်း(USDP) ၊ ဦးရွှေမြင့်(NLD)၊ ဦးဝဏ္ဏစိ်ုး (ဗမာပြည်သူ့ပါတီ)၊ ကရင်တိုင်းရင်းသားလူမျိုး ဦးအောင်ကျော်သိန်း(USDP)၊ ဦးစောဟိုရှေး(ကရင်အမျိုးသားပါတီ)၊ ၊ဦးနော်ဆာထူး(ကရင်ပြည်သူ့ပါတီ)၊ ဦးအောင်မြင့်ခိုင်(NLD)၊ ဦးစောတင်ဝင်း(ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ)၊ ပအိုဝ်းတိုင်းရင်းသားလူမျိုး ဦခွန်စိန်မောင်(တစ်သီးပုဂ္ဂလ)၊ ဒေါ်နန်းခင်းမျိုးမင်း(USDP)၊ ဒေါ်စံဝင့်ခိုင်(NLD)နှင့် ဦးခွန်ရွှေသင်း (ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်) တို့ ၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

    မြန်မာတစ်နိုင်ငံတဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ၃၅၀၄ ဦး(တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၆၃ ဦးအပါအဝင်) စာရင်းပေးသွင်းထားသည်ဟု သြဂုတ်လ ၁၆ ရက်နေ့စွဲပါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဥက္ကဌ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းခြင်းကိုစိစစ်ခြင်းကိစ္စ အကြောင်းကြားစာအရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts