မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး / ၂၀၁၅ ရွေးကောက်ပွဲ သတင်း / မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်လောင်းများ

ရေးသားသူ: >
မွန်ပြည်နယ် USDP ဥက္ကဌ ဝန်ကြီးချုပ်ဦးအုန်းမြင့်(USDP)
မွန်ပြည်နယ် USDP ဥက္ကဌ ဝန်ကြီးချုပ်ဦးအုန်းမြင့်(USDP)
လယီဂွန်း – လာမည့် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) ကိုယ်စားလှယ်လောင်း ၄၆ ဦး အမည်စာရင်းတင်သွင်းခဲ့ကြောင်း လွတ်လပ်သောမွန်သတင်းအေဂျင်စီက စိစစ်တွေ့ရှိရသည်။

ကိုယ်စားလှယ်လောင်းများတွင် ပြည်သူ့လွှတ်တော် ၁၀ ဦး၊ အမျိုးသားလွှတ်တော် ၁၂ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော် ၂၄ ဦး ပါဝင်ယှဉ်ပြိုင်မည်ဟု ပဏာမစိစစ်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးလွင်မိုး၊ အမျိုးသားလွှတ်တော် အမှတ်-၁ နယ်မြေမော်လမြိုင် ဦးမြင့်ရှိန်၊ အမှတ်-၂ နယ်မြေမော်လမြိုင် ဒေါက်တာစိုးဝင်း၊ ပြည်နယ်-၁ ဒေါ်ရီရီမြင့်၊ ပြည်နယ်-၂ ဒေါက်တာတိုးတိုးအောင် ၅ ဦး ပါဝင်ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါက်တာမိယဉ်ချမ်း၊ အမျိုးသားလွှတ်တော် အမှတ်-၃ ဦးခင်မောင်လေး၊ ပြည်နယ်-၁ ဦးလှထွန်း၊ ပြည်နယ်-၂ ဦးမင်းအောင်မွန် ၄ ဦးတို့ ပါဝင်သည်။

ချောင်းဆုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးမင်အောင်သူ၊ အမျိုးသားလွှတ်တော် အမှတ်-၄ ဦးမင်းမြင့်မောင်လေး(ခ)ကိုမောင်၊ ပြည်နယ်-၁ ဦးအောင်ကြည်သိန်း၊ ပြည်နယ်-၂ ဦးမျိုးမင်းလှိုင်(ခ)မောင်မောင် ၄ ဦးပါဝင် ယှည်ပြိုင်မည် ဖြစ်သည်။

သံဖြူဇရပ်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးအောင်သန်းဦး၊ အမျိုးသားလွှတ်တော် အမှတ်-၅ ဦးခင်ဇော်ဝင်း၊ ပြည်နယ်-၁ ဦးခင်မောင်ဦး၊ ပြည်နယ်-၂ ဦးစိုးနိုင် ၄ ဦးတို့ ပါဝင်သည်။

မုဒုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးကျော်ကျော်လွင်၊ အမျိုးသားလွှတ်တော် အမှတ်-၆ ဦးသက်ထွေး၊ ပြည်နယ်-၁ ဦးအုန်းမြင့်၊ ပြည်နယ်-၂ ဒေါက်တာဦးလှသိန်း ၄ ဦးပါဝင်ကြောင်း သိရသည်။

ရေးမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးထွန်းမြင့်၊ အမျိုးသားလွှတ်တော် အမှတ်-၇ ဒေါက်တာမျိုးချစ်၊ အမှတ်-၈ ဦးစိုးထွန်း၊ ပြည်နယ်-၁ ဦးအောင်စိုးနိုင်၊ ပြည်နယ် -၂ ဦးကျော်သူရ တို့ ၅ ဦးပါဝင်သည်။

သထုံမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော် အမှတ်-၉ ဦးခင်မောင်သောင်း၊ ပြည်နယ်-၁ ဦးဌေးမြင့်အောင်၊ ပြည်နယ်-၂ ဦးသိန်းဇော် ၄ ဦးပါဝင် ယှဉ်ပြိုင်မည် ဖြစ်သည်။

ပေါင်မြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးမင်းမြင့်ထွန်း၊ အမျိုးသားလွှတ်တော် အမှတ်-၁၀ ဦးဇော်ဝင်း၊ ပြည်နယ်-၁ ဦးသန့်စင်၊ ပြည်နယ်-၂ ဦးအောင်ကျော် ၄ ဦးပါဝင် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဦးလှသိန်း၊ အမျိုးသားလွှတ်တော် အမှတ်-၁၁ ဒေါ်ခင်မြင့်၊ ပြည်နယ်-၂ ဦးဌေးလွင် တို့ ၃ ဦးပါဝင်မည် ဖြစ်သည်။

ဘီးလင်းမြို့နယ်မဲဆန္ဒနယ်မြေ၌ ပြည်သူ့လွှတ်တော် ဒေါက်တာစိုးမိုးအောင်၊ အမျိုးသားလွှတ်တော် အမှတ်-၁၂ ဦးမြင့်ဆွေ၊ ပြည်နယ်-၁ ဒေါက်တာခင်မောင်သွင်၊ ပြည်နယ်-၂ ဦးဝင်းမော်ဦး ၄ ဦး ပါဝင်ကြောင်း သိရသည်။

အလားတူ မွန်ပြည်နယ်လွှတ်တော်တိုင်းရင်းသားကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဗမာတိုင်းရင်းသား ဦးသက်ဝင်း၊ ကရင်တိုင်းရင်းသား ဦးအောင်ကျော်သိန်း၊ ပအိုဝ်းတိုင်းရင်းသား ဒေါ်နန်းခင်မျိုးမင်း ၃ ဦး တို့ပါဝင်ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ပါ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဝဘ်ဆိုက် နောက်ဆုံးဖေါ်ပြချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) သည် ပြည်သူ့လွှတ်တော် ၂၉၉ ဦး၊ အမျိုးသားလွှတ်တော် ၁၅၇ ဦး၊ တိုင်းဒေသကြီး/ပြည်နယ် ၆၃၂ ဦး မြန်မာနိုင်တဝန်း စုစုပေါင်းလွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈၈ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံခြင်း ဖျက်သိမ်းပေးရန်တောင်းဆိုမှုရှိ

မွန်ပြည်နယ်အတွင်း (၁၀) မြို့နယ်စလုံးတွင် ဒေသဖွံ့ဖြိုးရေးဆိုသည့် မော်တော်ယာဉ်များအပေါ် မြို့ဝင်ကြေးကောက်ခံနေခြင်းသည် စားဝတ်နေရေး မပြေလည်သည့် ပြည်သူလူထု၏ စီးပွားရေးကို ပိုမိုဆိုးရွားစွာ ထိခိုက်စေသည့်အတွက် ဖျက်သိမ်းပေးရန် တောင်းဆိုနေကြသည်။ Related

Leave a Reply

%d bloggers like this: