spot_img
Thursday, March 28, 2024
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်တိုင်းရင်းသားကိုယ်စားပြုပါတီများ၏ ဗဟိုကော်မတီဝင်အချို့နှုတ်ထွက်

    မွန်တိုင်းရင်းသားကိုယ်စားပြုပါတီများ၏ ဗဟိုကော်မတီဝင်အချို့နှုတ်ထွက်

    -

    နိုင်စိန်ထွန်း၏ နှုတ်ထွက်စာ(Copy)
    နိုင်စိန်ထွန်း၏ နှုတ်ထွက်စာ(Copy)
    မင်းသုတ – မွန်တိုင်းရင်းသားပါတီများ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းသတ်မှတ်ရာတွင် လက်မခံနိုင်သူရှိသဖြင့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဗဟိုကော်မတီဝင်အချို့ သက်ဆိုင်ရာပါတီအသီးအသီးမှ နှုတ်ထွက်ခဲ့ကြောင်း ကာယကံရှင်များနှင့် ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    မွန်အမျိုးသားပါတီ ဗဟိုကော်မတီဝင် ကျိုက်မရောမြို့နယ် ဥက္ကဌ(ဟောင်း) နိုင်စိန်ထွန်းက “ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စိစအဖွဲ့က ကျနော့်ကို ကျိုက်မရော အမျိုးသားလွှတ်တော်နေရာဝင်ပြိုင်ဖို့ ဆုံးဖြတ်ချက်ချထားပြီးသားပါ၊ ဒါပေမယ့် သြဂုတ် ၃ ရက်နေ့မှာ ပြည်နယ်လွှတ်တော်နေရာပြောင်းဖို့ ခေါ်ညှိနှုိင်းတာကို ကျနော်လက်မခံနိုင်ဘူး၊ အမျိုးသားလွှတ်တော်နေရာက ပြိုင်ခွင့်မပြုရင် ပါတီက နှုတ်ထွက်မယ်လို့ ပြောလိုက်တယ်” ဟု လွတ်လုပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထိုနောက် သြဂုတ်လ ၁၁ ရက်နေ့စွဲဖြင့် ဥက္ကဌ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ လိပ်မူကာ မိမိအနေဖြင့် မွန်အမျိုးသားပါတီ၊ ကျိုက်မရောမြို့နယ်ဥက္ကဌအဖြစ်မှနှုတ်ထွက်ကြောင်း၊ နောင်တွင်ပါတီလုပ်ငန်းများနှင့်လုံးဝမသက်ဆိုင်တော့ကြောင်း၊ မိမိနေအိမ်တွင် ဖွင့်လှစ်ထားရှိခဲ့သော မြို့နယ်ပါတီရုံးကို ပိတ်သိမ်းလိုက်ကြောင်း၊ ဖော်ပြပါအကြောင်းကြားစာကိုလည်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မွန်အမျိုးသားပါတီဌာနချုပ်သို့ ပေးပို့ခဲ့သည်ဟု နိုင်စိန်ထွန်းက ဆက်ပြောသည်။

    ထို့အတူ မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ရဲဇော်က “ပြီးခဲ့တဲ့ ဇူလိုင် ၂ရ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာမဲခွဲပြီး ကျနော့်ကို ကျိုက်မရောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းနေရာဝင်ပြိုင်ဖို့ ဆုံးဖြတ်ထားပြီး ဖြစ်တယ်၊ ဒါတွေကိုရွေးချယ်ရေးအဖွဲ့ထဲက လူတစ်စုဟာ ကျနော်တို့ပြိုင်မယ့်နေရာတွေကို အခြားကိုယ်စားလှယ်လောင်းတွေ ထပ်မံတင်သွင်းခွင့် ပြုလိုက်တယ်၊ ဒီလုပ်ရပ်ဟာ တရားနည်းတကျမဟုတ်ဘဲ အာဏာရှင်ဆန်ဆန်ကျင့်သုံးခဲ့လို့ ပါတီကနေ အပြီးတိုင်နှုတ်ထွက်လိုက်တယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ၄င်းအပြင် နိုင်ရဲဇော်၏ Facebook လူမှုကွန်ယက်အင်တာနက်စာမျက်နှာတွင်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်သော မိတ္တူစာများ ဖော်ပြထားသည်ကို ဖတ်ရှုရသည်။

    မွန်အမျိုးသားပါတီ တွဲဘက်အတွင်းရေးမှူး(၁) နိုင်စိုးမြင့်က “ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်စိစစ်ရေးအဖွဲ့ ပဏာမရွေးချယ်တဲ့အခါ နိုင်ရဲဇော် မပါဝင်ပါဘူး၊ ဒါပေမယ့် ဗဟိုအလုပ်အမှုဆောင်က သူ့ကိုရွေးခဲ့တယ်၊ ဒါနဲ့ ရွေးချယ်စိစစ်ရေးအဖွဲ့ရဲ အစည်းအဝေးကနေ ဥက္ကဌ ၃ ဦးစလုံး နိုင်ရဲဇော်ကုုိ မထောက်ခံလို့ ကိုယ်စားလှယ်လောင်းအဖြစ််ကနေ ပယ်လိုက်တာ” ဟု ပြောသည်။

    နိုင်ရဲဇော်သည် လက်ရှိိတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် မွန်ပြည်နယ်လွှတ်တော်၊ ကျိုက်မရောမြို့နယ်(၂) မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် သြဂုတ်လ ၁၃ ရက်နေ့က စာရင်းတင်သွင်းထားပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။

    အလားတူ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်များဖြစ်ကြသော သံဖြူဇရပ်မြို့နယ်၊ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်ထွန်းအုံနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နိုင်သိန်းအောင် တို့အား ၄င်းတို့ပါတီကိုယ်စား ဆက်လက်ရွေးချယ်ခွင့်မပြုသဖြင့် ၄င်းတို့ပါတီမှနှုတ်ထွက်ပြီး ယခင်မိမိတို့အနိုင်ရရှိခဲ့သည့် မဲဆန္ဒနယ်မြေများတွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ်ဆက်လက်ရွေးချယ်ရန် စာရင်းတင်သွင်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အင်တာနက်သတင်းစာမျက်နှာတွင် ဖတ်ရှုရသည်။

    သက်ဆိုင်ရာမွန်ပါတီများ၏ အတည်ပြုချက်အရ ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ ကိုယ်စားလှယ်လောင်း ၅၁ ဦး၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကိုယ်စားလှယ်လောင်း ၃၅ ဦးနှင့် အမျိုးသမီးပါတီ(မွန်) ကိုယ်စားလှယ်လောင်း ၄ ဦးတို့ လွှတ်တော်အသီးသီး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ စာရင်းတင်သွင်းထားပြီး ဖြစ်သည်။

    မွန်အမျိုးသားကိုယ်စားပြုပါတီများအနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၉ ဦး(MNDF) ၊ ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၄ ဦး(AMDP) တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts