spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းNCA ဆွေးနွေးပွဲ စာချုပ်အချောမသတ်နိုင်သေး

    NCA ဆွေးနွေးပွဲ စာချုပ်အချောမသတ်နိုင်သေး

    -

    UPWC, SD တို့၏ဆွေးနွေးပွဲအမှတ်တရဓါတ်ပုံ(MPC)
    UPWC, SD တို့၏ဆွေးနွေးပွဲအမှတ်တရဓါတ်ပုံ(MPC)
    ခတ္တာနန်း – ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်

    ညှိနှိုင်ရေး ကိုယ်စားလှယ်အဖွဲ့ (SD) တို့၏ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်း (NCA) ၈ ကြိမ်မြောက်ဆွေးနွေးပွဲ အချောသတ် သဘောတူညီမှုမရသေးဟု သိရသည်။

    SD အဖွဲ့ဝင် နိုင်ဟံသာက “အစည်းအဝေးပြီတာတော့ ပြီးတယ်၊ အစိုးရဘက်ကလည်း အထက်ကို မေးရမယ့် အချက်တွေရှိနေသလို ကျနော်တို့ဘက်ကလည်း အထက်ကို တင်ပြဖို့ အချက်တွေရှိနေသေးတယ်၊ အချက် ၁၃ ချက်ထဲမှာ ၁၀ ချက်လောက်ကတော့ အဆင်ပြေတယ်၊ ကျန်နေတဲ့ ၃ ချက်ကိုတော့ အဖြေမပေးနိုင်ကြဘူး” ဟု ပြောသည်။

    ယင်းဆွေးနွေးပွဲကို ဇူလုိုင်လ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာနတွင် ပြုလုုပ်ခဲ့ရာ အစိုးရကိုယ်စားလှယ်တွင် ဒုဥက္ကဌပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် UPWC ၁၅ ဦးအဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွင် အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန် ဦးဆောင်သည့် SD ၁၅ ဦးအဖွဲ့၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူများ၊ နည်းပညာအထောက်အကူပြုအဖွဲ့များ တက်ရောက်ခဲ့ကြသည်။

    “အခက်အခဲတော့နည်းနည်းရှိနေသေးတယ်၊ တစ်ချို့ကိုတော့ ကျနော်တို့လည်း အဖြေမပေးနိုင်သေးဘူး၊ လာမယ့်လဆန်းပိုင်းမှာ ပြန်တွေ့ဖို့ရှိပါဦးမယ်၊ အဲဒီအခါကျရင်တော့တိကျတဲ့ အဖြေပေးနိုင်မယ်လို့ မှေျာ်လင့်ထားပါတယ်” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်တွင် သမ္မတလက်မှတ်ရေးထိုးမည့်အချက်၊ နိုင်ငံတကာသက်သေများ ဖိတ်ကြားမည့်အချက်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ရမည့် တောင်းဆိုချက်ကိုလည်း အစိုးရကိုယ်စားလှယ်ဘက်မှ အဖြေမေပးနိုင်သေးကြောင်း သူက ဆက်ပြောသည်။

    မြန်မာ့ငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေးအရာရှိ ဦးလှမောင်ရွှေက“လော်ခီးလာက အဆိုပြုထားတဲ့ အချက် ၁၃ ချက်လုံးကိုတော့ ဆွေးနွေးလို့ပြီးပါပြီ၊ တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့ အချက်အလက်တွေကိုလည်း အစိုးရဘက်က နားလည်ပြီး ညှိနှိုင်းပေးပါတယ်၊ ၁၇ လကြာ လုပ်ထားခဲ့တဲ့ NCA မူကြမ်း အနှစ်အရသာတွေကို မပျောက်စေလိုပါ” ဟု ပြောသည်။

    လာမည့် နိုဝင်ဘာလ ပါတီစုံ ထွေထွေရွေးကောက်ပွဲမတိုင်မီ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန်မှေျာ်လင့်ကြောင်းနှင့် NCA လုပ်ဆောင်ရသည့် အဓိကရည်ရွယ်ချက် (၃) ချက်ကိုလည်း အဆိုပါဆွေးနွေးပွဲတွင် UPWC ဒုဥက္ကဌ ဦးအောင်မင်းက မိန့်ခွန်းပြောကြားခဲ့သည်။

    NCA စာချုပ်ရည်ရွယ်ချက်များမှာ ငြိမ်းချမ်းရေးဖြစ်စဥ်ကို နောင်မည်သည့်အစိုးရတက်တက် ဆက်လက်လုပ်ဆောင်သွားမည်ဟူသည့် အုတ်မြစ်တစ်ခုချနိုင်ခြင်း၊ အပစ်အခတ်ရပ်စဲရေး ခိုင်ခန့်အောင် လုပ်ဆောင်ခြင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ရန် စသည့် အချက်များပါဝင်သည်ဟု ဆိုသည်။

    ဆွေးနွေးပွဲကျင်းပအပြီး နှစ်ဖက်ကိုယ်စားလှယ်များ ပူးတွဲသတင်းထုတ်ပြန်ချက်၌ တစ်နိုင်ငံလံုးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်် (အတည် ပြုမူကြမ်း) အမြန်ဆံုး ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးတွေ့ဆံုဆွေးနွေးပွဲများကို အမြန်ဆုံးကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းလုုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်ဟု ရေးသားဖေါ်ပြထားသည်။

    အလားတူ ရန်ကုန်မြို့ရှိိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၏ Facebook စာမျက်နှာတွင် “ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့၌ တိုက်ခိုက်မှုများ ပြင်းထန်လာကြောင်း သတင်းများအပေါ်တွင် အမေရိကန်သံရံုးက များစွာ စိုးရိမ်မိပါသည်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အကာအကွယ်မဲ့သော လူ့အဖွဲ့အစည်းများသည် မလိုလားအပ်ဘဲ အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသလို တစ်နိုင်ငံလံုး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်အတွက် မရှိမဖြစ်သော ယံုကြည်မှုကိုလည်း ပျက်ပြားစေပါသည်။ ပဋိပက္ခကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူများ၏ လိုအပ်ချက်များကို ဦးစားပေးရန်နှင့် ထိခိုက်နစ်နာရသူအားလံုးကို လူသားချင်းစာနာသော အကူအညီများပေးရန် မိမိတို့က အာဏာပိုင်များအား တိုက်တွန်းအပ်ပါသည်။ စစ်မှန်၍ တည်တံ့သော ငြိမ်းချမ်းရေးရရှိစေရန် သက်ဆိုင်သူအားလံုးက သည်းခံခြင်းတရား ထားရှိရန်နှင့် ဆွေးနွေးညှိနှိုင်းကြရန် ကျွနု်ပ်တို့က မေတ္တာရပ်ခံအပ်ပါသည်” ဟု ရေးသားဖေါ်ပြထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts