spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးကမာဝက်မြို့သုဿန်မြေကျူးကျော်မှုတွေကို ဖယ်ရှားလိုက်ပါပြီ

    ကမာဝက်မြို့သုဿန်မြေကျူးကျော်မှုတွေကို ဖယ်ရှားလိုက်ပါပြီ

    -

    ခြံစည်းရိုးများ ဖယ်ရှားနေနစဥ်(GS)
    ခြံစည်းရိုးများ ဖယ်ရှားနေနစဥ်(GS)
    ဝဏ္ဏမာန် – မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့(ချောင်းအနောက်ဖက်ခြမ်း) ရှိသချႋုင်းမြေနေရာဟောင်းတွေကို ခြံမြေတွေအဖြစ် ကျူးကျော်စိုက်ပျိုးတဲ့အတွက် သုဿန်မြေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ကမာဝက်မြို့ခံတွေဟာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ
    (မြို့နယ်အုပ်ချုပ်ရေး) တို့အကူအညီရယူပြီး ဇွန်လ ၂၁ ရက်နေ့မှာ ကျူးကျော်ကာရံထားတဲ့ ခြံစည်းရိုးတွေကို လာရောက်ဖယ်ရှားလိုက်ပါတယ်။

    အဲဒီသချႋုင်းမြေဧရိယာအပေါ် ကျူးကျော်စိုက်ပျိုးထားတွေကို ဖယ်ရှားနိုင်ဖို့အတွက် ကမာဝက်မြို့ သုဿန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က မုဒုံမြို့နယ်အုပ်ချုပ်ရေးဌာနမှတဆင့် သက်ဆိုင်ရာအစိုးရဌာနအဆင့်ဆင့်ကို တင်ပြခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့ထုတ် အမိန့်စာအရ၄င်း၊ မြို့နယ်သံဃာ့နာယကရဲ့ ဇွန်လ ၁၃ ရက် ညွှန်ကြားချက်အရ၄င်း သုဿာန်မြေပေါ် ကျူးကျော်စိုက်ထူထားတဲ့ ခြံစည်းရိုးအကာအရံတွေကို ဖယ်ရှားခဲ့တာပါ။

    အဲဒီသုဿန်မြေပေါ်မှာဆိုရင် ခြံချင်းထိစပ်တဲ့မြို့ခံတချို့နဲ့ ဘုန်းတော်ကြီးကျောင်းတချို့က ရာဘာပင်တွေကျူးကျော်စိုက်ပျိုးထားသလို လယ်မြေအဖြစ်ပါစိုက်ပျိုးထွန်ယက်ထားတာကို မြို့ခံတွေနဲ့ သုဿန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့က ယခင်ကာလတွေမှာ သက်ဆိုင်ရာကိုတိုင်ကြားခဲ့ပေမယ့်လည်း ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပါ။ နောက်ဆုံး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးထံခွင့်ပန်ပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှာ သချႋုင်းမြေဧရိယာတလျှောက် မှတ်တိုင်တွေ စိုက်ထူနိုင်ခဲ့ပါတယ်။

    အဲဒီလို မှတ်တိုင်တွေစိုက်ထူထားပေမယ့်လည်း ကျူးကျော်သူတွေက ပိုနေမြဲကျားနေမြဲ ဆက်လက်ကျူးကျော်နေတဲ့အတွက် သက်ဆိုင်ရာကနေ ကျူးကျော်စိုက်ထူထားတဲ့ ခြံစည်းရိုးအရံအတားတွေကို ဖျက်ဆီးပစ်ဖို့ အမိန့်ပေးခဲ့တယ်လို့ သုဿန်မြေထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ အတွင်းရေးမှူး နိုင်သစ္စာက ပြောပါတယ်။

    သူက “၂၀၁၁ ခုကတည်းက ဒီသချုႋင်းမြေဧရိယာ မြေပုံထွက်လာပါတယ်၊ သချုႋင်းမြေပေါ်ကျူးကျော်ပြီး ခြံစည်းရိုးတွေမခတ်ဖို့ ကျနော်တို့ အသိပေးနှိုးဆော်ခဲ့တယ်၊ ကျနော်တို့လူသားတွေဟာ နောက်ဆုံးတစ်နေ့ ဒီသချုႋင်းမြေပေါ်မှာပဲ ခေါင်းချဖို့ရှိတယ်၊ ကျနော်တို့မြို့ခံတွေကပဲ ကျူးကျော်နေတာ၊ နောက်ပိုင်း သူတို့မစဥ်းစားမဆင်ခြင်တော့ဘဲ အပင်တွေကို မြေသြဇာထည့်ပြီး ပြုစုတယ်၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီကလည်း သူတို့ကို ၃ ကြိမ်ခေါ်ယူဆွေးနွေးခဲ့ပြီးပြီ၊ စိုက်ပျိုးထားတဲ့ရာဘာပင်တွေ ပြောင်းရွေ့ဖို့ ၂၀၁၅ မေလ ၉ ရက်နေ့မှာ ပထမအကြိမ်၊ ၂၂ ရက်နေ့မှာ ဒုတိယအကြိမ် စာနဲ့အသိပေးခဲ့တယ်၊ သူတို့လုံးဝမရွေ့ဘူး၊ နောက်ဆုံး မြို့နယ်အုပ်ချုပ်ရေးမှူးက ရပ်ကွက် ၃ ရပ်ကွက်က ကော် ၃ ကော်နဲ့တွေ့ဆုံပြီး အပင်တွေပြောင်းရွေ့ဖို့ အမိန့်ထုတ်လိုက်တယ်၊ ကျူးကျော်တဲ့ကိစ္စမှာ ဘုန်းတော်ကြီးကျောင်းတွေလည်း ပါနေတာမို့ သက်ဆိုင်ရာသံဃာတော််အဖွဲ့အစည်းကို တင်လျှောက်တော့ ခုလိုဖယ်ရှားတဲ့အဆင့်ထိ ရောက်လာတာပေါ့” လို့ ဆိုပါတယ်။

    အဆိုပါ မြေဧရိယာ ၃၉ ဒဿမ ၁၇ ဧကကျယ်ဝန်းတဲ့ သချုႋင်းမြေဟာ ကမာဝက်၊ စိန်တောင်၊ ထောင်ကေး ၃ ရွာနဲ့သက်ဆိုင်ပြီး ရှေးယခင်ကမာဝက်မြို့ စတင်တည်တောင်ချိန်ကာလ လွန်ခဲ့တဲ့အနှစ်ရာကျော်ကတည်းက တည်ရှိခဲ့တဲ့ သချုႋင်းလို့လည်း ကမာဝက်မြို့ခံတွေက ပြောပါတယ်။

    သချုႋင်းကျူးကျော်မြေနေရာဖယ်ရှား လိုက်ပါဆောင်ရွက်နေသူ မွန်ပြည်သစ်ပါတီ၊ မုဒုံမြို့နယ်ဥက္ကဌ နိုင်ရာဇာက “ကျနော်တို့က အထက်ကညွှန်ကြားချက်နဲ့ လာရောက်ဆောင်ရွက်တာဖြစ်ပါတယ်။ ဒေသခံအချင်းချင်း ခုလိုပြဿနာဖြစ်ပွားတဲ့အခါ တဖက်နဲ့တဖက်ခိုက်ရန်ဖြစ်ပေါ်မှာစိုးရိမ်လို့ ကျနော်တို့အမျိုးသားတွေကို လာရောက်စောင့်ရှောက်တာပါ၊ ဘယ်သူ့ကိုမှ နစ်နာစေချင်တဲ့ဆန္ဒမရှိပါဘူး” ဟု ပြောပါတယ်။

    မုဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရဲ့ ဇွန်လ ၁၂ ရက်နေ့ပေးပို့စာအရ ကမာဝက်သချုႋင်းမြေကိစ္စတွင် သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားရန်၊ ခြံစည်းရုံးများ ဖျက်သိမ်းသည့်အခါ ပြဿနာတစုံတရာမပေါ်ပေါက်စေရန်၊ သက်ဆိုင်သူများအား ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်သွားရန်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကော် ၃ ကော်နှင့် သုဿန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ အတူတကွပူးပေါင်းဆောင်ရွက်ကြရန် သက်ဆိုင်သည့်ပုဂ္ဂိုလ်များထံ အသိပေးထားတယ်လို့ သိရပါတယ်။

    ကမာဝက်အုပ်ချုပ်ရေးမှူး နိုင်သောင်းခိုင်က “မြို့နယ်ညွှန်ကြားချက်က ခြံစည်းရိုးတွေ နှုတ်လိုက်ဖို့ပါဘဲ၊ သချုႋိင်းမြေဟာ ရွာပိုင်မြေ၊ ကမာဝက်၊ စိန်တောင်၊ ထောင်ကေး ၃ ရွာပိုင်တယ်၊ စိုက်ပျိုးပင်တွေရဲ့ အကိုင်းအခက်ပင်စည်တွေကို ခုတ်လှဲခွင့်မပြုပါဘူး၊ ရှေ့မှာဘယ်လိုဆက်လုပ်သွားမလဲဆိုတာ သုဿန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ ကျနော်တို့ရွာသားအပေါ်ပဲ မူတည်ပါတယ်” လို ဆိုပါတယ်။

    သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက သုဿန်မြေကျူးကျော်တဲ့ ခြံစည်းရိုးတွေဖျက်သိမ်းမယ့်ကိစ္စကို မရမ်းကျောင်းဆရာတော်နဲ့ ကအ်ဟလ(ဘာလျးတာ) ကျောင်းထိုင်ဆရာတော်ထံ မုဒုံမြို့နယ် သံဃာ့နာယကအဖွဲ့က စာရေးသားအသိပေးအကြောင်းကြားခဲ့ပါတယ်လို့ သိရပါတယ်။

    မရမ်းကျောင်းဆရာတော်(ဘာတိုက်ဇှူရတ်)က “ဒီကိစ္စကို အသိပေးတာလောက်ပဲရှိတယ်၊ ဆိုလိုရင်း အဓိပ္ပါယ်မပေါ်လွင်ဘူး၊ ဒီရာဘာပင်တွေက ၄ နှစ်သက်တမ်းကျော်ရှိပြီ၊ ဒီအပင်တွေဖျက်ပစ်ရင် ထိုက်သင့်တဲ့လျော်ကြေးပေးပါလို့ ပြောလိုတယ်” လို့ိ ခြံစည်းရိုးဖျက်သိမ်းသူတွေရောက်လာချိန်မှာ မိန့်ဆိုပါတယ်။

    ကျူးကျော်ခြံစည်းရိုးဖျက်သိမ်းနေစဥ်မှာ ရွာသားတွေနဲ့ အနီပတ်ဝန်းကျင်ရှိ ခြံမြေပိုင်ရှင်တွေ လာရောက်ကြည့်ရှုနေပါတယ်၊ တဖက်နဲ့တဖက် စကားပြောဆိုမှုအနည်းအကျဥ်းသာရှိခဲ့ပြီး ငြင်းခုံမှုများမတွေ့ရပါ။

    ကျူးကျော်ခြံစည်းရိုးခတ်သူ ခြံရှင်တစ်ဦးက “သချိုႋင်းမြေဆိုတော့ ပေးရပါမယ်၊ ကျနော်စိုက်ပျိုးခဲ့တာကလည်း အပင်တွေများများစားစားမရှိပါဘူး၊ ဘေးနားခြံက တိုက်တွန်းလို့ ကိုယ့်ခြံမြေနဲ့ဆက်စပ်တဲ့နေရာကို စိုက်ပျိုးခဲ့တာပါ၊ အခုလိုခြံစည်းရိုးတွေလာဖျက်တာကို ကျနော်တောင်းပန်လိုတာက အချိန်နည်းနည်းပေးပါ၊ လူငှားပြီးကိုယ့်ဖာသာပဲ ဖျက်ပေးပါမယ်” လို့ ဆိုပါတယ်။

    အဆိုပါ သချုႋင်းမြေကျူးကျော်မှုမှာ ပါဝင်ပတ်သက်နေတာက ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းနဲ့ ရွာသားခြံရှင် ၅ ဦးပါပဲ၊ တချို့ခြံတွေမှာ ရာဘာစေးတွေလှီးနေပြီး ကျန်တဲ့ခြံတွေမှာ ၂ နှစ်သားကနေ ၄ နှစ်သား ရာဘာပင်တွေဖြစ်သလို ခြံတိုင်းလိုလိုမှာလည်း စည်းရိုးတွေခတ်ထားတာပါ။

    သချုႋင်းမြေကျူးကျော်ခြံစည်းရိုးဖျက်သိမ်းတဲ့ ဒီဖြစ်စဥ်မှာ ကမာဝက်မြို့ရဲစခန်းတာဝန်ရှိသူများ၊ ကမာဝက်မြို့အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မွန်ပြည်သစ်ပါတီ မြို့နယ်အဆင့်တာဝန်ရှိသူများနဲ့ တပ်ဖွဲ့ဝင်တွေ စုစုပေါင်းလုံခြံုရေးအင်အား ၅၀ ကျော်လည်း ရောက်ရှိနေပါတယ်။ နောက်ဆုံးမှာတော့ ကမာဝက်မြို့သုဿန်မြေကျူးကျော်မှုတွေကို ဖယ်ရှားနိုင်လိုက်ပါပြီ။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts