spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းတိုင်းရင်းဘာသာ ၁၅ မိနစ်အစီအစဉ် DVB ရုပ်သံလွှင့်တော့မည်

    တိုင်းရင်းဘာသာ ၁၅ မိနစ်အစီအစဉ် DVB ရုပ်သံလွှင့်တော့မည်

    -

    မွန်တိုင်းရင်းအစီအစဉ်အဖွင့် Logo(Copy)
    မွန်တိုင်းရင်းအစီအစဉ်အဖွင့် Logo(Copy)
    ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရုပ်သံလွှင့်အစီအစဉ်များတွင် တိုင်းရင်းသားဘာသာစကား ၁၅ မိနစ်အစီအစဉ်များ မေလ ၁၁ ရက်နေ့မှ စတင်ထုတ်လွှင့်မည်ဟု သိရသည်။

    အဆိုပါရုပ်သံအစီအစဉ်များကို တိုင်းရင်းသားသတင်းဌာနများ၏ တပ်ပေါင်းစုဖြစ်သော နိုင်ငံတကာမြန်မာ့သတင်း Burma News International-BNI က ဦးစီးထုတ်လုပ်သွားမည် ဖြစ်သည်။

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA ၏ မန်းနေဂျင်းအယ်ဒီတာက “ကျနော်တို့လက်ခံရရှိထားတဲ့အချိန်ဇယားအတိုင်းဆိုရင် မွန်ဘာသာအစီအစဉ်ကို အပတ်စဉ်တနင်္လာနေ့တိုင်း ပုံမှန်လွှင့်သွားမှာပါ၊ တိုင်းရင်းသားဘာစကားပြော မြန်မာစာတမ်းထိုးတွေပေါ့” ဟု ဆိုသည်။

    ထို့အတူ သျှမ်းဘာသာကို အဂါင်္နေ့၊ ကချင်ဘာသာ ဗုဒ္ဓဟူးနေ့၊ ကရင်ဘာသာ ကြာသပတေးနေ့၊ ကရင်နီဘာသာ သောကြာနေ့၊ ချင်းဘာသာ စနေနေ့၊ ရခိုင်ဘာသာ တနင်္ဂနွေနေ့နှင့် မြန်မာဘာသာကို အပတ်စဉ် ဗုဒ္ဓဟူးနေ့များတွင် ရုပ်သံအစီအစဉ်များထုတ်လွှင့်မည်ဟု BNI က ပေးပို့ထားသော အသံလွှင့်အချိန်ဇယားဖေါ်ပြထားသည်။

    “တိုင်းရင်းသားသတင်းဌာနတွေအနေနဲ့ TV ရုပ်သံအစီအစဉ်တွေတိုးချဲ့ထုတ်လွှင့်နိုင်ဖို့ အတွေ့အကြုံတွေအများကြီး လိုအပ်နေသေးတယ်၊ ဒါကြောင့် မီဒီယာအရည်အသွေးမြှင့်မားဖို့နဲ့ အစီအစဉ်ကောင်းတွေ ထုတ်လွှင့်သွားဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့ပဲ ပြောလိုပါတယ်” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီ မန်းနေဂျင်းအယ်ဒီတာက ဆက်ပြောသည်။

    လွတ်လပ်သောမွန်သတင်းအေဂျင်စီအနေဖြင့် လွတ်လပ်သောအာရှအသံ RFA တွင်လည်း အပတ်စဉ် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များ ထုတ်လွှင့်ရှိသည်။

    BNI ၏ ဦးဆောင်မှုဖြင့် TV ထုတ်လုပ်သူနှင့် အယ်ဒီတာသင်တန်းများကိုလည်း လာမည့်ဇွန်လဆန်းပိုင်း၌ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် သင်တန်းများ ပို့ချသွားမည်ဟု သိရသည်။

    ၂၀ဝ၃ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သော BNI တွင် ယခုအခါ လွတ်လပ်သော မွန်သတင်း အေဂျင်စီ IMNA, ချင်းဝေါလ် Chin World၊ ကချင် သတင်းဌာန KNG, ကုလားတန် သတင်းဌာနKaladan Press, ကန္တာရဝတီတိုင်း(မ်) Kantarawaddy Times, ရွှေဟင်္သာ သတင်းဌာန Phophtaw News Association ၊ ကေအိုင်စီ Karen Information Center, ခိုနူမ်းထုန် သတင်းဌာန Khonumthung News၊ နိရဉ္စရာ သတင်းဌာန Narinjara News၊ သတင်းနှင့်မီဒီယာကွန်ယက် Network Media Group၊ သျှမ်းသံတော်ဆင့် သတင်းဌာနShan Herald Agency for News၊ သံလွင်တိုင်းမ်Than Lwin Times နှင့် မဇ္ဈိမ သတင်းဌာနMizzima News တို့ပါဝင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts