မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / မော်လမြိုင်အနုပညာပြပွဲ ပြုလုပ်မည်

မော်လမြိုင်အနုပညာပြပွဲ ပြုလုပ်မည်

ရေးသားသူ: > မွန်ပြည်နယ်၏ အလှတရားများကို ပုံဖော်မည့် မော်လမြိုင်အနုပညာပြပွဲအား မော်လမြိုင်မြို့၊ ကမ်းနားလမ်း ညဈေးတန်းတွင် မေလ ၁ ရက်နေ့ မှ ၅ ရက်နေ့ အထိ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုပြပွဲတွင် မော်လမြိုင်မြို့ခံ ပန်ချီ၊ ပန်းပု၊ ဓာတ်ပုံ၊ ကာတွန်း၊ ကဗျာ ပညာရှင် ၆၀ နီးပါး ပါဝင်မည်ဖြစ်ကာ အနုပညာရှင်များ၏ အနုပညာ လက်ရာများကိုလည်း ရောင်းချသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူ ဓာတ်ပုံပညာရှင် ကိုညဏ်စိုးဝင်းက IMNA သို့ ပြောသည်။

“ကျွန်တော်တို့ ပြပွဲ ပြဖို့ကိုတော့ အဓိကပါ၊ ကျွန်တော်တို့ မှာ ခင်းကျင်းတဲ့ ကုန်ကျစရိတ်တွေ ရှိတယ်၊ အဲဒါတွေတော့ မျှခံပေါ့၊ ရောင်းချတဲ့ ဈေးနှုန်းကို လည်း သူပာသူ သတ်မှတ်တာပါ” ဟု ကိုညဏ်စိုးဝင်းက ပြောသည်။

အဆိုပါ ပြပွဲအတွက် သက်ဆိုင်ရာ အာဏာပိုင်များထံ ခွင့်တောင်း အသိပေး သွားမည် ဖြစ်ကာ နိုင်ငံရေးနှင့် ညှိစွန်းမှုများ ပါဝင်မည် မဟုတ်ကြောင်း ပွဲစီစဉ်သူ၏ ပြောကြားချက်မှ သိရသည်။

မော်လမြိုင် အနုပညာပြပွဲတွင် မွန်ပြည်နယ်၏ ရေခံမြေခံ ကိစ္စများကိုသာ ရေးစပ်ထားမည့် ကဗျာများသာ ပါဝင်မည်ဖြစ်ပြီး အခြေအနေရပါက ကဗျာရွတ်ဆိုပွဲများကိုပါ ထည့်သွင်းသွားမည်ဖြစ်ကြောင်း ကဗျာဆရာ ဝေမိုးအိမ်က ပြောသည်။

“ကဗျာအမျိူးအစားကတော့ အစုံဘဲ၊ ခေတ်ပေါ်ကဗျာတွေ ပါသလို ဂန္တဝင် ကဗျာတွေလည်းပါမယ်၊ ကဗျာဆရာ အယောက်၂၀ လောက် ပါလာမယ်လို့ ခန့်မှန်းထားတယ်”ဟု ဝေမိုးအိမ်က ပြောသည်။

မော်လမြိုင် အနုပညာပြပွဲတွင် ပန်ချီပန်းပုဆရာ မင်းစံရှား၊ ဓာတ်ပုံဆရာ ညဏ်စိုးဝင်း၊ ဒီဇိုင်းဆရာ နဂါး ၊ကာတွန်းဆရာ CMM၊ ကဗျာဆရာ ဝေမိုးအိမ် တို့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

မော်လမြိုင် အနုပညာပြပွဲသည် မြို့ခံအနုပညာရှင်များ၏ ကိုယ်ပိုင်ဖန်တီး အနုပညာလက်ရာများကို ပြသနိုင်မည့် အခွင်အရေးဖြစ်ကာ မျိူးဆက်သစ် အနုပညာရှင်များလည်း ထပ်မံပေါ်ပေါက်လာနိုင်ရန် ရည်ရွယ်ကြောင်း သိရသည်။

ယခုပြုလုပ်မည့် ပထမအကြိမ် မော်လမြိုင် အနုပညာပြပွဲကဲ့သို့ နောင်နှစိများတွင်လည်း ကျင်းပရန် အစီအစဉ်ရှိကြောင်း ပွဲစီစဉ်သူများက ပြောသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: