မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / MNP ပါတီအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခေါ်ယူသတိပေး

MNP ပါတီအား ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခေါ်ယူသတိပေး

ရေးသားသူ: > ကျောင်းသားသပိတ်မှောက်ဆန္ဒပြပွဲနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားပါတီတို့၏ ပူးတွဲထုတ်ပြန်ကြေညာချက်ကြောင့် ပြီးခဲ့သည့် ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက မွန်အမျိုးသားပါတီကို ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီ (ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ညှိနှိုင်းဆဲ) အဖွဲ့နှင့် လွန်ခဲ့သည့် မတ်လ ၁၂ ရက်နေ့တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်ထားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ မွန်အမျိုးသားပါတီ၏ တာဝန်ရှိသူ ၃ ဦးအား မွန်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲက ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့တွင် ဖိတ်ကြားစာပေးပို့ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား သွားရောက်တွေ့ဆုံခဲ့သူ မွန်အမျိုးသားပါတီ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်က “ရွေးကောက်ပွဲကော်မရှင်က ကျနော်တို့ကို ဒီလိုသတိပေးတာကို လက်မခံပါဘူး၊ ပြည်နယ်အစိုးရက ဖိအားပေးလို့ အခုလို ကော်မရှင်က အသိပေးတာလည်းမဟုတ်ဘူး၊ ဒီကြေညာချက်ကိုလည်း ပြည်နယ်အစိုးရက သိပြီးသားဖြစ်တယ်” ဟုဆိုသည်။

ယနေ့တွေ့ သတိပေးမှုမှတ်တမ်းကို ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အသိပေးကြောင်း လက်မှတ်ကို ရေးထိုးစေခဲ့ပြီး မွန်အမျိုးသားပါတီမှ တွေ့ဆုံခဲ့ကြောင်း မှတ်တမ်းကိုလက်မှတ်ထိုးခဲ့သော်လည်း သတိပေးမှု အဆင့်ကို လက်မခံကြောင်း ၎င်းက ဆက်ပြောသည်။

သတိပေးခေါ်ဆိုမှု မှတ်တမ်းတွင် “(၁) မွန်အမျိုးသားပါတီသည် မွန်ပြည်သစ်ပါတီ (ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးကိစ္စရပ်များ ညှိနှိုင်းဆဲ) နှင့် ပူတွဲကြေညာချက်ထုတ်ပြန်သည့် ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၀၅ နှင့် ၄၀၇ ပါ ပြဋ္ဌာန်ချက်များနှင့် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂ တို့အား တိကျစွာ လိုက်နာဆောင်ရွက် သွားရေး မွန်အမျိုးသားပါတီအာ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ အထက်ရည်ညွန်းစာပါ လုပ်ပိုင်ခွင့်ဖြစ် သတိပေးကြောင်း မှတ်တမ်းထားရှိအပ်ပါသည် (၂) မွန်အမျိုးသားပါတီအနေနှင့် ခေါ်ယူသတိပေးမှုကို သိရှိနာလည်ပါကြောင်း အောက်တွင်လက်မှတ်ထိုးရေးထိုပါသည်” ဟူ၍ ပါဝင်သည်။

ယင်းကဲ့သို့ ခေါ်ယူသတိပေးသော်လည်း မွန်ပြည်သစ်ပါတီကို မတရားအသင်းအဖြစ် အသိအမှတ်ပြုထားခြင်း မရှိကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်းအဖွဲ့ခွဲမှ ပြောကြားခဲ့သည်ဟု နိုင်စိုးမြင့်က ပြောသည်။

ပူးတွဲကြေညာချက်တွင် ကျောင်းသားများ၏ အမျိုးသားပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးလှုပ်ရှာမှုကို အပြည့်အဝ ထောက်ခံကြောင်း၊ ပညာရေးဥပဒေကို သပိတ်မှောက်နေသည့် ကျောင်းသား၊ ပြည်သူနှင့် မီဒီယာသမားများကို ရဲတပ်ဖွဲ့မှ အင်းအားသုံး ဖြိုခွဲမှုကို အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း၊ ဖမ်းဆီးခံရသူများကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ စေ့စပ်ညှိနှိုင်းဆွေးနွေးအဖြေရှာရန် တိုက်တွန်းကြောင်း၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်ခွင်းကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာသည့်အထိ နှစ်ပါတီမှ တိုက်ပွဲဝင်သွားမည်ဟု ဖေါ်ပြထားသည်။

ယနေ့တွေ့ဆုံမှတွင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ခရိုင်ထွေ/အုပ်ရုံးဝန်းအတွင်း) တွင်တွေ့ဆုံခဲ့ပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးသိန်းထွန်း၊ အဖွဲ့ဝင် ဦးလွန်းငွေ၊ အဖွဲ့ဝင် ဦးမြင့်သိန်းထွန်း၊ ဒေါ်နုနုရီ၊ ဦးလှိုင်စိုးသန့်၊ ဦးဟိဏ်းလင်းထက်တို့ တက်ရောက်ခဲ့ပြီး မွန်အမျိုးသားပါတီဘက်မှ တွဲဖက်အတွင်းရေးမှူး (၁) နိုင်စိုးမြင့်နှင့် နိုင်မောင်ညွှန့်တို့ တက်ရောက်ခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မုဒုံမြို့နယ် အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အား ဒေသခံ ၁၀ဝ ခန့် ဆန္ဒထုတ်ဖော်

မွန်ပြည်နယ် မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်အား ကျေးရွာအုပ်ချုပ်ရေးမှူးထုတ်ပယ်ရခြင်းနှင့်ပတ်သက်၍ မှိန်ဂနိမ်းကျေးရွာ၌ ဒေသခံ ၁၀ဝ ခန့်တို့က စက်တင်ဘာလ ၂၁ ရက်နေ့ နံနက် …

Leave a Reply

%d bloggers like this: