spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းမော်လမြိုင်ထောင်အား ကျိုက်မရောမြို့နယ်သို့ပြောင်းမည်ဟု မွန်နယ်လုံဝန်ကြီးပြော

    မော်လမြိုင်ထောင်အား ကျိုက်မရောမြို့နယ်သို့ပြောင်းမည်ဟု မွန်နယ်လုံဝန်ကြီးပြော

    -

    စောဇင်ညီမော်လမြိုင် အကျဉ်းထောင်အား ကျိုက်မရော မြိုနယ် ရေတွင်းကုန်း ကျေးရွာ အနီးသို့ ပြောင်းရွှေမည်ဖြစ်ကြောင်း မတ်လ ၇ ရက်နေ့ က ပြုလုပ်ခဲ့သော မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် ချောင်းဆုံလွှတ်တော် ကိုယ်စားလှယ် ဦးအောင်နိုင်ဦး၏ မေးမြန်းချက်အား လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုကြီး ဌေးမြင့်အောင်က အတည်ပြုပြောကြားခဲ့သည်။

    အဆိုပါ ထောင်ပြောင်းရွှေမှုကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ စကာ ပြုလုပ်ခဲ့ပြီး ၃ နှစ်စီမံချက်နှင့် ပြုလုပ်ခဲ့ရာ အဆောက်အဦးများ ပြီးစီခဲ့ပြီ ဖြစ်ကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အပြီးသတ်လုပ်ဆောင်မည်ဖြစ်ကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှုကြီး ဌေးမြင့်အောင် ၏ ပြောကြားချက်မှ သိရသည်။

    “မော်လမြိုင် အကျဉ်းထောင်၏ အဆောက်အဦးများနှင့် မြေနေရာအား ပုဂ္ဂလိက အဖွဲ့အစည်းများသို့ ရောင်းရန် အစီအစဉ်မရှိပါ။

    အကျဉ်းထောင်သစ်နေရာသို့ ပြောင်းရွှေပြီးပါက မော်လမြိုင်အကျဉ်းထောင်မှာပြည်ထဲရေးဌာန ပိုင်မြေဖြစ်၍ မြို့ပြဖွံ့ဖြိုးရေးအတွက် မွန်ပြည်နယ် အစိုးရ အဖွဲ့မှပြည်ထဲရေးဝန်ကြီးဌာန နှင့် ညှိနှိုင်းပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ ညှို့နှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားအပ်ပါသည်”ဟု ဗိုလ်မှူးကြီး ဌေးမြင့်အောင်က ဧပြီလ ၇ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ အကျဉ်းထောင် မော်လမြိုင်မြို့မှ ပြောင်းရွှေ့ပါက မော်လမြိုင်ပြည်သူများ ကြီးမားသည့် ထိခိုက် နစ်နာစရာ မရှိသော်လည်း ထောင်မြေနေရာကို အစိုးရမှ ပုဂ္ဂလိကအဖွဲ့အစည်းများအား ရောင်းချလိုက်မည်ကို မြို့ခံများစိုးရိမ်နေကြကြောင်း ဦးအောင်နိုင်ဦးက ပြောသည်။

    “မော်လမြိုင်က သိတဲ့အတိုင်းဘဲ အရင်က ရာမည ကွင်းဆိုလည်း အခုဆိုမရှိတော့ ဘူး။အရင်တုန်းက လို ပွဲလမ်းသဘင်ကြီးကြီးတွေ ကျင်းပနိုင်မဲ့ နေရာ မရှိတော့ဘူး၊အခြားနေရာတွေက လည်း ရှောပင်းမောတွေ ဖွင့်လိုက်တော့ တော်တော်လေးနေရာမရှိတော့ဘူး၊ဒီထောင်ကိုလည်း ပုဂ္ဂလိက ကို ပေးမယ်ဆိုတဲ့ သတင်းထွက်နေတယ်၊ ဒါကြောင့် ဒီမေးခွန်းကို မေးရတာပါ။ ဒီထောင်ရွှေပြီးရင်လည်း ပြည်သူတွေက နေ ဘာလုပ်သင့်တယ်ဆိုတာအကြံပြုပြီး အစိုးရဆီကို တင်ပြတောင်းဆိုသင့်တယ်လို့ မြင်တယ်”ဟု ဦးအောင်နိုင်ဦးကဆက် ပြောသည်။

    ၂၀၁၅-၂၀၁၆ ခုနှစ်တွင် မော်လမြိုင်မြိုနယ့်မှ ကျိုက်မရောမြို့နယ်သို့ ပြောင်းရွှေမည့် အကျဉ်းထောင်သည် ရေတွင်းကုန်းကျေးရွာအနီး ကွင်းအမှတ် ၅၈၆-၅၉၀ ရှိ မြေဧက ၂၅၆ ဧက ပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts