spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရုပ်သံဥပဒေအမြန်ဆုံးအတည်ပြုရေး တိုင်းရင်းမီဒီယာအဖွဲ့တိုက်တွန်း

    ရုပ်သံဥပဒေအမြန်ဆုံးအတည်ပြုရေး တိုင်းရင်းမီဒီယာအဖွဲ့တိုက်တွန်း

    -

    လက်ရှိအစိုးရလက်ထက်တွင် တိုင်းရင်းသားဒေသများအတွက် Community Radio, Community TV နှင့်ပတ်သက်သည့် Broadcasting Law ကို အမြန်ဆုံး အတည်ပြု ပြဌာန်ပေးရန် တိုင်းရင်းမီဒီယာအဖွဲ့က တိုက်တွန်း တောင်းဆိုလိုက်သည်။

    တိုင်းရင်းမီဒီယာညီလာခံ-ဟားခါး(IMNA)
    တိုင်းရင်းမီဒီယာညီလာခံ-ဟားခါး(IMNA)
    ချင်းပြည်နယ် ဟားခါးမြို့တွင် ယခုမတ်လ ၁၈ – ၂၀ ရက်နေ့အထိ ၃ ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် တိုင်းရင်းမီဒီယာ ညီလာခံ၏ ထုတ်ပြန်ချက်တွင် အချက် ၁၄ ချက် ပါဝင်ပြီး ၎င်းထဲတွင် ရုပ်သံဥပဒေနှင့်ပတ်သက်သည့် တောင်းဆိုမှုကို ထည့်သွင်း ဖော်ပြထားခြင်းဖြစ်သည်။

    Burma News International အဖွဲ့မှ Board Editor တစ်ဦးဖြစ်သည့် နိုင်ကစော့မွန်က “တကယ်လို့ Community Radio ကို အရင်လုပ်မယ်ဆိုရင် ပိုအဆင်ပြေလိမ့်မယ်၊ FM radio ကလည်း ပြည်သူတွေရဲ့ အသံကို ဖော်ထုတ်တဲ့ နေရာဖြစ်တဲ့အတွက် တိုင်းရင်းသားတွေအနေနဲ့ ကိုယ့်ပြည်နယ်အစိုးရမှာ ခွင့်ပြုချက်တင်မယ်ဆိုရင် ရနိုင်မယ်လို့ ကျနော်ထင်တယ်” ဟု တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံတွင် ရှင်းလင်းပြောဆိုခဲ့သည်။

    တိုင်းရင်းသားမီဒီယာအဖွဲ့များ၏ ဆန္ဒကို သုံးသပ်ကြည့်ခြင်းအားဖြစ် Community Radio နဲ့ Community TV သည် ဒေသခံများအတွက် အထူးလိုအပ်ကြောင်း၊ ထိုကြောင်း အစိုးရ၏ ရုပ်သံဥပဒေအတည်ပြုမည့်ကာလ စောင့်နေသည့်အချိန်တွင် မိမိတို့တိုင်းရင်းမီဒီယာအဖွဲ့များမှ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်ကြောင်း နိုင်ကစော့မွန်က ဆက်ပြောသည်။

    ထို့အတူ Community Radio ဥပဒေနှင့် ပတ်သက်၍ လွှတ်တော်သို့ တင်သွင်းထားပြီးဖြစ်ကြောင်း ပြည်ထောင်စုပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေးက တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    “Radio အစီအစဉ်နဲ့ပတ်သက်ပြီး နည်းပညာပိုင်းမှာ ကျနော်တို့ ခက်ခဲတယ်၊ ဒါပေမဲ့ အခုကျနော်တို့ TV အစီအစဉ် လုပ်နေတယ်၊ အဓိက ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကျနော်တို့ ပြည်နယ်မှာရှိတဲ့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုတွေ၊ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေသိတဲ့ အချက်အလက်တွေကို ချင်းပြည်နယ်ကိုယ်ပိုင် Channel နဲ့ပူပေါင်း ထုတ်လုပ်သွားမှာဖြစ်ပါတယ်” ဟု Chin Wold သတင်းဌာနမှ TV Producer တာဝန်ခံ ဆလိုင်း ကျော်မိုးထွန်းက ပြောသည်။

    ထို့အတူ လွန်ခဲ့သည့် ဖေဖော်ဝါရီလတွင် BNI အဖွဲ့မှ ကြီးမှုပြီး တိုင်းရင်းသားမီဒီယာများအတွက် ရုပ်သံနှင့် ပတ်သက်သည့် သင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး ယခုအချိန်တွင် စမ်းသပ်အစီအစဉ်များကိုလည်း ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

    မြန်မာနိုင်ငံတွင် ရုပ်သံမီဒီယာနှင့် ပတ်သက်သည့် ဥပဒေ ထုတ်ပြန်ထားခြင်းမရှိသော်လည်း Main stream မီဒီယာကဲ့သို့သော MRTV၊ National Race Channel – NRC နှင့် အခြားမီဒီယာအဖွဲ့တို့မှ ထုတ်လုပ်လျှက်ရှိသည်။

    Community Radio-CR နှင့် ပတ်သက်ပြီး အတွေ့အကြုံရှိသည့် Radio Australia ဒေါ်ခင်မာဝင်း က “ကျမတို့ သြစတေးလျ မှာ Community Radio ဥပဒေအသေအခြာရှိတယ်၊ ဒါပေမဲ့ မြန်မာနိုင်ငံအခြေအနေနဲ့ ပြောမယ်ဆိုရင် Community radio အတွက် နည်းဥပဒေ အတည်ပြု ပြဌာန်းထားတာ မရှိသေးဘူး၊ နောက်ပြီး CR လုပ်တော့မယ်ဆိုရင် မတည်ငွေ ရှိမှ ရည်ရှည်လုပ်နိုင်မယ်” ဟု ပြောသည်။

    တတိယအကြိမ်မြောက် တိုင်းရင်းမီဒီယာ ညီလာခံကို BNI မှ ဦးစီပြီး ပထမအကြိမ်ကို ၂၀၁၃ ခုနှစ်တွင် မွန်ပြည်နယ် မော်လမြိုင်မြို့တွင်လည်းကောင်း၊ ဒုတိအကြိမ်ကို ရှမ်းပြည်နယ် တောင်ကြီးမြို့တွင်လည်းကောင်း၊ ယခု ၂၀၁၅ ခုနှစ်တွင် ချင်းပြည်နယ် ဟားခါးမြို့တွင်လည်းကောင်း လာမည့် ၂၀၁၆ ခုနှစ်တွင် ရခိုင်ပြည်နယ်တွင် ပြုလုပ်သွားမည်ဖြစ်သည်။

    ညီလာခံတွင် ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဟုန်ငိုင်၊ ပြည်ထောင်စုပြန်ကြားရေး ဒုဝန်ကြီး ဦးပိုက်ထွေး၊ ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဒေါက်တာ ရွှေခါး၊ မန္တလေးမှ နာမည်ကြီး စာရေးဆရာများ၊ ဝါရင့် သတင်းထောက်များ၊ BNI အဖွဲ့ဝင် အဖွဲ့အစည်းများ (၁၃) ဖွဲ့၊ ချင်းပြည်နယ်မှ CSO အဖွဲ့များ၊ နိုင်ငံတကာမှ မီဒီယာအဖွဲ့များ၊ လေ့လာသူများအပါအဝင် လူ ၃ ရာခန့် တက်ရောက်ခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts