spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းနိုင်ငံရေးလုပ်ငန်းများတွင် အမျိုးသမီး ၃၀% ပါဝင်လာစေရန် မွန်အမျိုးသမီးများနေ့တွင် တောင်းဆို

    နိုင်ငံရေးလုပ်ငန်းများတွင် အမျိုးသမီး ၃၀% ပါဝင်လာစေရန် မွန်အမျိုးသမီးများနေ့တွင် တောင်းဆို

    -

    နိုင်ငံရေးလုပ်ငန်းများတွင် အမျိုးသမီး ၃၀ ရာခိုင်နှုန်း ပါဝင်လာစေရန် မတ်လ ၁ ရက်နေ့ (တပေါင်းလဆန်း ၁၂) က ကျရောက်သည့် (၁၀) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့၌ မွန်အမျိုးသမီးကွန်ယက်၏ သဘောထား ထုတ်ပြန် တောင်းဆိုခဲ့သည်။

    မွန်အမျိုးသမီးများနေ့ ဖြစ်မြောက်ရေးကော်မတီ၏ အကြံပေး မိကွန်းချမ်းနွန်က “ကျမတို့ဆန္ဒကတော့ ၃၀ ရာခိုင်နှုန်း ပါဝင်စေချင်တယ်၊ ဒါပေမဲ့ အဖွဲ့အစည်းတိုင်းမှာတော့ အမျိုးသမီးတွေပါဝင်ဖို့ကို ပေါ်လစီတစ်ခုအနေနဲ့ ထည့်သွင်းထားတာ မရှိသေးဘူး” ဟု ဆိုသည်။

    နိုင်ငံရေးလုပ်ဆောင်ရာတွင် အမျိုးသမီးများ ဆုံးဖြတ်ချက်ချသည့်နေရာများ၊ ခေါင်းဆောင်မူအပိုင်းတွင် အမျိူးသမီးများပါဝင်လာရန် လည်းကောင်း၊ ယခုကဲ့သို့ အကောင်အထည်ဖော် လုပ်ဆောင်ခြင်းသည် အမျိူးသမီးများ မဲရရှိရန်လုပ်ဆောင်နေခြင်းမဟုတ်ကြောင်း၊ သို့သော်လည်း မဲရွေးခံမယ့် အမျိူးသမီးများ ပိုမိုတိုးလာစေရန် အခက်ခဲတစ်စုံတရာရှိပါက အကူအညီတစုံတရာ ပေးရန်သော် လည်းကောင်း၊ အမျိူးသမီးများနိုင်ငံရေးတွင် ပိုမိုစိတ်ဝင်စားလာစေရန် ပညာပေးမှုများကို အဓိကလုပ်ဆောင်လျှက်ရှိသည်ဟု ၎င်းက ဆက်ပြောသည်။

    ထိုမျှမက နိုင်ငံရေးဆွေးနွေးပွဲတွင် အမျိုးသမီးများ၏ ပါဝင်မှုကို အစိုရးနှင့် လက်နက်ကိုင်တိုင်းရင်းသားများကပါ အထူးအခွင့်အရေး တစ်ရပ်အနေနဲ့ အသိအမှတ်ပြုဆောင်ရွက်ပေးရန်၊ အကြမ်းဖက်ခံ အမျိုးသမီးများအတွက် တရားမျှတသော ဥပဒေတစ်ရပ်ကို အခိုင်အမာတာဝန်ယူဆောင်ရွက်ပေးရန်နှင့် အမျိုးသမီးများကလည်း “အမျိုသားရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး” ကိစ္စများကို နိုင်ငံရေးမူဝါဒ တစ်ခုအဖြစ်ဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မော်လမြိုင်မြို့အခြေစိုက် ငြိမ်းဖောင်ဒေရှင်းမှ ပရောဂျက်မန်နေဂျာ ကိုအောင်ထူးက “၃၀ ရာခိုင်းနှုန်းဆိုတာကတော့ ပါဝင်သင့်ပါတယ်၊ တစ်ဖက်မှာလည်း အမျိူးသမီးတွေအတွက် လမ်းကြောင်းဖွင့်ထားရပါမယ်၊ အမှန်တိုင်းပြောရရင် နိုင်ငံရေးအဖွဲ့အစည်းတွေမှာ အမျိူးသမီးတွေ ၃၀ ရာခိုင်းနှုန်း ပါဝင်ရမယ်လို့ အဲဒီလိုသတ်မှတ်ထားတာမရှိဘူး မရှိသေးဘူး၊ အဲဒီတော့ တစ်ဖက်မှာလည်း လက်တွဲခေါ်ဖို့လိုသလို ကိုယ်ကိုတိုင်လည်း ပါဝင်လာဖို့အတွက်ကို ကြိုးစားသွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    မွန်အမျိုးသမီးများနေ့ အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မိုင်ဒါကွင်းအနီးရှိ မွန်ဓမ္မာရုံတွင် မတ်လ ၁ ရက်နေ့ ညနေ ၅ နာရီမှ ၁၁ နာရီအထိ ကျင်းပခဲ့သည်။

    အခမ်းအနားတွင် မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းရေးရာ ဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ ပြည်နယ်လွှတ်တော်အမတ် ဒေါက်တာ အောင်နိုင်ဦး၊ မွန်အမျိုသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ လူမှုအဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများ စုစုပေါင်း လူဦးရေ ၃၀ဝ ကျော်ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိသည်။

    မွန်ဘုရင်မရှင်စောပု၏ မွေးနေ့ဖြစ်သည့် တပေါင်လဆန်း (၁၂) ရက်နေ့ကို မွန်အမျိုးသမီးများနေ့အဖြစ် အသိအမှတ်ပြုခဲ့ပြီး လွန်ခဲ့သည့် ၂၀ဝ၅ ခုနှစ်မှ နေရာဒေသအသီးသီး၌ အခမ်းအနားများ ကျင်းပခဲ့ရာ ယခုအချိန်တွင် ၁၀ နှစ်တိုင်တိုင်ပြည့်ခဲ့ပြီးဖြစ်သည်။

    အလားတူ မွန်အမျိုးသမီးနေ့အခမ်းအနားများကို ထိုင်း၊ မလေးရှား၊ သြစတေးလျနှင့် အမေရိကန်နိုင်ငံရှိ မွန်အမျိုးသမီးအသင်းအဖွဲ့များ တပြိုင်နက်ကျင်းပခဲ့သည့် သတင်းများရရှိခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts