မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / ကျောင်းသားများ ငြိမ်းချမ်းစွာပညာသင်ကြားရန် မော်လမြိုင်တက္ကသိုလ်ပါချုပ်ပြော

ကျောင်းသားများ ငြိမ်းချမ်းစွာပညာသင်ကြားရန် မော်လမြိုင်တက္ကသိုလ်ပါချုပ်ပြော

ရေးသားသူ: >
ဆန္ဒပြကျောင်းသားများ(Facebook)
ဆန္ဒပြကျောင်းသားများ(Facebook)
မွန်ပြည်နယ်၊ မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်က တက္ကသိုလ်ကျောင်းသားများနှင့် ဆရာ/မတို့အား ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၄ နာရီခန့်တွင် ခေါ်ယူတွေ့ဆုံစဉ် ငြိမ်းချမ်းစွာ ပညာသင်ကြားကြရန် ပြောကြားခဲ့ကြောင်း သိရသည်။

ကျောင်းတွင်း အားကစားပွဲများ၊ ပြည်ထောင်စုပွဲများ၊ စုပေါင်းလုပ်ဆောင်မှုကဲ့သို့သော ကျောင်းတွင်းလှုပ်ရှားမှုများကို ဖန်တီးပေးထား သည့်အတွက် ကျောင်းသားများအနေဖြင့် ပျော်ရွှင်စွာ ပညာသင်ကြားရန် ပါမောက္ခချုပ် တိုက်တွန်းပြောဆို ခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာဌေးအောင်က“ငြိမ်းချမ်းစွာသွားနေတဲ့ ပညာရေးကို မပျက်စီးစေချင်ဘူး၊ ကျောင်းသားတွေကို ပြောချင်တာက ဆရာတို့ပညာရေး စနစ်က မကောင်းဘူးဆိုတာ မဟုတ်ဘူး ကောင်းတယ်၊ Education Plan ကို ပစ်စလက်ခတ်လုပ်ထားတာ တစ်ခုမှမရှိဘူး၊ သူများပါရင် ရောယောင်ပြီး မပါဖို့လိုတယ်” ဟု ပြောသည်။

ထို့အပြင် လက်ရှိပညာရေးစနစ်နိမ့်ကျသည်မှန်သော်ငြား အားနည်းချက်/အားသာချက်များကို လေ့လာပြီး မည်သို့ပြုပြင်သင့် သည်ကို နည်းလမ်းရှာဖွေရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ပညာရေးစနစ်မြင့်လာအောင် အကူအညီ ပေးနေကြောင်း၊ နိုင်ငံတော်မှလည်း ပညာရေးအသုံးစရိတ်ကို တိုးပေးလာကြောင်း ဒေါက်တာဋ္ဌေးအောင်က ဆိုသည်။

လက်ရှိဖြစ်ပေါ်နေသော ကျောင်းသားသပိတ်တွင် ပါမောက္ခချုပ်အနေဖြင့် ကျောင်းသားများအား မပါဝင်စေသည့်သဘောရှိ သော်လည်း ပါဝင်လိုပါက သေချာစွာလေ့လာပြီး သိရှိအောင်ပြုလုပ်သင့်ကြောင်း၊ လေ့လာသိရှိပြီး လိုက်သွားလိုသည့်ဆန္ဒ ရှိပါက လိုက်သွားနိုင်သည်ဟု ပါမေက္ခချုပ်ပြောကြားခဲ့ကြောင်း အဆိုပါတွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် မော်လမြိုင်တက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောသည်။

၄င်းတွေ့ဆုံပွဲသို့ မော်လမြိုင်တက္ကသိုလ်ရှိ ဘာသာရပ်တစ်ခုစီအလိုက် ကျောင်းသူ/သား ၂၅ ဦးတက်ရောက်ရန် ဖိတ်ကြားခဲ့ ကြောင်း အဆိုပါကျောင်းသားက ဆက်ပြောသည်။၄င်းကျောင်းသားက “အပြင်လူ(ကျောင်းသား)တွေ အထဲမရောက်ဖို့နဲ့ ကျောင်းသူ/သားတွေ အပြင်ရောက်မသွားဖို့တော့ ပြောတာရှိတယ်၊ တက္ကသိုလ်ကျောင်းထဲမှာတော့ ကျောင်းသားတွေ ချီတက် ဆန္ဒပြဖို့ လာစည်းရုံးတာမျိုးတော့ မတွေ့ပါဘူး” ဟု ပြောသည်။

သို့ရာတွင် ၄င်းအနေနှင့် ယခုကျောင်းသားသပိတ်တွင် အခြားကျောင်းသားများနည်းတူ ပါဝင်သည့် ဆန္ဒရှိသည်ဟု ဆိုသည်။

မွန်ပြည်နယ် ကျောင်းသားများအနေဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ တွင် မော်လမြိုင်မြို့ပေါ်နေရာအများ အပြားတွင် လမ်းလျှောက်ကာ ပညာရေးဥပဒေအား ကန့်ကွက်ဆန္ဒပြ သပိတ်မှောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်ကျောင်းသားသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကျောင်းသား ကိုဘုန်းမြတ်မိုးက လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ပြောခဲ့သည်။

ကျောင်းသားများ တောင်းဆိုထားသည့် ၄ ပွင့်ဆိုင် ဆွေးနွေးပွဲအား အစိုးရမှ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၂ ရက် နောက်ပိုင်းသို့ ရက်ရွှေ့ဆိုင်းခဲ့ပြီးနောက် နိုင်ငံအနှံ့ သပိတ်မှောက်ကျောင်းသား အင်အားများပြားလာခြင်း ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

မွန်ကျောင်းဆရာများ ညီလာခံကျင်းပ

မွန်အမျိုးသားပညာရေးကော်မတီ MNEC-Mon National Education Committee မှ ဦးစီး၍ မွန်အမျိုးသားပညာရေး ကျောင်းဆရာများ ညီလာခံ Teacher Conference တရပ်ကို နိုဝင်ဘာလ ၁၉ …

Leave a Reply

%d bloggers like this: