မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အံဒင်ကျောက်မီးသွေးလျှပ်စစ်စက်ရုံ ပညာပေး DVD အခမဲ့ထုတ်ဝေဖြန့်ချိ

အံဒင်ကျောက်မီးသွေးလျှပ်စစ်စက်ရုံ ပညာပေး DVD အခမဲ့ထုတ်ဝေဖြန့်ချိ

ရေးသားသူ:

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသတွင် ဆောက်လုပ်ရန်လျာထားသည့် အံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံအကြောင်း “နိဒါန်း” အမည်ရှိ ပညာပေး DVD ရုပ်ရှင်မှတ်တမ်းခွေကို မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း (Human Rights Foundation of Monland)က အခမဲ့ ထုတ်ဝေဖြန့်ချိ လျှက်ရှိသည်။

မွန်စကားပြော ဗမာစာတမ်းထိုးဖြစ်သည့် အဆိုပါ“နိဒါန်း” မှတ်တမ်း DVD ကို မွန်ပြည်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM မှ နိုင်စဝေါမွန် စီစဉ်ပြီး Mon Multi-Media Institute မှ ဒါရိုက်တာ မင်းသန်းဦးတို့ ရိုက်ကူးထားခြင်း ဖြစ်သည်။

နိုင်စဝေါမွန်က “video က မိနစ် ၃၈ လောက်ကြာမယ်၊ ဝန်ကြီးတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကုမ္ပဏီ တာဝန်ရှိတဲ့လူတွေ ဒေသခံပြည်သူတွေကို ဘယ်လိုစည်းရုံးတယ် ဆိုတာပါမယ်၊ အဲဒီဒေသကလူတွေရဲ့ အမြင်တွေနဲ့ ထိုင်းနိုင်ငံ ဂျပန်နိုင်ငံသို့ ကျောက်မီးသွေး စက်ရုံအကြောင်း သွားရောက်လေ့လာခဲ့တဲ့လူတွေရဲ့ အမြင်တွေ ပါရှိတယ်” ဟု ဆိုသည်။

ယင်း DVD ၏ အဆုံးသတ်တွင် ဒေသခံလူများ စိတ်သဘောထားကွဲပြားကြပြီး ပဋိပက္ခဖြစ်မှုများနှင့် စီမံကိန်းရပ်ဆိုင်းရန် အစိုးရအမိန့်ထုတ်ပြန်သည်အထိ ၎င်းဗီဒီယိုတွင် ထည့်သွင်း ဖော်ပြထားကြောင်း နိုင်စဝေါမွန်က ပြောသည်။

အဆိုပါ နိဒါန်း DVD ဖြန့်ချိမှုနှင့် ပတ်သက်၍ မွန်ပြည်နယ် လျှပ်စစ်စွမ်းအားဌာနဝန်ကြီး နိုင်လဝီအောင်က ဒါရိုက်တာနှင့် စီစဉ်သူနှစ်ဦးကို ပြီးခဲ့သည့်ဇန်နဝါရီ (၃၀) ရက်နေ့ည၌ ခေါ်ယူတွေ့ဆုံခဲ့ရာ မီဒီယာများနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် အမှားအယွင်း အတိမ်းအစောင်းမရှိစေရန် သတိပေးခဲ့သည်ဟု IMNA က စုံစမ်းသိရှိရသည်။

“နိဒါန်း” မှတ်တမ်း ရုပ်ရှင်ထုတ်ဝေရသည့် ရည်ရွယ်ချက်မှာ “နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကြောင့် ဒေသတွင်း လူမှုရေးပြဿနာများ၊ ပြည်သူလူထု အမြင်ကွဲပြားမှုများ၊ ထိုအမြင်ကွဲပြားမှုကြောင့် ဒေသတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားလာခြင်း၊ နည်းမျိုးစုံဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်နိုင်မှုကို ပြည်သူများ သတိပြုလာစေရန်၊ တနည်းအားဖြစ် မွန်ပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် မွန်ဒေသရှိ Third Generation Rights အတွက် ကာကွယ်သွားရန်ရည်ရွယ်၍ အဆိုပါကျောက်မီးသွေးစက်ရုံ စီမံကိန်းအား ဆန့်ကျင်သင့်သည်ဟု ယူဆ၍ DVD ရိုက်ကူးတင်ဆက်ရခြင်းဖြစ်ကြောင်း နိုင်စဝေါမွန်က ပြောသည်။

အလားတူ အံဒင်ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်း “နိဒါန်း” မှတ်တမ်းရုပ်ရှင်နှင့် ပတ်သက်၍ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM ဒါရိုက်တာ နိုင်ကဆော့မွန်၏ လူမှုကွန်ယက် စာမျက်နှာတွင်လည်း အချက် (၇) ချက်ပါ သဘောထားမှတ်ချက်တစ်ခုကို ရေးသားထားသည်။

Toyo Thai Company ၏ ၁၂၈၀ မီဂါဝပ် ကျောက်မီသွေးသုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံတည်ဆောက်ခြင်းကြောင့် ဒေသခံ ပြည်သူများ၏ အခြေအနေမှာ ရုတ်ခြည်းပြောင်းလဲမှု ဖြစ်နိုင်ကြောင်း၊ စီမံကိန်းလက်ခံသူနှင့် လက်မခံသူများအကြား သဘောထား ကွဲလွဲမှုများ ဖြစ်ပေါ်စေကြောင်း၊ ထွက်ရှိလာမည့် စွမ်းအင်များကို နိုင်ငံခြားသို့ ရောင်းချရန်အတွက် ရည်ရွယ်ထား ကြောင်း၊ ခေတ်အဆက်ဆက် အစိုးရများသည် နိုင်ငံအတွင်းရှိ သယံဇာတများကို ပြည်သူ့ အကျိုးအတွက် အသုံးမပြုဘဲ နိုင်ငံခြားသို့ ရောင်းချခြင်း၊ ယခုစီမံကိန်းသည် စွမ်းအင်ဝန်ကြီးဌာန၏ မှားယွင်းသည့် “စွမ်းအင်ဆိုင်ရာ မူဝါဒ” များပင်ဖြစ် ကြောင်း ဖော်ပြထားသည်။

နိဒါန်း မှတ်တမ်း DVD ရုပ်ရှင် သတင်းစာရှင်းလင်းပွဲနှင့် ဗီဒီယိုပြပွဲကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် မွန်ပြည်နယ် မော်လမြိုင်

နိဒါန်း DVD မှတ်တမ်းရုပ်ရှင်အဖုံး(Copy)
နိဒါန်း DVD မှတ်တမ်းရုပ်ရှင်အဖုံး(Copy)
မြို့ရှိ ကောင်းမြတ်ဟိုတယ်တွင် ကျင်းပခဲ့ပြီး CSO, CBO, သံဃာတော်များ၊ အံဒင်ဒေqခံများ၊ ရေးမြို့မှ အဖွဲ့အစည်းများ၊ စက်ရုံကွန့်ကွက်ဆန္ဒပြသူများနှင့် ထောက်ခံသူများ စုစုပေါင်း လူဦးရေ ရ၀ ခန့် တက်ရောက်ခဲ့ကြည့်ရှုခဲ့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ Related

Leave a Reply

%d bloggers like this: