spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းဧက ၂၀ဝ၀ ကျော်အား စက်မှုလယ်ယာအဆင့်မြှင့်မည်ဟု လယ်/ဆည်ဝန်ကြီးပြော

    ဧက ၂၀ဝ၀ ကျော်အား စက်မှုလယ်ယာအဆင့်မြှင့်မည်ဟု လယ်/ဆည်ဝန်ကြီးပြော

    -

    မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံရှိ စပါးစိုက်ဧက ၂၃၀ဝ ခန့်ကို လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ အဆင့်မြှင့် ကူးပြောင်းပေးမည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်မှ မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ပြုလုပ်သည့် ဇန်နဝါရီ ၁၉ ရက်နေ့ တွေ့ဆုံပွဲတွင် ပြောကြားလိုက်သည်။

    အိန္ဒိယနိုင်ငံ၏ ချေးငွေ သန်း ၂၀ဝ ဖြင့် မွန်ပြည်နယ်အပါအဝင် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးရှိ စိုက်ပျိုးဧက ၂၃၀ဝ ကို စက်မှုလယ်ယာသို့ ကူးပြောင်းပေးမည်ဟု ဦးမြင့်လှိုင်က ပြောသည်။

    “ကျနော်တို့ လယ်ယာကဏ္ဍကိုလုပ်မှ ကျနော်တို့ တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေ တိုးတက်မယ်၊ ကျနော်တို့အားနဲ့ ကျနော်တို့လုပ်ရတယ်” ဟု ၄င်းက ဆိုပါသည်။

    မွန်ပြည်နယ်တွင် မိုးစပါးစိုက်ဧက ၇ သိန်းကျော်ရှိသည့်အနက် ဧက ၆ သိန်း ၁ သောင်းကျော်သာ စပါးစိုက်ပျိုးနိုင်ကြောင်း၊ နွေစပါးစိုက်ဧက ၈ သောင်းနီးပါးရှိကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောသည်။

    “မွန်ပြည်နယ်မှာလည်း တော်တော်ကြိုးစားပြီးတော့ လုပ်နေတယ်၊ ဒါပေမဲ့ တအားနောက်ကျ ကျန်နေတယ်၊နေပြည်တော် ကောင်စီနယ်မြေမှာ တော်တော်လေးကို ပြင်းပြင်းထန်ထန်လုပ်နေပြီး” ဟု ဦးမြင့်လှိုင်က ပြောသည်။

    ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့တွင် မျိုးစပါးထုတ်လုပ်သည့် ဇုန်များ ပေါ်ပေါက်လာနေပြီးဖြစ်ကြောင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်းတို့တွင် နေပြည်တော်ကောင်စီနယ်မြေကဲ့သို့သော အဆင့်မြင့် ဇုန်များပြုလုပ်ပြီး စပါးစိုက်ပျိုးနေကြောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးမှ နည်းပညာများ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ် ပေါင်မြို့နယ် ဖြူဘကျေးရွာရှိ လယ်မြေဧက ၁ သောင်းကျော်မှ ဧက ၃၀ဝ ခန့်ကို နေပြည်တော် ကောင်စီနယ်မြေ ကဲ့သို့သော ရေသွင်းရေထုတ်မြောင်း၊ ကုန်ထုတ်လမ်းများ ပါဝင်သည့် အဆင်မြင့် လယ်ယာစိုက်ပျိုးရေးဇုံကို နိုင်ငံတော် ဘတ်ဂျက်ဖြင့် မွန်ပြည်နယ်အစိုးရမှ ယခုနှစ် နွေရာသီတွင် စတင်အကောင်အထည်ဖော်ပေးနေကြောင်း ဖြူဘလယ်သမားများက ပြောသည်။

    ကိုရီးယားနိုင်ငံမှလည်း စက်မှုလယ်ယာအတွက် ဈေးနှုန်းသက်သာသည့် နှုန်းထားဖြင့် စက်ပစ္စည်းများ ကူညီရန် ကမ်းလှမ်း ထားမှုရှိကြောင်း ဦးမြင့်လှိုင်က ပြောသည်။

    သို့သော် ပြည်နယ်တွင်း လုပ်သားမရှိသည့်အတွက် အခြားဒေသမှ လုပ်သားများဖြင့် လက်ရှိတွင် အစားထိုးလုပ်ကိုင် နေရ ကြောင်း၊ လယ်ထွန်စက်ဖြင့် လုပ်ကိုင်ဖြေရှင်းလိုသော်လည်း အဆို ပါစက်ကြီးများကို လယ်သမားများမှ ပိုင်ဆိုင်မှု အားနည်း နေကြောင်း ချောင်းဆုံမြို့နယ်မှ လယ်သမားတစ်ဦးက တင်ပြဆွေးနွေးခဲ့သည်။

    မွန်ပြည်နယ်တွင် လုပ်သားများသည် လုပ်အားခမြင့်သည့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက် လုပ်ကိုင်ကြသည့်အတွက် အဆိုပါပြဿနာမှ ကင်းဝေးစေရန် လယ်ထွန်စက် ၇၅ စီးအား တင်ဒါခေါ်ယူပေးသွာမည်ဖြစ်ပြီး မကြာမီ အဆိုပါစက်များ ရောက်ရှိလာမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က ပြောပါသည်။

    “လယ်ထွန်စက်နဲ့ အစားထိုးဖြေရှင်းမှ ဖြစ်မယ်၊ လယ်ယာကုန်ထုတ်လမ်းတွေလည်း လိုအပ်တယ် ဘာလို့လဲဆိုတော့ အခုက ကသင်းရိုးအပြင် လမ်းမရှိဘူး” ဟု အဆိုပါလယ်သမားက ပြောသည်။

    အဆိုပါဆွေးနွေးပွဲတွင် လယ်သမားများမှ စပါးတင်းတောင် သတ်သတ်မှတ်မှတ်မရှိခြင်း၊ စပါးဈေးနှုန်း ခိုင်မာမှုမရှိသည့်

    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်(IMNA)
    မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်(IMNA)
    အတွက် လယ်သမားများနစ်နာမှုရှိနေခြင်း၊ အထွက်နှုန်း ကောင်းသည့် မျိုးစပါးရရှိရေးတို့ကို လယ်/ဆည်ဝန်ကြီး ဦးမြင့်လှိုင်၊ မွေးမြူရေး ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်တို့အား တင်ပြခဲ့သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts